Quran Apps in many lanuages:

Surah Yunus Ayahs #18 Translated in Burmese

ثُمَّ جَعَلْنَاكُمْ خَلَائِفَ فِي الْأَرْضِ مِنْ بَعْدِهِمْ لِنَنْظُرَ كَيْفَ تَعْمَلُونَ
ထို့နောက် ငါအရှင်မြတ်သည် ၎င်း တို့၏နောက်အသင်တို့ မည်သို့ပြုလုပ်ကြသည်ကို ကြည့်ရှုတော်မူရန် အသင်တို့အား ကမ္ဘာမြေပြင်ဝယ် ကိုယ်စားလှယ်များ ပြုလုပ် တော်မူသတည်း။
وَإِذَا تُتْلَىٰ عَلَيْهِمْ آيَاتُنَا بَيِّنَاتٍ ۙ قَالَ الَّذِينَ لَا يَرْجُونَ لِقَاءَنَا ائْتِ بِقُرْآنٍ غَيْرِ هَٰذَا أَوْ بَدِّلْهُ ۚ قُلْ مَا يَكُونُ لِي أَنْ أُبَدِّلَهُ مِنْ تِلْقَاءِ نَفْسِي ۖ إِنْ أَتَّبِعُ إِلَّا مَا يُوحَىٰ إِلَيَّ ۖ إِنِّي أَخَافُ إِنْ عَصَيْتُ رَبِّي عَذَابَ يَوْمٍ عَظِيمٍ
၎င်း ပြင် ထိုသူတို့ရှေ့ဝယ် ငါအရှင်မြတ်၏ ထင်ရှားလှစွာသော အာယတ်တော်များကို ဖတ်ကြား ခဲ့သောအခါ၊ငါအရှင်မြတ်နှင့်တွေ့ဆုံရန် မမျှော်လင့်သောသူတို့က အသင်သည် ဤမှတစ်ပါးအခြား ကုရ်အာန်ကိုယူခဲ့ပါလေ။ သို့တည်းမဟုတ် ဤသည်ကိုပင် ပြောင်းလဲ၍ပေးပါလေ ဟုပြောဆိုကြကုန်၏။ အသင်သည် (၎င်း တို့အား ဤသို့) ပြောကြားပါလေ။(ဟယ်-အချင်းတို့) ငါ၏အဖို့ ဤကုရ်အာန်၌ မိမိ ၏စိတ်အလိုအလျောက် ပြောင်းလဲခွင့်မရှိချေ။ ငါသည် မိမိထံညွှန်ကြားခြင်းခံရသော အမိန့်ကိုသာလိုက်နာ၏။ အကယ်၍ ငါသည်မိမိအရှင်မြတ်၏ အမိန့်တော်ကို ဖီဆန်မိပါလျှင် ကြီးကျယ်သော (ကိယာမတ်)နေ့၏အပြစ်ဒဏ်ကို ငါစိုးရိမ်ရသည်။
قُلْ لَوْ شَاءَ اللَّهُ مَا تَلَوْتُهُ عَلَيْكُمْ وَلَا أَدْرَاكُمْ بِهِ ۖ فَقَدْ لَبِثْتُ فِيكُمْ عُمُرًا مِنْ قَبْلِهِ ۚ أَفَلَا تَعْقِلُونَ
(အို-နဗီတမန်တော်) အသင်သည် (၎င်း တို့အားဤသို့)ပြောကြားပလေ။ (ဟယ်-အချင်းတို့)အကယ်၍အလ္လာဟ်အရှင်မြတ်သည် (ဤအတိုင်း) အလိုရှိတော်မူခဲ့ပါလျှင် ငါသည်လည်း ထို (ကုရ်အာန်) ကို အသင်တို့ရှေ့ဝယ် ဖတ်ကြားနိုင်မည်မဟုတ်။ ထိုအရှင်မြတ်သည်လည်း အသင်တို့အား ယင်း(ကုရ်အာန်)နှင့်စပ်လျင်း၍ အသိပေးတော်မူမည်မဟုတ်။ တစ်ဖန်ဧကန်စင်စစ် ငါသည် ထို(ကုရ်အာန်)မကျရောက်မီ အလျင်ကလည်း အသင်တို့အထဲတွင် တစ်သက်တာမျှ နေခဲ့ပြီး ဖြစ်ပေသည်။ သို့ပါလျက် အသင်တို့သည် နားမလည်ကြလေသလော။
فَمَنْ أَظْلَمُ مِمَّنِ افْتَرَىٰ عَلَى اللَّهِ كَذِبًا أَوْ كَذَّبَ بِآيَاتِهِ ۚ إِنَّهُ لَا يُفْلِحُ الْمُجْرِمُونَ
သို့ဖြစ်ပေရာ အကြင်သူထက် ပိုမို၍ မတရားသောသူသည် မည်သူရှိဦးမည်နည်း။ ထိုသူသည် အလ္လာဟ်အရှင်မြတ်အပေါ်၌ မုသားကို ကြံဖန်လီဆယ်၍ စွပ်စွဲခဲ့လေသည်။ သို့တည်းမဟုတ် ထိုသူသည် ထိုအရှင်မြတ်၏ သက်သေလက္ခဏာတော်များကို မဟုတ်မမှန်ဟူ၍ ငြင်းပယ်ခဲ့လေသည်။ ဧကန် စင်စစ် ပြစ်မှုကျူးလွန်သူတို့သည် အောင်မြင်မှုအလျင်းရရှိကြမည် မဟုတ်ပေတကား။
وَيَعْبُدُونَ مِنْ دُونِ اللَّهِ مَا لَا يَضُرُّهُمْ وَلَا يَنْفَعُهُمْ وَيَقُولُونَ هَٰؤُلَاءِ شُفَعَاؤُنَا عِنْدَ اللَّهِ ۚ قُلْ أَتُنَبِّئُونَ اللَّهَ بِمَا لَا يَعْلَمُ فِي السَّمَاوَاتِ وَلَا فِي الْأَرْضِ ۚ سُبْحَانَهُ وَتَعَالَىٰ عَمَّا يُشْرِكُونَ
စင်စစ်သော်ကား ၎င်း တို့သည် အလ္လာဟ်အရှင်မြတ်အားစွန့်ပယ်၍ အကြင်အရာများကို ကိုးကွယ်ဆည်းကပ်ကြလေသည်။ ထိုအရာများသည် ၎င်း တို့အား အကျိုးယုတ်စေနိုင်ကြသည်လည်း မဟုတ်ပေ။ ထို့ပြင် ထိုအရာများသည်၎င်း တို့အား အကျိုး ဖြစ်ထွန်းစေနိုင်ကြသည်လည်း မဟုတ်ပေ။ထိုမှတပါး ၎င်း တို့က ဤသည်တို့ကား ကျွန်ုပ်တို့အား အလ္လာဟ်အရှင်မြတ်အထံတော်၌ ကြားဝင် အသနားခံပေးမည့်အရာများပင်ဖြစ်ကြသည်ဟု ပြောဆိုကြကုန်၏။ (အို-နဗီတမန်တော်)အသင်သည် (၎င်း တို့အား ဤသို့)ပြောြားပါလေ။ (အချင်းတို့)အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား မိုးကောင်းကင်များ၌လည်းကောင်း၊ ပထဝီမြေ၌လည်းကောင်း၊ထိုအရှင်မြတ်သိတော်မမူသောအရာနှင့်စပ်လျဉ်း၍ သတင်းပေးကြသလော။ ထိုအရှင်မြတ်သည် သန့်ရှင်းစင်ကြယ်တော်မူသည့်အပြင် ထိုအရှင်မြတ်သည် ၎င်း တို့တွဲဖက်နှ�ုင်းယှဉ် ကိုးကွယ်ကြကုန်သောအရာများထက် မြင့်မြတ်လှတော်မူ၏။

Choose other languages: