Quran Apps in many lanuages:

Surah Yusuf Ayahs #75 Translated in Burmese

قَالُوا وَأَقْبَلُوا عَلَيْهِمْ مَاذَا تَفْقِدُونَ
(ထိုအခါ) ယင်းနောင်တော်များသည် ထိုကြေညာသူနှင့်အပေါင်းတို့ဘက်သို့ မျက်နှာလှည့်ကာ အသင်တို့သည်မည်သည့်အရာ ပျောက်ဆုံးနေပါသနည်းဟု (ပြန်လည်) ပြောဆိုမေးမြန်းခဲ့ကြလေသည်။
قَالُوا نَفْقِدُ صُوَاعَ الْمَلِكِ وَلِمَنْ جَاءَ بِهِ حِمْلُ بَعِيرٍ وَأَنَا بِهِ زَعِيمٌ
ထိုကြေညာသူတို့က (ဤသို့) ပြောဆိုခဲ့ကြလေ၏။ကျွန်ုပ်တို့ ဘုရင်မင်းမြတ်၏ ပမာဏခြင်ခွက်(ဖလား)ကိုပျောက်ဆုံးနေပါသည်ဟု ပြောဆိုခဲ့ကြလေသည်။ မည်သူမဆို ထိုခြင်ခွက် ပမာဏကို(ရှာဖွေ)ယူဆောင်ခဲ့ပါလျှင်၊ ၎င်း၏အဖို့ ကုလားအုတ် တစ်စီးစာ(စားနပ်ရိက္ခာ)သည်ရှိအံ့။ ထို့ပြင် ဤသည်နှင့်စပ်လျဉ်း၍ ကျွန်ုပ်သည် အာမခံသူဖြစ်သည်။
قَالُوا تَاللَّهِ لَقَدْ عَلِمْتُمْ مَا جِئْنَا لِنُفْسِدَ فِي الْأَرْضِ وَمَا كُنَّا سَارِقِينَ
(ထိုအခါ) ၎င်းတို့က(ဤသို့)ပြောဆိုဖြေ ကြားခဲ့ကြလေသည်။ အလ္လာဟ်အရှင်မြတ်အား တိုင်တည်၍ပြောအံ့။ကျွန်ုပ်တို့သည် တိုင်းပြည်တွင် ဆူပူသောင်းကျန်ရန်အတွက်လာခဲ့ကြသည်မဟုတ်ကြောင်း။ ထို့ပြင် ကျွန်ုပ်တို့သည် ခိုးသားများလည်း မဟုတ်ကြောင်း။ အသင်တု့ိသည် ကောင်းစွာ သိရှိခဲ့ကြပြီးဖြစ်ကုန်၏။
قَالُوا فَمَا جَزَاؤُهُ إِنْ كُنْتُمْ كَاذِبِينَ
ယင်းကြေညာသူတို့က သို့ဖြစ်လျှင် အကယ်၍အသင်တို့သည် မုသာဝါဒီများဖြစ်ခဲ့ကြသော် ထို(ခိုးသား)၏ပြစ်ဒဏ်သည် မည်သို့ဖြစ်ပါမည်နည်း ဟု ပြောဆို(မေးမြန်း)ခဲ့ကြလေ၏။
قَالُوا جَزَاؤُهُ مَنْ وُجِدَ فِي رَحْلِهِ فَهُوَ جَزَاؤُهُ ۚ كَذَٰلِكَ نَجْزِي الظَّالِمِينَ
၎င်းတို့က (ဤသို့) ပြောကြားခဲ့ကြလေသည်။အကြင်သူသည် ထိုသူ၏ ခရီးဆောင်ပစ္စည်းတွင် ယင်းခြင်ခွက်(ရေဖလား)သည် တွေ့ရှိခဲ့သော်၊ ထိုသူသည်ပင် မိမိ၏အစားဖြစ်ပေမည်။ ကျွန်ုပ်တို့သည် ဤနည်းအတိုင်းပင် ပြစ်မှုကျူးလွန်သူတို့အား အစားပေးလေ့ရှိကြကုန်၏။

Choose other languages: