Quran Apps in many lanuages:

Surah Yunus Ayahs #44 Translated in Burmese

وَمِنْهُمْ مَنْ يُؤْمِنُ بِهِ وَمِنْهُمْ مَنْ لَا يُؤْمِنُ بِهِ ۚ وَرَبُّكَ أَعْلَمُ بِالْمُفْسِدِينَ
ထို့ပြင် ၎င်း တို့တွင် ယင်း(ကုရ်အာန်ကျမ်းတော်မြတ်)ကို ယုံကြည်မည့်သူများလည်းရှိကြမည်။ ထိုနည်းအတူ ၎င်း တို့တွင် ထို(ကုရ်အာန်ကျမ်းတော်မြတ်)ကို မယုံကြည်မည့်သူများလည်း ရှိကြမည်။ စင်စစ်တမူကား အသင့်အားဖန်ဆင်းမွေးမြူတော်မူ သောအရှင်မြတ်သည် ပျက်စီးရာပျက်စီးကြောင်း ပြုလုပ် သော သူတို့အား အသိဆုံးသောအရှင်မြတ်ပင်ဖြစ်တော်မူပေသည်။
وَإِنْ كَذَّبُوكَ فَقُلْ لِي عَمَلِي وَلَكُمْ عَمَلُكُمْ ۖ أَنْتُمْ بَرِيئُونَ مِمَّا أَعْمَلُ وَأَنَا بَرِيءٌ مِمَّا تَعْمَلُونَ
၎င်း ပြင် (အို-နဗီတမန်တော်) အကယ်၍ ထိုသူတို့သည် အသင့်အား မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ် လျက်ရှိကြပါလျှင် အသင်သည် (၎င်း တို့အား ဤသို့) ဖြေကြားပါလေ။ငါ၏ အပြုအမူသည် ငါ၏အဖို့သာဖြစ်၍ အသင်တို့၏ အပြုအမူသည် အသင်တို့အဖို့သာ ဖြစ်ချေသည်။ အသင်တို့သည်ငါပြုသမျှနှင့်(မည်သို့မျှမဆိုင်၊လုံးဝ)လွတ်ကင်းသူများ ဖြစ်ကြကုန်၏။ ငါသည်လည်း အသင်တို့ပြုသမျှ တို့နှင့်(မည်သို့မျှမဆိုင်၊ လုံးဝ)လွတ်ကင်းသည်။
وَمِنْهُمْ مَنْ يَسْتَمِعُونَ إِلَيْكَ ۚ أَفَأَنْتَ تُسْمِعُ الصُّمَّ وَلَوْ كَانُوا لَا يَعْقِلُونَ
ထိုမှတစ်ပါး ၎င်း တို့တွင်(အမြင်အားဖြင့်) အသင့်ဘက်သို့ နားစွင့်နေကြသူများလည်း ရှိကြကုန်၏။ သို့ဖြစ်ပေရာအသင်သည် နားပင်းနေသော သူတို့အား (၎င်း တို့သည်အသိဉာဏ်ကိုအသုံးမပြုဘဲ ရှိနေကြပါလျက်) ကြားအောင်ပြုနိုင်ပါသလော။
وَمِنْهُمْ مَنْ يَنْظُرُ إِلَيْكَ ۚ أَفَأَنْتَ تَهْدِي الْعُمْيَ وَلَوْ كَانُوا لَا يُبْصِرُونَ
ထိုနည်းတူစွာ ၎င်း တို့တွင်(အမြင်အားဖြင့်)အသင့် အားကြည့်နေသူများလည်း ရှိကြပေသည်။ သို့ဖြစ်ပေရာ အသင်သည် မျက်စိကန်းနေသောသူတို့အား (4င်းတို့သည်ဉာဏ် မျက်စိဖြင့်မမြင်ကြပါလျက်)တရားလမ်းမှန်ကိုညွှန်ပြနိုင်ပါ သလော။
إِنَّ اللَّهَ لَا يَظْلِمُ النَّاسَ شَيْئًا وَلَٰكِنَّ النَّاسَ أَنْفُسَهُمْ يَظْلِمُونَ
ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် လူသားတို့အား အနည်းငယ်စိုးစဉ်းမျှပင် နှိပ်စက်ကလူ ပြုတော်မူသည်မဟုတ်ပေ။ စင်စစ်မှာမူကား လူတို့သည် မိမိကိုယ်တိုင် မိမိတို့ကိုယ်ကို နှိပ်စက်ကလူ ပြုကြကုန်သတည်း။

Choose other languages: