Quran Apps in many lanuages:

Surah Yunus Ayahs #99 Translated in Burmese

وَلَا تَكُونَنَّ مِنَ الَّذِينَ كَذَّبُوا بِآيَاتِ اللَّهِ فَتَكُونَ مِنَ الْخَاسِرِينَ
ထိုမှတစ်ပါး အသင်သည် အလ္လာဟ်အရှင်မြတ်၏သက်သေလက္ခဏာများကို မဟုတ်မမှန်ဟူ၍ ငြင်းပယ်သောသူတို့၏အနက်မှလည်း အလျင်း မဖြစ်ပါလေနှင့်။ သို့ဖြစ်ခဲ့ပါလျှင် အသင်သည်လည်း ဆုံးရှုံးသူတို့တွင် အပါအဝင်ဖြစ်သွားပေမည်။
إِنَّ الَّذِينَ حَقَّتْ عَلَيْهِمْ كَلِمَتُ رَبِّكَ لَا يُؤْمِنُونَ
အမှန်စင်စစ် အကြင်သူတို့ကား ၎င်း တို့အပေါ်၌အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအသျှင်မြတ်၏ အမိန့်တော်သည် အတည်ဖြစ်ခဲ့လေပြီ၊ ထိုသူတို့သည်ကား သက်ဝင်ယုံကြည်ကြမည် မဟုတ်ပေ။
وَلَوْ جَاءَتْهُمْ كُلُّ آيَةٍ حَتَّىٰ يَرَوُا الْعَذَابَ الْأَلِيمَ
အကယ်၍ ၎င်း တို့ထံ သက်သေလက္ခဏာ အလုံးစုံရောက်လာခဲ့ငြားသော်လည်း ၎င်း တို့သည် ပြင်းပြနာကျယ်ဖွယ်ဖြစ်သောပြစ်ဒဏ်ကို(မျက်ဝါးထင်ထင်) မတွေ့မမြင်ကြရသည့်ကာလပတ်လုံး(သက်ဝင်ယုံကြည်ကြမည် မဟုတ်ပေတကား။)
فَلَوْلَا كَانَتْ قَرْيَةٌ آمَنَتْ فَنَفَعَهَا إِيمَانُهَا إِلَّا قَوْمَ يُونُسَ لَمَّا آمَنُوا كَشَفْنَا عَنْهُمْ عَذَابَ الْخِزْيِ فِي الْحَيَاةِ الدُّنْيَا وَمَتَّعْنَاهُمْ إِلَىٰ حِينٍ
တဖန် အကြင်ကဲ့သို့သော ရွာတစ်ရွာမျှပင်အဘယ့်ကြောင့် မရှိခဲ့ပါသနည်း။ ထိုရွာ(သူရွာသား တို့)သည်အချိန်မီ အီမာန်သက်ဝင်ယုံကြည်ခဲ့ကြသဖြင့် ၎င်း တို့၏ အီမာန်သက်ဝင်ယုံကြည်မှုသည် ၎င်း တို့အား အကျိုးကျေးဇူးဖြစ်ထွန်းစေခဲ့လေသည်။ သို့ဖြင့်(နဗီတမန်တော်ယူနွတ်စ်၏)အမျိုးသားတို့ကာ(အချိန်မီ အီမာန်သက်ဝင်ယုံကြည်ခဲ့ကြသည့်အတွက်)အီမာန်အကျိုးခံစားခဲ့ကြရလေသည်။ ထို(နဗီတမန်တော်ယူနွတ်စ်၏)အမျိုးသားတို့သည် အီမာန်သက်ဝင်ယုံကြည်ခဲ့ကြသောအခါ ငါအရှင် မြတ်သည် ကျိုးယုတ်ရှက်ရဖြစ်စေမည့်ပြစ်ဒဏ်ကို ပစ္စက္ခလောကီဘဝတွင် ၎င်း တို့မှ ကင်းဝေးစေတော်မူခဲ့လေသည်။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် ၎င်း တို့အား(သတ်မှတ်ပြဋ္ဌာန်းအပ်သော) အချိန်ကာလတိုင်အောင် ကောင်းစားတော်မူခဲ့လေသတည်း။
وَلَوْ شَاءَ رَبُّكَ لَآمَنَ مَنْ فِي الْأَرْضِ كُلُّهُمْ جَمِيعًا ۚ أَفَأَنْتَ تُكْرِهُ النَّاسَ حَتَّىٰ يَكُونُوا مُؤْمِنِينَ
စင်စစ်သော်ကား အကယ်၍ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် အလိုရှိတော်မူခဲ့ပါလျှင် ကမ္ဘာမြေဝယ် ရှိရှိသမျှသော သူခပ်သိမ်းတို့သည် တစ်ပြိုင်နက် အီမာန်သက်ဝင်ယုံကြမည်သာ ဖြစ်ကြကုန်၏။ သို့ဖြစ်ပေရာ အသင်သည် လူတို့အား မုအ်မင်န်သက်ဝင်ယုံကြည်သူများဖြစ်လာကြရန် အတင်းအကျပ် ပြုလုပ်နိုင်ပါသလော။

Choose other languages: