Quran Apps in many lanuages:

Surah Yunus Ayahs #47 Translated in Burmese

وَمِنْهُمْ مَنْ يَنْظُرُ إِلَيْكَ ۚ أَفَأَنْتَ تَهْدِي الْعُمْيَ وَلَوْ كَانُوا لَا يُبْصِرُونَ
ထိုနည်းတူစွာ ၎င်း တို့တွင်(အမြင်အားဖြင့်)အသင့် အားကြည့်နေသူများလည်း ရှိကြပေသည်။ သို့ဖြစ်ပေရာ အသင်သည် မျက်စိကန်းနေသောသူတို့အား (4င်းတို့သည်ဉာဏ် မျက်စိဖြင့်မမြင်ကြပါလျက်)တရားလမ်းမှန်ကိုညွှန်ပြနိုင်ပါ သလော။
إِنَّ اللَّهَ لَا يَظْلِمُ النَّاسَ شَيْئًا وَلَٰكِنَّ النَّاسَ أَنْفُسَهُمْ يَظْلِمُونَ
ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် လူသားတို့အား အနည်းငယ်စိုးစဉ်းမျှပင် နှိပ်စက်ကလူ ပြုတော်မူသည်မဟုတ်ပေ။ စင်စစ်မှာမူကား လူတို့သည် မိမိကိုယ်တိုင် မိမိတို့ကိုယ်ကို နှိပ်စက်ကလူ ပြုကြကုန်သတည်း။
وَيَوْمَ يَحْشُرُهُمْ كَأَنْ لَمْ يَلْبَثُوا إِلَّا سَاعَةً مِنَ النَّهَارِ يَتَعَارَفُونَ بَيْنَهُمْ ۚ قَدْ خَسِرَ الَّذِينَ كَذَّبُوا بِلِقَاءِ اللَّهِ وَمَا كَانُوا مُهْتَدِينَ
ထို့ပြင် (အသင်သည် ၎င်း တို့အား) အကြင်နေ့ကို သတိပေးပါလေ။ ထိုနေ့တွင် ထိုအရှင်မြတ်သည် ၎င်း တို့အားစုရုံးတော်မူပေမည်။ ထိုအခါ ၎င်း တို့သည်(မိမိတို့မှာ လောကတွင်) နေ့၏တစ်နာရီခန့်မျှသာ နေခဲ့ကြရသည်(ဟု ထင်မှတ်ကြပေမည်)။ ၎င်း တို့သည် အချင်းချင်း တစ်ဦးကိုတစ်ဦးလည်းမှတ်မိကြပေမည်။ (သို့သော်ငြားလည်း တစ်ဦးသည်တစ်ဦးအဖို့အသုံးကျမည် မဟုတ်ချေ)။ အလ္လာဟ်အရှင်မြတ်နှင့် တွေ့ဆုံခြင်းကို မဟုတ်မမှန်ဟူ၍ ငြင်းပယ်သောသူတို့သည် ဧကန်မလွဲကျိုးယုတ်ဆုံးရှုံးကြခဲ့လေပြီတကား။ စင်စစ်သော်ကား ၎င်း တို့သည် တရားလမ်းမှန်ကို ရရှိအံ့သောသူများ မဟုတ်ခဲ့ကြပေ။
وَإِمَّا نُرِيَنَّكَ بَعْضَ الَّذِي نَعِدُهُمْ أَوْ نَتَوَفَّيَنَّكَ فَإِلَيْنَا مَرْجِعُهُمْ ثُمَّ اللَّهُ شَهِيدٌ عَلَىٰ مَا يَفْعَلُونَ
စင်စစ်သော်ကား အကယ်၍ ငါအရှင်မြတ်သည်၎င်း တို့အား ငါအရှင်မြတ် ကတိထားတော်မူခဲ့သော ပြစ်ဒဏ်အချို့ကို အသင့်အား ပြတော်မူသည် ဖြစ်စေ၊ သို့တည်းမဟုတ်ငါအရှင်မြတ်သည် အသင့်အား(ထိုပြစ်ဒဏ်မကျရောက်မီ)သေဆုံးတော်မူသည်ဖြစ်စေ၊ နောက်ဆုံးတွင် ၎င်း တို့၏ပြန်လည်ရာဌာနသည် ငါအရှင်မြတ်ထံတော်၌ပင်ရှိပေသည်။ ပြီးနောက်အလ္လာဟ်အရှင်မြတ်သည် ၎င်း တို့ပြုလုပ် ကြသည်တို့ ကိုလည်းသိတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
وَلِكُلِّ أُمَّةٍ رَسُولٌ ۖ فَإِذَا جَاءَ رَسُولُهُمْ قُضِيَ بَيْنَهُمْ بِالْقِسْطِ وَهُمْ لَا يُظْلَمُونَ
စင်စစ်သော်ကား လူမျိုးတိုင်းအဖို့ တမန်တော်တစ်ပါးသည် ရှိခဲ့လေသည်။ တစ်ဖန် 4င်းတို့တမန်တော်ရောက်ရှိခဲ့သောအခါ ၎င်း တို့၏ အကြားတွင် တရားမျှ တစွာပင် စီရင်ဆုံးဖြတ်ပြီး ဖြစ်ခဲ့သည်သာတည်း။ ထို့ပြင် ၎င်း တို့သည်မတရားပြုလုပ်ခြင်းကို လုံးဝခံကြရသည် မဟုတ်ပေ။

Choose other languages: