Quran Apps in many lanuages:

Surah Ta-Ha Ayahs #69 Translated in Burmese

قَالُوا يَا مُوسَىٰ إِمَّا أَنْ تُلْقِيَ وَإِمَّا أَنْ نَكُونَ أَوَّلَ مَنْ أَلْقَىٰ
(ထို့နောက်) ယင်းပဉ္စလက်ဆရာတို့က အို-မူစာ၊အသင်သည် (မိမိတောင်ဝှေးကို ဦးစွာ)ပစ်ချလော့။ သို့တည်းမဟုတ် ကျွန်ုပ်တို့သည်ပင် ဦးစွာပထမ(မိမိတို့၏ကြိုးများ၊ တုတ်ရှည်များကို)ပစ်ချကြမည်လောဟု ပြောဆိုခဲ့ကြလေသည်။
قَالَ بَلْ أَلْقُوا ۖ فَإِذَا حِبَالُهُمْ وَعِصِيُّهُمْ يُخَيَّلُ إِلَيْهِ مِنْ سِحْرِهِمْ أَنَّهَا تَسْعَىٰ
မူစာကထိုသို့မဟုတ်၊ အသင်တို့ပင်(ဦးစွာ)ပစ်ချကြလော့ဟု ပြောကြားခဲ့လေသည်။ ထိုအခါ ၎င်းတို့၏ပဉ္စလက်အတတ်ကြောင့် ထိုသူတို့ ၏ကြိုးများသည်လည်းကောင်း၊ထိုသူတို့၏ တုတ်ရှည်များသည်လည်းကောင်း၊ ထိုမူစာ၏အမြင်၌ လှုပ်ရှားပြေးလွှားနေကြသည်ဟု ထင်ရလေသည်။
فَأَوْجَسَ فِي نَفْسِهِ خِيفَةً مُوسَىٰ
သို့ဖြစ်ပေရာ မူစာသည် မိမိစိတ်ထဲတွင် အနည်းငယ်မျှ စိုးရိမ်မိခဲ့လေသည်။
قُلْنَا لَا تَخَفْ إِنَّكَ أَنْتَ الْأَعْلَىٰ
(ထိုအခါ) ငါအရှင်မြတ်က(မူစာအားဤသို့) မိန့်ကြားတော်မူခဲ့၏။ (အို-မူစာ) အသင်သည် မကြောက်လေနှင့်၊ဧကန်မလွဲ အသင်သည်သာလျှင် အောင်နိုင်သူ ဖြစ်ပေမည်။
وَأَلْقِ مَا فِي يَمِينِكَ تَلْقَفْ مَا صَنَعُوا ۖ إِنَّمَا صَنَعُوا كَيْدُ سَاحِرٍ ۖ وَلَا يُفْلِحُ السَّاحِرُ حَيْثُ أَتَىٰ
၎င်းအပြင် အသင်သည် မိမိလက်ယာလက်ထဲ၌ရှိသော(တောင်ဝှေး)ကို ပစ်ချပါလေ။ ယင်း(တောင်ဝှေး)သည်ထိုပဉ္စလက်ဆရာတို့ ကြံစည်ပြုလုပ်ထား သည်တို့ကိုဝါးမျိုလိမ့်မည်။ စင်စစ် ၎င်းတို့ကြံစည် ပြုလုပ်ခဲ့သမျှတို့သည် ပဉ္စလက်ဆရာ(တို့)၏ပရိယာယ် မျှသာဖြစ်ချေသည်။ အမှန်စင်စစ်ပဉ္စလက်ဆရာဟူ သည်မည်သည့်နေရာသို့ သွားခဲ့စေကာမူအောင်မြင် သည်ဟူ၍ကား မရှိချေ။

Choose other languages: