Quran Apps in many lanuages:

Surah Yusuf Ayahs #38 Translated in Burmese

فَاسْتَجَابَ لَهُ رَبُّهُ فَصَرَفَ عَنْهُ كَيْدَهُنَّ ۚ إِنَّهُ هُوَ السَّمِيعُ الْعَلِيمُ
ထို့နောက် ယင်းယူဆွဖ်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် ၎င်း၏လျှောက်ထား ပန်ကြားချက်ကို သဘောတူလက်ခံတော်မူခဲ့လေသည်။ သို့ဖြစ်ပေရာထိုအရှင်မြတ်သည် ယင်းမိန်းမတို့၏ ပရိယာယ်မာယာကို ထိုယူဆွဖ်ထံမှ ကွေကွင်းစေတော်မူခဲ့လေသည်။ ဧကန်မလွဲ ထိုအရှင်မြတ်သည် အကြွင်းမဲ့ကြားတော်မူသောအရှင်၊အကြွင်းမဲ့သိတော် မူသောအရှင် ဖြစ်တော်မူပေသတည်း။
ثُمَّ بَدَا لَهُمْ مِنْ بَعْدِ مَا رَأَوُا الْآيَاتِ لَيَسْجُنُنَّهُ حَتَّىٰ حِينٍ
ထို့နောက်တစ်ဖန်၎င်းတို့သည်(အပြစ်တစ်စုံတစ်ရာမရှိကြောင်း)သက်သေခံအထောက်အထားများကိုတွေ့မြင်ကြပြီးနောက် ၎င်းတို့၌ထိုယူဆွဖ်အားကာလအနည်းငယ်မျှအကျဉ်းချထားရန် သင့်တော်၏သည်ဟု အတွေးပေါ်လာခဲ့လေသည်။
وَدَخَلَ مَعَهُ السِّجْنَ فَتَيَانِ ۖ قَالَ أَحَدُهُمَا إِنِّي أَرَانِي أَعْصِرُ خَمْرًا ۖ وَقَالَ الْآخَرُ إِنِّي أَرَانِي أَحْمِلُ فَوْقَ رَأْسِي خُبْزًا تَأْكُلُ الطَّيْرُ مِنْهُ ۖ نَبِّئْنَا بِتَأْوِيلِهِ ۖ إِنَّا نَرَاكَ مِنَ الْمُحْسِنِينَ
၎င်းပြင် ထိုယူဆွဖ်နှင့်အတူ လုလင်နှစ်ဦးသည်လည်း အကျဉ်းထောင်ထဲသို့ ဝင်ရောက်ခဲ့ကြလေသည်။ ထိုလုလင်နှစ်ဦးအနက်မှ တစ်ဦးက(ယူဆွဖ်အား)ဧကန်စင်စစ် ကျွန်ုပ်သည် (အိပ်မက်တွင်)မိမိကိုယ်ကို မိမိ စပျစ်ရည်ညှစ်နေသည်ဟုတွေ့မြင်ကြောင်း ပြောပြ ခဲ့လေသည်။ အခြားတစ်ဦးကမူဧကန်အမှန် ကျွန်ုပ်သည် မိမိကိုယ်ကို(အိပ်မက်တွင် တွေ့မြင်ခဲ့သည်မှာ) ကျွန်ုပ်သည် မိမိဦးခေါင်းထက်ဝယ် မုန့်(ဗျပ်)ကိုရွက်လျက်ရှိပေရာ ငှက်များသည် ထို့မုန့်များမှ(မိမိတို့၏နှုတ်သီးများဖြင့်ထိုး၍) စားနေကြသည်ကို တွေ့မြင်ကြောင်း၊ အသင်သည်(ထိုအိပ်မက်)၏ဒိဗ်ဓုမ်ကို ကျွန်ုပ်တို့အားကြားသိစေပါလေ၊ ဧကန်မလွဲ ကျွန်ုပ်တို့သည် အသင့်အား သူတော်စင်တစ်ဦးဖြစ်ကြောင်း တွေ့မြင်ကြပါသည်ဟု ပြာဆိုခဲ့ကြလေသတည်း။
قَالَ لَا يَأْتِيكُمَا طَعَامٌ تُرْزَقَانِهِ إِلَّا نَبَّأْتُكُمَا بِتَأْوِيلِهِ قَبْلَ أَنْ يَأْتِيَكُمَا ۚ ذَٰلِكُمَا مِمَّا عَلَّمَنِي رَبِّي ۚ إِنِّي تَرَكْتُ مِلَّةَ قَوْمٍ لَا يُؤْمِنُونَ بِاللَّهِ وَهُمْ بِالْآخِرَةِ هُمْ كَافِرُونَ
(ထိုအခါ)ယူဆွဖ်က (ဤသို့)ပြောကြားခဲ့လေသည်။ အသင်တို့နှစ်ဦး ကျွေးမွေးခြင်းခံကြရသော အစာအာဟာရသည် အသင်တို့နှစ်ဦးထံ ရောက်မလာမီပင် ကျွန်ုပ်သည်အသင်တို့အား ယင်းအိပ်မက်ကို ကြားသိစေလေ့ရှိပါမည်။ ဤကား ကျွန်ုပ်အား ကျွန်ုပ်၏အရှင်မြတ်က သင်ကြားတော်မူခဲ့သော ပညာများအနက်မှ ဖြစ်ပေသည်။ အမှန်စင်စစ် ကျွန်ုပ်သည် (ယခင်မူလကပင်) အကြင်သူတို့၏သာသနာကို စွန့်ထားခဲ့ပြီးဖြစ်ပေမည်။ ၎င်းတို့သည် အလ္လာဟ်အသျှင်မြတ်အားလည်းသက်ဝင်ယုံကြည်ကြသည် မဟုတ်ပေ။ ထို့ပြင် ၎င်းတို့သည်နောင်တမလွန်ဘဝကိုလည်း မယုံကြည်သွေဖည် ငြင်းပယ်သူများပင် ဖြစ်ကြကုန်သတည်း။
وَاتَّبَعْتُ مِلَّةَ آبَائِي إِبْرَاهِيمَ وَإِسْحَاقَ وَيَعْقُوبَ ۚ مَا كَانَ لَنَا أَنْ نُشْرِكَ بِاللَّهِ مِنْ شَيْءٍ ۚ ذَٰلِكَ مِنْ فَضْلِ اللَّهِ عَلَيْنَا وَعَلَى النَّاسِ وَلَٰكِنَّ أَكْثَرَ النَّاسِ لَا يَشْكُرُونَ
၎င်းပြင် ကျွန်ုပ်သည် မိမိဘေးတော်၊ ဘိုးတော်နှင့်ခမည်းတော်များ ဖြစ်ကြကုန်သော (နဗီတမန်တော်) အစ်ဗ်ရာဟီမ်၊ (နဗီတမန်တော်) အစ္စဟာက်၊ နဗီတမန်တော် ယအ်ကူဗ်တို့၏ သာသနာကိုပင် လိုက်နာခဲ့ပေသည်။ ကျွန်ုပ်တို့အဖို့မည်သည့် တစ်စုံတစ်ရာကိုမျှ အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်နှိုင်းယှဉ် (ကိုးကွယ်)ရန် (လုံးဝ)မထိုက်ပေ။ ဤ(သည့်အယူဝါဒ)သည်ကား ကျွန်ုပ်တို့အပေါ်၌လည်းကောင်း၊ လူခပ်သိမ်းတို့အပေါ် ၌လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်၏(ကြီးမားလှစွာသော) ကျေးဇူးတော် တစ်ရပ်ပင် ဖြစ်ချေသည်။ သို့ရာတွင်လူသားအနက် အများစုမှာမူ(ဤမျှကြီးမားလှသော) ကျေးဇူးတော်ကိုပင် မသိတတ်ကြပေတကား။

Choose other languages: