Quran Apps in many lanuages:

Surah Yusuf Ayahs #73 Translated in Burmese

وَلَمَّا دَخَلُوا عَلَىٰ يُوسُفَ آوَىٰ إِلَيْهِ أَخَاهُ ۖ قَالَ إِنِّي أَنَا أَخُوكَ فَلَا تَبْتَئِسْ بِمَا كَانُوا يَعْمَلُونَ
တစ်ဖန် ၎င်းတို့သည် ယူဆွဖ်၏ထံ ဝင်ရောက်ခဲ့ကြသောအခါ ထိုယူဆွဖ်သည် မိမိညီတော်အား မိမိထံတွင်နေရာထိုင်ခင်းပေးခဲ့လေသည်။ (ထို့နောက်) ယင်းယူဆွဖ်ကဧကန်စင်စစ် ငါသည် အသင်၏နောင်တော်(ယူဆွဖ်)ပင်ဖြစ်ပေသည်။ သို့ဖြစ်ပေရာ အသင်သည် ၎င်းတို့ပြုလုပ်ခဲ့ကြသော ကိစ္စရပ်များ နှင့်စပ်လျဉ်း၍ စိတ်ဒုက္ခမဖြစ်ပါလေနှင့်ဟုပြောဆို (နှစ်သိမ့်စေ)ခဲ့လေသတည်း။
فَلَمَّا جَهَّزَهُمْ بِجَهَازِهِمْ جَعَلَ السِّقَايَةَ فِي رَحْلِ أَخِيهِ ثُمَّ أَذَّنَ مُؤَذِّنٌ أَيَّتُهَا الْعِيرُ إِنَّكُمْ لَسَارِقُونَ
ထို့နောက် ထိုယူဆွဖ်သည် ၎င်းတို့အဖို့ စီမံ အပ်သည်တို့ကို အဆင်သင့်ဖြစ်အောင်စီမံ၍ ပေးခဲ့ပြီးသောအခါရေဖလားကို မိမိညီတော်၏ခရီးဆောင် ပစ္စည်းထဲတွင် ထည့်လိုက်လေသည်။ ထို့နောက် ကြေညာသူတစ်ဦးက အို-ခရီးသည်စု၊ ဧကန်မလွဲ အသင်တို့သည် ခိုးသားများပင် ဖြစ်ကြကုန်သည် ဟု ကြေညာ(မောင်းခတ်)ခဲ့လေသည်။
قَالُوا وَأَقْبَلُوا عَلَيْهِمْ مَاذَا تَفْقِدُونَ
(ထိုအခါ) ယင်းနောင်တော်များသည် ထိုကြေညာသူနှင့်အပေါင်းတို့ဘက်သို့ မျက်နှာလှည့်ကာ အသင်တို့သည်မည်သည့်အရာ ပျောက်ဆုံးနေပါသနည်းဟု (ပြန်လည်) ပြောဆိုမေးမြန်းခဲ့ကြလေသည်။
قَالُوا نَفْقِدُ صُوَاعَ الْمَلِكِ وَلِمَنْ جَاءَ بِهِ حِمْلُ بَعِيرٍ وَأَنَا بِهِ زَعِيمٌ
ထိုကြေညာသူတို့က (ဤသို့) ပြောဆိုခဲ့ကြလေ၏။ကျွန်ုပ်တို့ ဘုရင်မင်းမြတ်၏ ပမာဏခြင်ခွက်(ဖလား)ကိုပျောက်ဆုံးနေပါသည်ဟု ပြောဆိုခဲ့ကြလေသည်။ မည်သူမဆို ထိုခြင်ခွက် ပမာဏကို(ရှာဖွေ)ယူဆောင်ခဲ့ပါလျှင်၊ ၎င်း၏အဖို့ ကုလားအုတ် တစ်စီးစာ(စားနပ်ရိက္ခာ)သည်ရှိအံ့။ ထို့ပြင် ဤသည်နှင့်စပ်လျဉ်း၍ ကျွန်ုပ်သည် အာမခံသူဖြစ်သည်။
قَالُوا تَاللَّهِ لَقَدْ عَلِمْتُمْ مَا جِئْنَا لِنُفْسِدَ فِي الْأَرْضِ وَمَا كُنَّا سَارِقِينَ
(ထိုအခါ) ၎င်းတို့က(ဤသို့)ပြောဆိုဖြေ ကြားခဲ့ကြလေသည်။ အလ္လာဟ်အရှင်မြတ်အား တိုင်တည်၍ပြောအံ့။ကျွန်ုပ်တို့သည် တိုင်းပြည်တွင် ဆူပူသောင်းကျန်ရန်အတွက်လာခဲ့ကြသည်မဟုတ်ကြောင်း။ ထို့ပြင် ကျွန်ုပ်တို့သည် ခိုးသားများလည်း မဟုတ်ကြောင်း။ အသင်တု့ိသည် ကောင်းစွာ သိရှိခဲ့ကြပြီးဖြစ်ကုန်၏။

Choose other languages: