Quran Apps in many lanuages:

Surah Ta-Ha Ayahs #115 Translated in Burmese

وَعَنَتِ الْوُجُوهُ لِلْحَيِّ الْقَيُّومِ ۖ وَقَدْ خَابَ مَنْ حَمَلَ ظُلْمًا
ထို့ပြင်(ထိုနေ့တွင် လူခပ်သိမ်းတို့၏)မျက်နှာများမှာထာဝရရှင်နေတော်မူသော၊ အစဉ်အမြဲ တည်ရှိနေတော်မူသောအရှင်မြတ်၏ ရှေ့တော်မှောက်ဝယ် အောက်ကြို့လျက်ရှိကြပေမည်။ ၎င်းပြင် ဧကန်မလွဲ မတရားမှုကို (ကျူးလွန်)ထမ်းဆောင်ခဲ့သောသူမှာ မူကား (ထိုနေ့၌)လုံးဝဆုံးရှုံးမည်သာတည်း။
وَمَنْ يَعْمَلْ مِنَ الصَّالِحَاتِ وَهُوَ مُؤْمِنٌ فَلَا يَخَافُ ظُلْمًا وَلَا هَضْمًا
သို့ရာတွင် အကြင်သူသည်ကောင်းမြတ်သောအကျင့်သီလများကို ကျင့်မူဆောက်တည်ရုံမျှမက ထိုသူသည်မုအ်မင်န် သက်ဝင်ယုံကြည်သူလည်းဖြစ်ခဲ့မူ၊ ထိုသူကား မတရားမှုကိုလည်းကောင်း၊ လျော့နည်းစေခြင်းကိုလည်းကောင်း၊စိုးရိမ်ရမည် မဟုတ်ချေတကား။
وَكَذَٰلِكَ أَنْزَلْنَاهُ قُرْآنًا عَرَبِيًّا وَصَرَّفْنَا فِيهِ مِنَ الْوَعِيدِ لَعَلَّهُمْ يَتَّقُونَ أَوْ يُحْدِثُ لَهُمْ ذِكْرًا
စင်စစ် ဤနည်းအတိုင်းပင် ငါအရှင်မြတ်သည်ယင်း(ကျမ်းဂန်)ကို စကားပြေပြစ် ကောင်းမွန်လှသော ကုရ်အာန်ကျမ်းတော်မြတ်အဖြစ် ချပေးသနားတော် မူခဲ့လေသည်။၎င်းပြင် ငါအရှင်မြတ်သည် ယင်း ကုရ်အာန်ကျမ်းတော်မြတ်တွင် ခြိမ်းခြောက်မှုများကို အနည်းနည်းအဖုံဖုံ မိန့်ကြားတော်မူခဲ့လေသည်။ သို့မှသာလျှင် ၎င်းတို့သည် ကြောက်ရွံ့ကြပေမည်။ သို့တည်းမဟုတ် ယင်းကုရ်အာန်ကျမ်းတော်မြတ်သည် ၎င်းတို့၌ (အသိတရား) သတိတရားကို ဖြစ်ပေါ်စေမည်ဖြစ်ပေသည်။
فَتَعَالَى اللَّهُ الْمَلِكُ الْحَقُّ ۗ وَلَا تَعْجَلْ بِالْقُرْآنِ مِنْ قَبْلِ أَنْ يُقْضَىٰ إِلَيْكَ وَحْيُهُ ۖ وَقُلْ رَبِّ زِدْنِي عِلْمًا
သို့ဖြစ်ပေရာ စိုးမိုးအုပ်ချုပ်တော်မူသော(ဘုရင်)အစစ်အမှန်ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်သည် မြင့်မြတ်လှတော်မူ၏။ ထို့ပြင် အသင်သည် မိမိထံသို့ ထိုအရှင်မြတ်၏ ဝဟီ အမိန့်တော်ပြီးဆုံးသည်အထိ မကျရောက်မီ ကုရ်အာန်ကျမ်းတော်မြတ်(ကိုရွတ်ဖတ်သရဇ္ဈာယ်ရာ)၌ အလျင်စလိုမပြုလေနှင့်။ ၎င်းပြင် အသင်သည် အို-ကျွန်တော်မျိုးအားဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ အရှင်မြတ်သည် ကျွန်တော်မျိုး၌ အသိပညာကို တိုးပွားစေတော်မူပါ ဟု လျှောက်ထား (အသနားခံ)ပါလေ။
وَلَقَدْ عَهِدْنَا إِلَىٰ آدَمَ مِنْ قَبْلُ فَنَسِيَ وَلَمْ نَجِدْ لَهُ عَزْمًا
၎င်းပြင် ဧကန်မလွဲ ငါအရှင်မြတ်သည် အာဒမ်၏ထံသို့ အမိန့်တော်ထုတ်ပြန် ချမှတ်တော်မူခဲ့လေသည်။ သို့ရာတွင် ထိုအာဒမ်သည်(ယင်းအမိန့်တော်ကို) မေ့လျော့ခဲ့လေသည်။ စင်စစ် ငါအရှင်မြတ်သည် ယင်းအာဒမ်၌ တည်ကြည်ကြံ့ခိုင်မှုကို တွေ့တော်မမူခဲ့ချေ။

Choose other languages: