Quran Apps in many lanuages:

Surah Ya-Seen Ayahs #39 Translated in Burmese

لِيَأْكُلُوا مِنْ ثَمَرِهِ وَمَا عَمِلَتْهُ أَيْدِيهِمْ ۖ أَفَلَا يَشْكُرُونَ
၎င်းတို့သည် ယင်းစွန်ပလွံပင် သို့မဟုတ် စပျစ်ပင်၏အသီးများမှ စားသုံးအံ့သောငှာ စင်စစ် ထိုအသီးများကို(ကောက်ပဲသီးနှံများကို) ၎င်းတို့၏လက်များက [(တစ်နည်း)၎င်းတို့ ကိုယ်တိုင်က] ပြုလုပ်ခဲ့သည် မဟုတ်ပေ။ သို့ပါလျက် ၎င်းတို့သည် ကျေးဇူးမတင် ကြလေသလော။
سُبْحَانَ الَّذِي خَلَقَ الْأَزْوَاجَ كُلَّهَا مِمَّا تُنْبِتُ الْأَرْضُ وَمِنْ أَنْفُسِهِمْ وَمِمَّا لَا يَعْلَمُونَ
မြေ၌ပေါက်ရောက်သော အရာများတွင်လည်းကောင်း၊ ထိုသူတို့ကိုယ်များတွင်လည်းကောင်း၊ ထိုသူတို့ မသိကြသောအရာများတွင်လည်းကောင်း၊ ဖို၊ မများ၊ စုံတွဲများ အမျိုးမျိုးအစားစား ဖန်ဆင်းထားတော်မူသော အရှင်မြတ်သည် ချို့တဲ့မှုအပေါင်းတို့မှ စင်ကြယ် သန့်ရှင်းတော်မူပါ၏တကား။
وَآيَةٌ لَهُمُ اللَّيْلُ نَسْلَخُ مِنْهُ النَّهَارَ فَإِذَا هُمْ مُظْلِمُونَ
၎င်းပြင် ထိုသူတို့အဖို့ သက်သေလက္ခဏာ တစ်ရပ်မှာ ညဉ့်ပင်ဖြစ်၏။ ငါအရှင်မြတ်သည် ထိုညဉ့်မှ နေ့ကိုချွတ်ခွာ၍ ယူတော်မူ၏။ ထိုအခါ ၎င်းတို့သည် အမှောင်ထဲ၌ ရှိနေကြရကုန်၏။
وَالشَّمْسُ تَجْرِي لِمُسْتَقَرٍّ لَهَا ۚ ذَٰلِكَ تَقْدِيرُ الْعَزِيزِ الْعَلِيمِ
၎င်းပြင် နေသည်(လည်း သက်သေလက္ခဏာတစ်ရပ်)ပင်။ ထိုနေသည် မိမိ(သွားလာရာ)လမ်းအတိုင်း သွား(လာ)လျက် ရှိနေလေ၏။ ဤသည်ကား အလွန်တရာ နိုင်နင်းလွှမ်းမိုးတော်မူသော အကြွင်းမဲ့သိရှိတော်မူသော အရှင်မြတ်၏ တိုင်းတာ သတ်မှတ်ချက်ပင် ဖြစ်၏။
وَالْقَمَرَ قَدَّرْنَاهُ مَنَازِلَ حَتَّىٰ عَادَ كَالْعُرْجُونِ الْقَدِيمِ
ထိုနည်းတူစွာ လသည်(လည်း သက်သေလက္ခဏာတစ်ရပ်)ပင်။ ငါအရှင်မြတ်သည် ထိုလ၏အဖို့ ခရီးစခန်းများကို သတ်မှတ်တော်မူခဲ့ရာ နောက်ဆုံးတွင်မူ ထိုလမှာ ခြောက်သွေ့လျက်ရှိသော စွန်ပလွံကိုင်းကဲ့သို့ ပြန်၍ဖြစ်လာလေ၏။

Choose other languages: