Quran Apps in many lanuages:

Surah Ta-Ha Ayahs #60 Translated in Burmese

وَلَقَدْ أَرَيْنَاهُ آيَاتِنَا كُلَّهَا فَكَذَّبَ وَأَبَىٰ
၎င်းပြင် ဧကန်စင်စစ် ငါအရှင်မြတ်သည် ယင်းဖိရ်အောင်(န်)ကို (မူစာအားချီးမြှင့်တော်မူသော) မိမိ သက်သေလက္ခဏာတော် အလုံးစုံကို ပြသတော်မူခဲ့ပေသည်။ သို့ပါလျက်၎င်းသည် (ယင်းသက်သေလက္ခဏာများကို) မဟုတ်မမှန် ဟူ၍ဆိုခဲ့သည့်အပြင် (တစ်ဆူတည်းသောအလ္လာဟ်အရှင်မြတ်အားယုံကြည်ရန်လည်း) ငြင်းပယ်ခဲ့လေသည်။
قَالَ أَجِئْتَنَا لِتُخْرِجَنَا مِنْ أَرْضِنَا بِسِحْرِكَ يَا مُوسَىٰ
(၎င်းပြင်) ယင်းဖိရ်အောင်(န်)သည် (ဤသို့)ပြောဆိုခဲ့လေသည်။ အို-မူစာ အသင်သည် မိမိ စုန်း အတတ်ဖြင့် ကျွန်ုပ်တို့အား ကျွန်ုပ်တို့၏တိုင်းပြည် (အီဂျစ်)မှ နှင်ထုတ်ရန် လာခဲ့သလော။
فَلَنَأْتِيَنَّكَ بِسِحْرٍ مِثْلِهِ فَاجْعَلْ بَيْنَنَا وَبَيْنَكَ مَوْعِدًا لَا نُخْلِفُهُ نَحْنُ وَلَا أَنْتَ مَكَانًا سُوًى
သို့ဖြစ်လျှင် ကျွန်ုပ်တို့သည်လည်း အသင်နှင့်ယှဉ်ပြိုင်ရန် ယင်းကဲ့သို့သောစုန်းအတတ်ကိုပင် ယူဆောင်လာခဲ့ကြမည်။ သို့ဖြစ်ပေရာ အသင်သည် ညီညာသော ကွင်းပြင်တစ်ခု၌ (ပြိုင်ဆိုင်နိုင်ရန်) ကျွန်ုပ်တို့နှင့်မိမိအကြားဝယ် အချိန်တစ်ချိန်ကို ချိန်းဆိုသတ်မှတ်လော့။ ထိုချိန်းဆိုသော အချိန်ကိုကျွန်ုပ်တို့လည်း ပျက်ကွက်စေကြမည်မဟုတ်။ အသင်သည်လည်း မပျက်ကွက်လေနှင့်။
قَالَ مَوْعِدُكُمْ يَوْمُ الزِّينَةِ وَأَنْ يُحْشَرَ النَّاسُ ضُحًى
(ထိုအခါ) ယင်းမူစာက[အို-ဖိရ်အောင်(န်)]အသင်တို့၏ ချိန်းဆိုသော(နေ့)သည် ပွဲနေ့ပင်ဖြစ်သည်။ ၎င်းပြင် လူတို့သည်(လည်း) နေတက်ချိန်၌ စုရုံးပြီး ဖြစ်ကြရမည်ဟုပြောကြားခဲ့လေသတည်း။
فَتَوَلَّىٰ فِرْعَوْنُ فَجَمَعَ كَيْدَهُ ثُمَّ أَتَىٰ
ထိုအခါ ဖိရ်အောင်(န်)သည် ပြန်သွားခဲ့ပေသည်။ တစ်ဖန် ၎င်းသည် မိမိလျှို့ဝှက်ကြံစည်ချက်များကို စုဆောင်းပြီးနောက်(ချိန်းချက်ထားသောနေရာသို့)လာခဲ့လေသည်။

Choose other languages: