Quran Apps in many lanuages:

Surah Ta-Ha Ayahs #70 Translated in Burmese

قَالَ بَلْ أَلْقُوا ۖ فَإِذَا حِبَالُهُمْ وَعِصِيُّهُمْ يُخَيَّلُ إِلَيْهِ مِنْ سِحْرِهِمْ أَنَّهَا تَسْعَىٰ
မူစာကထိုသို့မဟုတ်၊ အသင်တို့ပင်(ဦးစွာ)ပစ်ချကြလော့ဟု ပြောကြားခဲ့လေသည်။ ထိုအခါ ၎င်းတို့၏ပဉ္စလက်အတတ်ကြောင့် ထိုသူတို့ ၏ကြိုးများသည်လည်းကောင်း၊ထိုသူတို့၏ တုတ်ရှည်များသည်လည်းကောင်း၊ ထိုမူစာ၏အမြင်၌ လှုပ်ရှားပြေးလွှားနေကြသည်ဟု ထင်ရလေသည်။
فَأَوْجَسَ فِي نَفْسِهِ خِيفَةً مُوسَىٰ
သို့ဖြစ်ပေရာ မူစာသည် မိမိစိတ်ထဲတွင် အနည်းငယ်မျှ စိုးရိမ်မိခဲ့လေသည်။
قُلْنَا لَا تَخَفْ إِنَّكَ أَنْتَ الْأَعْلَىٰ
(ထိုအခါ) ငါအရှင်မြတ်က(မူစာအားဤသို့) မိန့်ကြားတော်မူခဲ့၏။ (အို-မူစာ) အသင်သည် မကြောက်လေနှင့်၊ဧကန်မလွဲ အသင်သည်သာလျှင် အောင်နိုင်သူ ဖြစ်ပေမည်။
وَأَلْقِ مَا فِي يَمِينِكَ تَلْقَفْ مَا صَنَعُوا ۖ إِنَّمَا صَنَعُوا كَيْدُ سَاحِرٍ ۖ وَلَا يُفْلِحُ السَّاحِرُ حَيْثُ أَتَىٰ
၎င်းအပြင် အသင်သည် မိမိလက်ယာလက်ထဲ၌ရှိသော(တောင်ဝှေး)ကို ပစ်ချပါလေ။ ယင်း(တောင်ဝှေး)သည်ထိုပဉ္စလက်ဆရာတို့ ကြံစည်ပြုလုပ်ထား သည်တို့ကိုဝါးမျိုလိမ့်မည်။ စင်စစ် ၎င်းတို့ကြံစည် ပြုလုပ်ခဲ့သမျှတို့သည် ပဉ္စလက်ဆရာ(တို့)၏ပရိယာယ် မျှသာဖြစ်ချေသည်။ အမှန်စင်စစ်ပဉ္စလက်ဆရာဟူ သည်မည်သည့်နေရာသို့ သွားခဲ့စေကာမူအောင်မြင် သည်ဟူ၍ကား မရှိချေ။
فَأُلْقِيَ السَّحَرَةُ سُجَّدًا قَالُوا آمَنَّا بِرَبِّ هَارُونَ وَمُوسَىٰ
ထို့နောက်သော်ကား ပဉ္စလက်ဆရာတို့သည်စစ်ဂျဒဟ်၌ ကျသွားကာ ပျပ်ဝပ်ဦးချကာ ကျွန်ုပ်တို့သည် (နဗီတမန်တော်)ဟာရူန်နှင့် (နဗီတမန်တော်)မူစာတို့၏အရှင်မြတ်အား သက်ဝင်ယုံကြည်ခဲ့ပေပြီဟု ပြောဆိုခဲ့ကြလေသည်။

Choose other languages: