Quran Apps in many lanuages:

Surah Ta-Ha Ayahs #75 Translated in Burmese

قَالَ آمَنْتُمْ لَهُ قَبْلَ أَنْ آذَنَ لَكُمْ ۖ إِنَّهُ لَكَبِيرُكُمُ الَّذِي عَلَّمَكُمُ السِّحْرَ ۖ فَلَأُقَطِّعَنَّ أَيْدِيَكُمْ وَأَرْجُلَكُمْ مِنْ خِلَافٍ وَلَأُصَلِّبَنَّكُمْ فِي جُذُوعِ النَّخْلِ وَلَتَعْلَمُنَّ أَيُّنَا أَشَدُّ عَذَابًا وَأَبْقَىٰ
(ထိုအခါ)ဖိရ်အောင်(န်)က (ဤသို့)ပြောဆို(ကြိမ်းမောင်း)ခဲ့လေ၏။ အသင်တို့သည် ကျွန်ုပ် ခွင့်မပြုမီပင်ထိုမူစာအား ယုံကြည်ခဲ့ကြလေပြီ။ ဧကန်စင်စစ် ယင်းမူစာကားအသင်တို့အား ပဉ္စလက်အတတ်ပညာကို သင်ကြားပေးခဲ့သော(အာစရိယ)အကြီးအကဲပင်ဖြစ်၏။ သို့ဖြစ်ပေရာ ဧကန်အမှန်ကျွန်ုပ်သည် အသင်တို့၏ လက်များကိုလည်းကောင်း၊ ခြေများကိုလည်းကောင်း၊ (လက်ယာလက်ဝဲ)ဘက်လွှဲ၍ ဖြတ်တောက်မည်ဖြစ်သည်။ ၎င်းပြင် မလွှဲဧကန် ကျွန်ုပ်သည် အသင်တို့အားစွန်ပလွံပင်များ၌ လက်ဝါး ကပ်တိုင်တင်မည်။ စွန်ပလွံပင်များ၌ကားတိုင်တင်မည်ဖြစ်သည်။ ထိုမှတစ်ပါး အသင်တို့သည်ကျွန်ုပ်တို့အနက် မည်သူ၏ပြစ်ဒဏ်သည်ပို၍ ပြင်းထန်သည်ကိုလည်းကောင်း၊ ပို၍ကြာရှည် တည်မြဲသည်ကို လည်းကောင်း၊အမှန်ပင် သိရှိကြပေမည်။
قَالُوا لَنْ نُؤْثِرَكَ عَلَىٰ مَا جَاءَنَا مِنَ الْبَيِّنَاتِ وَالَّذِي فَطَرَنَا ۖ فَاقْضِ مَا أَنْتَ قَاضٍ ۖ إِنَّمَا تَقْضِي هَٰذِهِ الْحَيَاةَ الدُّنْيَا
ထိုပဉ္စလက်ဆရာတို့က (ဤသို့)ပြောကြားခဲ့လေ၏။ [အို-ဖိရ်အောင်(န်)] ကျွန်ုပ်တို့သည် အသင့်အား မိမိတို့ထံရောက်ရှိလာသော သက်သေသာဓက များထက်လည်းကောင်း၊ ကျွန်ုပ်တို့အား ဖန်ဆင်းတော် မူသောအရှင်မြတ်ထက်လည်းကောင်း၊ အလျှင်းနှစ်သက်ကြမည်မဟုတ်။ သို့ဖြစ်ပေရာအသင်သည် မိမိစီရင်ပြဋ္ဌာန်းလိုသည်ကို စီရင်ပြဋ္ဌာန်းပါလေ။(စင်စစ်မှာမူကား) အသင်၏မျက်မှောက်လောကီဘဝ၌သာစီရင်ပြဌာန်းနိုင်မည် ဖြစ်ပေသည်။
إِنَّا آمَنَّا بِرَبِّنَا لِيَغْفِرَ لَنَا خَطَايَانَا وَمَا أَكْرَهْتَنَا عَلَيْهِ مِنَ السِّحْرِ ۗ وَاللَّهُ خَيْرٌ وَأَبْقَىٰ
ဧကန်မလွဲ ကျွန်ုပ်တို့သည် မိမိကို ဖန်ဆင်းတော်မူသောအရှင်မြတ်အား ထိုအရှင်မြတ်သည် ကျွန်ုပ်တို့၏ပြစ်မှုများကိုလည်းကောင်း၊ ကျွန်ုပ်တို့အား ပဉ္စလက် အတတ်နှင့်စပ်လျဉ်း၍ အတင်းအကျပ် အသင်ပြုလုပ်စေခဲ့သည် ကိုလည်းကောင်း၊ ခွင့်လွှတ်ချမ်းသာပေးတော်မူပါရန် သက်ဝင်ယုံကြည်ခဲ့ကြချေပြီ။ စင်စစ်မှာမူကား အလ္လာဟ်အရှင်မြတ်သည်သာလျှင်အမွန်မြတ်ဆုံး၊ နိစ္စထာဝရဖြစ်တော်မူပေသည်ဟု ဖြေကြားခဲ့ကြလေသတည်း။
إِنَّهُ مَنْ يَأْتِ رَبَّهُ مُجْرِمًا فَإِنَّ لَهُ جَهَنَّمَ لَا يَمُوتُ فِيهَا وَلَا يَحْيَىٰ
ဧကန်စင်စစ် မည်သူမဆို မိမိအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်အထံတော်သို့ အပြစ်ရှိသူအဖြစ်ရောက်ရှိပါလျှင် ဧကန်မလွဲ ထိုသူ၏အဖို့ ဂျဟန္နမ်ငရဲဘုံသည်သာလျှင်ရှိပေမည်။ ထိုသူသည် ယင်းငရဲဘုံ၌ အသက်သေဆုံးမည်လည်းမဟုတ်ပေ။ အသက်ရှင်မည်လည်း မဟုတ်ချေ။
وَمَنْ يَأْتِهِ مُؤْمِنًا قَدْ عَمِلَ الصَّالِحَاتِ فَأُولَٰئِكَ لَهُمُ الدَّرَجَاتُ الْعُلَىٰ
သို့ရာတွင် အကြင်သူသည် ထိုအရှင်မြတ် အထံတော်သို့ ဧကန်အမှန် ကောင်းမြတ်သောအကျင့် သီလများကိုကျင့်မူဆောက်တည်ခဲ့သော မုအ်မင်န် သက်ဝင်ယုံကြည်သူအဖြစ်ရောက်ရှိလာသည်ရှိသော် ထိုကဲ့သို့သောသူတို့အဖို့ မြင့်မြတ်လှစွာသော အဆင့်အတန်းများသည်(ရှိပေမည်)။

Choose other languages: