Quran Apps in many lanuages:

Surah Ta-Ha Ayahs #67 Translated in Burmese

قَالُوا إِنْ هَٰذَانِ لَسَاحِرَانِ يُرِيدَانِ أَنْ يُخْرِجَاكُمْ مِنْ أَرْضِكُمْ بِسِحْرِهِمَا وَيَذْهَبَا بِطَرِيقَتِكُمُ الْمُثْلَىٰ
(နောက်ဆုံးတွင်) ၎င်းတို့သည် (ဤသို့) ပြောဆို(ဆုံးဖြတ်)ခဲ့ကြကုန်၏။ ဧကန်စင်စစ် ဤ (မူစာနှင့်ဟာရူန်နှစ်ဦးတို့မှာ ပဉ္စလက်ဆရာနှစ်ဦးသာ ဖြစ်ကြကုန်၏။ ၎င်းတို့နှစ်ဦးသည် မိမိတို့၏ ပဉ္စလက်အတတ်ဖြင့် အသင်တို့အားအသင်တို့၏တိုင်းပြည်မှ နှင်ထုတ်ကြရန်လည်းကောင်း၊ အသင်တို့၏ ကောင်းမွန် မြင့်မြတ်လှစွာသော(ဘာသာအယူဝါဒ) ယဉ်ကျေးမှုကို ဖျက်ဆီးပစ်ကြရန်လည်းကောင်း၊ ကြံရွယ်ကြကုန်၏။
فَأَجْمِعُوا كَيْدَكُمْ ثُمَّ ائْتُوا صَفًّا ۚ وَقَدْ أَفْلَحَ الْيَوْمَ مَنِ اسْتَعْلَىٰ
သို့ဖြစ်ပေရာ အသင်တို့သည် မိမိတို့၏ ကြံစည်ချက်များကိုစုဆောင်းပြီးလျှင် စီတန်း၍လာကြလေကုန်။ အကြောင်းမူကား ယနေ့အနိုင်ရသော သူသည်သာလျှင် စင်စစ် အောင်မြင်သောသူဖြစ်အမှန်ဖြစ်အံ့သတည်းဟု ဆိုကြလေ၏။
قَالُوا يَا مُوسَىٰ إِمَّا أَنْ تُلْقِيَ وَإِمَّا أَنْ نَكُونَ أَوَّلَ مَنْ أَلْقَىٰ
(ထို့နောက်) ယင်းပဉ္စလက်ဆရာတို့က အို-မူစာ၊အသင်သည် (မိမိတောင်ဝှေးကို ဦးစွာ)ပစ်ချလော့။ သို့တည်းမဟုတ် ကျွန်ုပ်တို့သည်ပင် ဦးစွာပထမ(မိမိတို့၏ကြိုးများ၊ တုတ်ရှည်များကို)ပစ်ချကြမည်လောဟု ပြောဆိုခဲ့ကြလေသည်။
قَالَ بَلْ أَلْقُوا ۖ فَإِذَا حِبَالُهُمْ وَعِصِيُّهُمْ يُخَيَّلُ إِلَيْهِ مِنْ سِحْرِهِمْ أَنَّهَا تَسْعَىٰ
မူစာကထိုသို့မဟုတ်၊ အသင်တို့ပင်(ဦးစွာ)ပစ်ချကြလော့ဟု ပြောကြားခဲ့လေသည်။ ထိုအခါ ၎င်းတို့၏ပဉ္စလက်အတတ်ကြောင့် ထိုသူတို့ ၏ကြိုးများသည်လည်းကောင်း၊ထိုသူတို့၏ တုတ်ရှည်များသည်လည်းကောင်း၊ ထိုမူစာ၏အမြင်၌ လှုပ်ရှားပြေးလွှားနေကြသည်ဟု ထင်ရလေသည်။
فَأَوْجَسَ فِي نَفْسِهِ خِيفَةً مُوسَىٰ
သို့ဖြစ်ပေရာ မူစာသည် မိမိစိတ်ထဲတွင် အနည်းငယ်မျှ စိုးရိမ်မိခဲ့လေသည်။

Choose other languages: