Quran Apps in many lanuages:

Surah Yunus Ayahs #92 Translated in Burmese

وَقَالَ مُوسَىٰ رَبَّنَا إِنَّكَ آتَيْتَ فِرْعَوْنَ وَمَلَأَهُ زِينَةً وَأَمْوَالًا فِي الْحَيَاةِ الدُّنْيَا رَبَّنَا لِيُضِلُّوا عَنْ سَبِيلِكَ ۖ رَبَّنَا اطْمِسْ عَلَىٰ أَمْوَالِهِمْ وَاشْدُدْ عَلَىٰ قُلُوبِهِمْ فَلَا يُؤْمِنُوا حَتَّىٰ يَرَوُا الْعَذَابَ الْأَلِيمَ
ထို့ပြင် (နဗီတမန်တော်)မူစာသည် (ဤသို့)လျှောက်ထားပန်ကြားခဲ့လေသည်။ အို-ကျွန်တော်မျိုးတို့၏အရှင် ဧကန်စင်စစ် အုရှင်မြတ်သည် ဖစ်ရ်အောင်န်နှင့် ၎င်း ၏မှူးမတ်တို့ကို ဤပစ္စက္ခလောကီဘဝတွင် (တစ်ခဏမျှခံစားအပ်သော)ခမ်းနားသိုက်မြိုက်မှုကိုလည်းကောင်း၊ ပစ္စည်းဥစ္စာများကိုလည်းကောင်း၊ ပေးသနားတော်မူခဲ့ပါသည်။ အိုကျွန်တော်မျိုးတို့၏အရှင်၊ ထို(ကဲ့သို့ ပေးသနားတော် မူခြင်း)ကြောင့် ၎င်း တို့သည် (သူတစ်ပါးအား) အရှင်မြတ်၏လမ်းတော်မှ ချွတ်ချော်တိမ်းပါး စေကြကုန်၏။ အို-ကျွန်တော်မျိုးတို့၏ အရှင်၊ အရှင်မြတ်သည် ၎င်း တို့၏ပစ္စည်းဥစ္စာများကို ဖျက်ဆီးတော်မူပါ။ ထို့ပြင် အရှင်မြတ်သည် ၎င်း တို့၏စိတ်နှလုံးများကိုလည်း မာကျောစေတော်မူပါ။ သို့ဖြစ်ပေရာ် ၎င်း တို့သည်နာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်ကို မမြင်သမျှ ကာလပတ်လုံးသက်ဝင်ယုံကြည်ခြင်း မရှိနိုင်ကြရန် အရှင်မြတ်သည် ၎င်း တို့၏စိတ်နှလုံးများကို ခက်ထန်မာကျော စေတော်မူပါ။
قَالَ قَدْ أُجِيبَتْ دَعْوَتُكُمَا فَاسْتَقِيمَا وَلَا تَتَّبِعَانِّ سَبِيلَ الَّذِينَ لَا يَعْلَمُونَ
(ထိုအခါ) ထိုအရှင်မြတ်သည် (ဤသို့) မိန့်ကြားတော်မူခဲ့လေသည်။ (အို-နဗီတမန်တော်မူစာနှင့် နဗီတမန်တော်ဟာရွန်) အသင်တို့နှစ်ဦး၏ ဆုတောင်းပန်ကြားချက်သည် သဘောတူခြင်းကို ခံခဲ့ရလေပြီ။ သို့ဖြစ်ပေရာ အသင်တို့နှစ်ဦးသည် တည်ကြည်ကြံ့ခိုင်စွာရှိကြလေကုန်။ ထို့ပြင် အသင်တို့နှစ်ဦးသည် မသိနားမလည်သောသူတို့၏လမ်းကို မလိုက်ကြကုန်လင့်။
وَجَاوَزْنَا بِبَنِي إِسْرَائِيلَ الْبَحْرَ فَأَتْبَعَهُمْ فِرْعَوْنُ وَجُنُودُهُ بَغْيًا وَعَدْوًا ۖ حَتَّىٰ إِذَا أَدْرَكَهُ الْغَرَقُ قَالَ آمَنْتُ أَنَّهُ لَا إِلَٰهَ إِلَّا الَّذِي آمَنَتْ بِهِ بَنُو إِسْرَائِيلَ وَأَنَا مِنَ الْمُسْلِمِينَ
ထို့ပြင် ငါအရှင်မြတ်သည် အစ္စရာအီလီ မျိုးနွယ်ဝင်တို့အား (ပင်လယ်နီ) တစ်ဖက်ကမ်းမှ တစ်ဖက်ကမ်းသို့ရောက်စေတော်မူခဲ့လေသည်။ ထို့ နောက် ယင်အစ္စရာအီလီမျိုးနွယ်ဝင်တို့၏နောက်သို့ ဖစ်ရ်အောင်န် နှင့် ထိုဖစ်ရ်အောင်န်ဗိုလ်ခြေဗိုလ်ပါ တို့သည် မတရားပြုမူရန်လည်းကောင်း၊နိုင်ထက်စီးနင်း ပြုလုပ်ရန်လည်းကောင်း၊ လိုက်ခဲ့ကြကုန်၏။နောက်ဆုံးတွင် ထိုဖစ်ရ်အောင်သည် နစ်မြုပ်အံ့ဆဲဆဲ ဖြစ်ခဲ့သောအခါတွင် ကျွန်တော်မျိုးသည်လည်း အစ္စရာအီလီမျိုးနွယ်ဝင်တို့ သက်ဝင် ယုံကြည် ကြကုန်သော အရှင်မြတ်မှတစ်ပါးခဝပ်ကိုးကွယ်ရာ အရှင်မြတ်ဟူ၍ အလျင်းမရှိကြောင်း သက်ဝင်ယုံကြည်ပါပြီ။ ထို့ပြင် ကျွန်တော်မျိုးသည် မုစ်လင်မ်အမိန့်တော်ကို လိုက်နာသောသူတို့တွင် တစ်ဦးအပါအဝင် ဖြစ်ပါပြီဟု ပြောဆိုခဲ့လေသတည်း။
آلْآنَ وَقَدْ عَصَيْتَ قَبْلُ وَكُنْتَ مِنَ الْمُفْسِدِينَ
(ထိုအခါ အလ္လာဟ်အရှင်မြတ်သည် ဤသို့ မိန့်ကြားတော်မူခဲ့၏။) ယခုမှပင် (အီမာန်သက်ဝင်) ယုံကြည်လေသလော။ အမှန်စင်စစ်သော်ကား အသင်သည် ယခု (မနစ်မြုပ်မီ)အလျင်အထိ မထီမဲ့မြင် ပြုခဲ့ရုံမျှမက အသင်သည် ပျက်စီးရာပျက်စီးကြောင်း ပြုလုပ်သူတို့တွင်လည်း တစ်ဦးအပါအဝင်ဖြစ်ခဲ့ချေ သတည်း။
فَالْيَوْمَ نُنَجِّيكَ بِبَدَنِكَ لِتَكُونَ لِمَنْ خَلْفَكَ آيَةً ۚ وَإِنَّ كَثِيرًا مِنَ النَّاسِ عَنْ آيَاتِنَا لَغَافِلُونَ
သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် အသင့်အားအသင်၏ခန္ဓာကိုယ် ရုပ်ကလာပ်နှင့်တကွ အသင်သည် မိမိနောင်လာနောက်သားတို့အဖို့ အထိမ်းအမှတ်၊ လက္ခဏာ၊သံဝေဂရဖွယ်တစ်ရပ် ဖြစ်အံ့သောငှာ ဆယ်တင်ထားတော်မူမည်။ သို့ရာတွင် များစွာသော သူတို့သည် ငါအရှင်မြတ်၏သက်သေ၊ လက္ခဏာတော်များကို လျစ်လျူရှု မေ့ပျောက်၍သွားသောသူများသာ ဖြစ်ကြပေသတည်း။

Choose other languages: