Quran Apps in many lanuages:

Surah Ta-Ha Ayahs #113 Translated in Burmese

يَوْمَئِذٍ لَا تَنْفَعُ الشَّفَاعَةُ إِلَّا مَنْ أَذِنَ لَهُ الرَّحْمَٰنُ وَرَضِيَ لَهُ قَوْلًا
ထိုနေ့တွင် ကြားဝင်အသနားခံခြင်းသည်အကြင်သူမှတစ်ပါး(မည်သူတစ်ဦးတစ်ယောက်အဖို့မျှပင်)အကျိုးပေးလိမ့်မည်မဟုတ်ပေ။ ထိုသူနှင့် ပတ်သက်၍ ရဟ်မာန်အနန္တကရုဏာတော်ရှင်သည် ခွင့်ပြုတော်မူခဲ့လေသည်။ ၎င်းပြင် ထိုအရှင်မြတ်သည် ၎င်း၏စကား တစ်စုံတစ်ရာကို နှစ်သက်တော်မူခဲ့ လေသည်။
يَعْلَمُ مَا بَيْنَ أَيْدِيهِمْ وَمَا خَلْفَهُمْ وَلَا يُحِيطُونَ بِهِ عِلْمًا
ထိုအရှင်မြတ်သည် ၎င်းတို့၏ရှေ့နောက် အဖြစ်အပျက်(အကြောင်းကိစ္စ)အလုံးစုံတို့ကို (အကြွင်းမဲ့)သိရှိတော်မူ၏။ သို့ရာတွင် ၎င်းတို့မူကား ထိုအရှင်မြတ် (သိတော်မူသောယင်းအကြောင်းကိစ္စများ)ကို (မိမိတို့၏) အသိပညာဖြင့် ဝန်းခြုံ(၍သိ)နိုင်ကြသည် မဟုတ်ပေ။
وَعَنَتِ الْوُجُوهُ لِلْحَيِّ الْقَيُّومِ ۖ وَقَدْ خَابَ مَنْ حَمَلَ ظُلْمًا
ထို့ပြင်(ထိုနေ့တွင် လူခပ်သိမ်းတို့၏)မျက်နှာများမှာထာဝရရှင်နေတော်မူသော၊ အစဉ်အမြဲ တည်ရှိနေတော်မူသောအရှင်မြတ်၏ ရှေ့တော်မှောက်ဝယ် အောက်ကြို့လျက်ရှိကြပေမည်။ ၎င်းပြင် ဧကန်မလွဲ မတရားမှုကို (ကျူးလွန်)ထမ်းဆောင်ခဲ့သောသူမှာ မူကား (ထိုနေ့၌)လုံးဝဆုံးရှုံးမည်သာတည်း။
وَمَنْ يَعْمَلْ مِنَ الصَّالِحَاتِ وَهُوَ مُؤْمِنٌ فَلَا يَخَافُ ظُلْمًا وَلَا هَضْمًا
သို့ရာတွင် အကြင်သူသည်ကောင်းမြတ်သောအကျင့်သီလများကို ကျင့်မူဆောက်တည်ရုံမျှမက ထိုသူသည်မုအ်မင်န် သက်ဝင်ယုံကြည်သူလည်းဖြစ်ခဲ့မူ၊ ထိုသူကား မတရားမှုကိုလည်းကောင်း၊ လျော့နည်းစေခြင်းကိုလည်းကောင်း၊စိုးရိမ်ရမည် မဟုတ်ချေတကား။
وَكَذَٰلِكَ أَنْزَلْنَاهُ قُرْآنًا عَرَبِيًّا وَصَرَّفْنَا فِيهِ مِنَ الْوَعِيدِ لَعَلَّهُمْ يَتَّقُونَ أَوْ يُحْدِثُ لَهُمْ ذِكْرًا
စင်စစ် ဤနည်းအတိုင်းပင် ငါအရှင်မြတ်သည်ယင်း(ကျမ်းဂန်)ကို စကားပြေပြစ် ကောင်းမွန်လှသော ကုရ်အာန်ကျမ်းတော်မြတ်အဖြစ် ချပေးသနားတော် မူခဲ့လေသည်။၎င်းပြင် ငါအရှင်မြတ်သည် ယင်း ကုရ်အာန်ကျမ်းတော်မြတ်တွင် ခြိမ်းခြောက်မှုများကို အနည်းနည်းအဖုံဖုံ မိန့်ကြားတော်မူခဲ့လေသည်။ သို့မှသာလျှင် ၎င်းတို့သည် ကြောက်ရွံ့ကြပေမည်။ သို့တည်းမဟုတ် ယင်းကုရ်အာန်ကျမ်းတော်မြတ်သည် ၎င်းတို့၌ (အသိတရား) သတိတရားကို ဖြစ်ပေါ်စေမည်ဖြစ်ပေသည်။

Choose other languages: