Quran Apps in many lanuages:

Surah Yunus Ayahs #16 Translated in Burmese

وَإِذَا مَسَّ الْإِنْسَانَ الضُّرُّ دَعَانَا لِجَنْبِهِ أَوْ قَاعِدًا أَوْ قَائِمًا فَلَمَّا كَشَفْنَا عَنْهُ ضُرَّهُ مَرَّ كَأَنْ لَمْ يَدْعُنَا إِلَىٰ ضُرٍّ مَسَّهُ ۚ كَذَٰلِكَ زُيِّنَ لِلْمُسْرِفِينَ مَا كَانُوا يَعْمَلُونَ
သို့ရာတွင် လူသား၌ ဘေးဒုက္ခ(အချို့) ဆိုက်ရောက်လာသောအခါ ၎င်း သည် ငါအရှင်မြတ်အား လဲလျောင်းလျက်ဖြစ်စေ၊ ထိုင်လျက်ဖြစ်စေ မတ်တတ်ရပ်လျက်ဖြစ်စေ ဟစ်ခေါ်လေတော့၏။ တစ်ဖန် ငါအရှင်မြတ်သည် ၎င်း ၏ဘေးဒုက္ခ ကို ကင်းဝေးပပျောက်စေတော်မူခဲ့သည်ရှိသော် ၎င်း သည်ငါအရှင်မြတ်အား မိမိ၌ ဆိုက်ရောက်ခဲ့သော ဘေးဒုက္ခအတွက်(တစ်ကြိမ်တစ်ခါမျှ) ဟစ်ခေါ်ခြင်း မပြုခဲ့ဘိသကဲ့သို့ပင် ဖြစ်သွားပြန်၏။ ဤကဲ့သို့ပင် စည်းမဲ့ကမ်းမဲ့ ပြုလုပ်သော သူတို့အမြင်၌ ၎င်း တို့ ပြုလုပ်လျက် ရှိခဲ့သည်များသည် လှပတင့်တယ်စွာ တွေ့မြင်ရလေသတည်း။
وَلَقَدْ أَهْلَكْنَا الْقُرُونَ مِنْ قَبْلِكُمْ لَمَّا ظَلَمُوا ۙ وَجَاءَتْهُمْ رُسُلُهُمْ بِالْبَيِّنَاتِ وَمَا كَانُوا لِيُؤْمِنُوا ۚ كَذَٰلِكَ نَجْزِي الْقَوْمَ الْمُجْرِمِينَ
ထို့ပြင် ဧကန်မလွဲ ငါအရှင်မြတ်သည် အသင်တို့အလျင်(များစွာသော)အမျိုးနွယ်များကို ��င်း တို့ မတော်မတရားကျူးလွန်ခဲ့ကြသောအခါ ဖျက်ဆီးတော်မူခဲ့လေသည်။ အမှန်စင်စစ်သော်ကား ၎င်း တို့ထံ ၎င်း တို့၏ ရစူလ်တမန်တော်များသည် ထင်ရှားလှစွာသောသက်သေ၊ လက္ခဏာတော်များကိုယူဆောင်လာခဲ့ကြကုန်၏။ စင်စစ်သော်ကား ၎င်း တို့သည်သက်ဝင်ယုံကြည်ကြမည့်သူများ မဟုတ်ကြချေ။ငါအရှင်မြတ်သည် ပြစ်မှုကျူးလွန်သူတို့အား ဤကဲ့သို့ပင်အစားပေးတော်မူလေသည်။
ثُمَّ جَعَلْنَاكُمْ خَلَائِفَ فِي الْأَرْضِ مِنْ بَعْدِهِمْ لِنَنْظُرَ كَيْفَ تَعْمَلُونَ
ထို့နောက် ငါအရှင်မြတ်သည် ၎င်း တို့၏နောက်အသင်တို့ မည်သို့ပြုလုပ်ကြသည်ကို ကြည့်ရှုတော်မူရန် အသင်တို့အား ကမ္ဘာမြေပြင်ဝယ် ကိုယ်စားလှယ်များ ပြုလုပ် တော်မူသတည်း။
وَإِذَا تُتْلَىٰ عَلَيْهِمْ آيَاتُنَا بَيِّنَاتٍ ۙ قَالَ الَّذِينَ لَا يَرْجُونَ لِقَاءَنَا ائْتِ بِقُرْآنٍ غَيْرِ هَٰذَا أَوْ بَدِّلْهُ ۚ قُلْ مَا يَكُونُ لِي أَنْ أُبَدِّلَهُ مِنْ تِلْقَاءِ نَفْسِي ۖ إِنْ أَتَّبِعُ إِلَّا مَا يُوحَىٰ إِلَيَّ ۖ إِنِّي أَخَافُ إِنْ عَصَيْتُ رَبِّي عَذَابَ يَوْمٍ عَظِيمٍ
၎င်း ပြင် ထိုသူတို့ရှေ့ဝယ် ငါအရှင်မြတ်၏ ထင်ရှားလှစွာသော အာယတ်တော်များကို ဖတ်ကြား ခဲ့သောအခါ၊ငါအရှင်မြတ်နှင့်တွေ့ဆုံရန် မမျှော်လင့်သောသူတို့က အသင်သည် ဤမှတစ်ပါးအခြား ကုရ်အာန်ကိုယူခဲ့ပါလေ။ သို့တည်းမဟုတ် ဤသည်ကိုပင် ပြောင်းလဲ၍ပေးပါလေ ဟုပြောဆိုကြကုန်၏။ အသင်သည် (၎င်း တို့အား ဤသို့) ပြောကြားပါလေ။(ဟယ်-အချင်းတို့) ငါ၏အဖို့ ဤကုရ်အာန်၌ မိမိ ၏စိတ်အလိုအလျောက် ပြောင်းလဲခွင့်မရှိချေ။ ငါသည် မိမိထံညွှန်ကြားခြင်းခံရသော အမိန့်ကိုသာလိုက်နာ၏။ အကယ်၍ ငါသည်မိမိအရှင်မြတ်၏ အမိန့်တော်ကို ဖီဆန်မိပါလျှင် ကြီးကျယ်သော (ကိယာမတ်)နေ့၏အပြစ်ဒဏ်ကို ငါစိုးရိမ်ရသည်။
قُلْ لَوْ شَاءَ اللَّهُ مَا تَلَوْتُهُ عَلَيْكُمْ وَلَا أَدْرَاكُمْ بِهِ ۖ فَقَدْ لَبِثْتُ فِيكُمْ عُمُرًا مِنْ قَبْلِهِ ۚ أَفَلَا تَعْقِلُونَ
(အို-နဗီတမန်တော်) အသင်သည် (၎င်း တို့အားဤသို့)ပြောကြားပလေ။ (ဟယ်-အချင်းတို့)အကယ်၍အလ္လာဟ်အရှင်မြတ်သည် (ဤအတိုင်း) အလိုရှိတော်မူခဲ့ပါလျှင် ငါသည်လည်း ထို (ကုရ်အာန်) ကို အသင်တို့ရှေ့ဝယ် ဖတ်ကြားနိုင်မည်မဟုတ်။ ထိုအရှင်မြတ်သည်လည်း အသင်တို့အား ယင်း(ကုရ်အာန်)နှင့်စပ်လျင်း၍ အသိပေးတော်မူမည်မဟုတ်။ တစ်ဖန်ဧကန်စင်စစ် ငါသည် ထို(ကုရ်အာန်)မကျရောက်မီ အလျင်ကလည်း အသင်တို့အထဲတွင် တစ်သက်တာမျှ နေခဲ့ပြီး ဖြစ်ပေသည်။ သို့ပါလျက် အသင်တို့သည် နားမလည်ကြလေသလော။

Choose other languages: