Quran Apps in many lanuages:

Surah Yunus Ayahs #97 Translated in Burmese

وَلَقَدْ بَوَّأْنَا بَنِي إِسْرَائِيلَ مُبَوَّأَ صِدْقٍ وَرَزَقْنَاهُمْ مِنَ الطَّيِّبَاتِ فَمَا اخْتَلَفُوا حَتَّىٰ جَاءَهُمُ الْعِلْمُ ۚ إِنَّ رَبَّكَ يَقْضِي بَيْنَهُمْ يَوْمَ الْقِيَامَةِ فِيمَا كَانُوا فِيهِ يَخْتَلِفُونَ
ထိုမှတစ်ပါး မုချဧကန် ငါအရှင်မြတ်သည်ပင်အစ္စရာအီလီမျိုးနွယ်ဝင်တို့အား အလွန်ကောင်းမွန်သင့်မြတ်သောနေရာတွင် နေရာချထားပေးတော်မူခဲ့လေသည်။ ထို့ပြင်ငါအရှင်မြတ်သည်ပင် ၎င်း တို့အား ကောင်းမွန်သန့်စင်သောစားနပ်ရိက္ခာများကို ချီးမြှင့်ပေးသနားတော်မူခဲ့လေသည်။ တစ်ဖန် ၎င်း တို့သည် မိမိတို့ထံ အသိပညာရောက်ရှိလာပြီးမှ သာလျှင် ကွဲလွဲခဲ့ကြပေသည်။ ဧကန်မလွဲ အသင်၏ အရှင်မြတ်သည် ၎င်း တို့၏စပ်ကြားတွင် ကိယာမတ် ရှင်ပြန်ထမည့်နေ့တွင် ၎င်း တို့ကွဲလွဲလျက် ရှိကြကုန်သောအရေး ကိစ္စများနှင့်စပ်လျဉ်း၍ စီရင်ဆုံးဖြတ်တော်မူပေမည်။
فَإِنْ كُنْتَ فِي شَكٍّ مِمَّا أَنْزَلْنَا إِلَيْكَ فَاسْأَلِ الَّذِينَ يَقْرَءُونَ الْكِتَابَ مِنْ قَبْلِكَ ۚ لَقَدْ جَاءَكَ الْحَقُّ مِنْ رَبِّكَ فَلَا تَكُونَنَّ مِنَ الْمُمْتَرِينَ
တဖန် အကယ်၍ အသင်တို့သည် မိမိထံ ငါအရှင်မြတ် ချပေးသနားတော်မူသော အကြောင်းအချက်များနှင့်စပ်လျဉ်း၍ ဒွိဟသံသယဖြစ်ခဲ့ပါမူ အသင်သည် မိမိအလျင်ကျမ်းဂန်များကို ဖတ်လျက်ရှိသောသူတို့အား စုံစမ်းမေးမြန်းပါလေ။ စင်စစ်ဧကန် အသင့်ထံ အသင်၏အရှင်မြတ်အထံတော်မှ အမှန်တရားသည် ရောက်ရှိလာခဲ့လေပြီ။ သို့ဖြစ် ပေရာအသင်သည် ဒွိဟသံသယရှိသူတို့အနက်မှ အလျင်းမဖြစ်ပါလေနှင့်။
وَلَا تَكُونَنَّ مِنَ الَّذِينَ كَذَّبُوا بِآيَاتِ اللَّهِ فَتَكُونَ مِنَ الْخَاسِرِينَ
ထိုမှတစ်ပါး အသင်သည် အလ္လာဟ်အရှင်မြတ်၏သက်သေလက္ခဏာများကို မဟုတ်မမှန်ဟူ၍ ငြင်းပယ်သောသူတို့၏အနက်မှလည်း အလျင်း မဖြစ်ပါလေနှင့်။ သို့ဖြစ်ခဲ့ပါလျှင် အသင်သည်လည်း ဆုံးရှုံးသူတို့တွင် အပါအဝင်ဖြစ်သွားပေမည်။
إِنَّ الَّذِينَ حَقَّتْ عَلَيْهِمْ كَلِمَتُ رَبِّكَ لَا يُؤْمِنُونَ
အမှန်စင်စစ် အကြင်သူတို့ကား ၎င်း တို့အပေါ်၌အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအသျှင်မြတ်၏ အမိန့်တော်သည် အတည်ဖြစ်ခဲ့လေပြီ၊ ထိုသူတို့သည်ကား သက်ဝင်ယုံကြည်ကြမည် မဟုတ်ပေ။
وَلَوْ جَاءَتْهُمْ كُلُّ آيَةٍ حَتَّىٰ يَرَوُا الْعَذَابَ الْأَلِيمَ
အကယ်၍ ၎င်း တို့ထံ သက်သေလက္ခဏာ အလုံးစုံရောက်လာခဲ့ငြားသော်လည်း ၎င်း တို့သည် ပြင်းပြနာကျယ်ဖွယ်ဖြစ်သောပြစ်ဒဏ်ကို(မျက်ဝါးထင်ထင်) မတွေ့မမြင်ကြရသည့်ကာလပတ်လုံး(သက်ဝင်ယုံကြည်ကြမည် မဟုတ်ပေတကား။)

Choose other languages: