Quran Apps in many lanuages:

Surah Sad Ayahs #12 Translated in Burmese

أَأُنْزِلَ عَلَيْهِ الذِّكْرُ مِنْ بَيْنِنَا ۚ بَلْ هُمْ فِي شَكٍّ مِنْ ذِكْرِي ۖ بَلْ لَمَّا يَذُوقُوا عَذَابِ
ကျွန်ုပ်တို့အားလုံးတို့အနက်မှ ၎င်း၏အပေါ်၌သာလျှင် ဆုံးမဩဝါဒသည် ချပေးခြင်းခံရလေသလော။ စင်စစ်မှာကား ၎င်းတို့သည် ငါအရှင်မြတ်၏ ဆုံးမဩဝါဒ(တစ်နည်း) ငါအရှင်မြတ်၏"ဝဟ်ယ်" အမိန့်တော်ထုတ်ပြန်ခြင်းနှင့်စပ်လျဉ်း၍ ဒွိဟသံသယ၌ပင် ရှိနေကြကုန်၏။ စင်စစ်မှာကား ၎င်းတို့သည် ငါအရှင်မြတ်၏ပြစ်ဒဏ်ကို မြည်းစမ်းခြင်း မပြုခဲ့ကြရသေးပေ။
أَمْ عِنْدَهُمْ خَزَائِنُ رَحْمَةِ رَبِّكَ الْعَزِيزِ الْوَهَّابِ
၎င်းတို့ထံ၌ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော၊ အလွန်တရာ နိုင်နင်းလွှမ်းမိုးတော်မူသော၊ အလွန်တရာ ရက်ရောစွာပေးကမ်းတော်မူသော အရှင်မြတ်၏ကရုဏာတော်၏ ဘဏ္ဍာတော်များသည် ရှိလေသလော။
أَمْ لَهُمْ مُلْكُ السَّمَاوَاتِ وَالْأَرْضِ وَمَا بَيْنَهُمَا ۖ فَلْيَرْتَقُوا فِي الْأَسْبَابِ
သို့တည်းမဟုတ် ထိုသူတို့၌ မိုးကောင်းကင်များကိုလည်းကောင်း၊ ကမ္ဘာမြေကိုလည်းကောင်း၊ ယင်းမိုးကောင်းကင်များနှင့် ကမ္ဘာမြေ နှစ်ခုလုံး၏အကြား၌ ရှိသမျှတို့ကိုလည်းကောင်း၊ စိုးမိုးအုပ်ချုပ်မှုအာဏာသည် ရှိလေသလော။ သို့ရှိခဲ့လျှင် ၎င်းတို့သည် ကြိုးများ၊ လှေကားများ တပ်ဆင်လျက်(မိုးကောင်းကင်သို့) တက်ကြရာကုန်၏။
جُنْدٌ مَا هُنَالِكَ مَهْزُومٌ مِنَ الْأَحْزَابِ
(၎င်းတို့သည်)ထိုနေရာတွင်(မက္ကာမြို့တော်တွင်)အုပ်စုများအနက်မှ အုပ်စုကလေးတစ်ခုပင် ဖြစ်သည်။ မကြာမီ ရှုံးနိမ့်ရတော့မည်။
كَذَّبَتْ قَبْلَهُمْ قَوْمُ نُوحٍ وَعَادٌ وَفِرْعَوْنُ ذُو الْأَوْتَادِ
၎င်းတို့အလျင်လည်း (နဗီတမန်တော်) "နူးဟ်"၏အမျိုးသားတို့သည်လည်းကောင်း၊ "အာဒ်"အမျိုးသားတို့သည်လည်းကောင်း၊ သံငုတ်များရှင်ဖြစ်သော "ဖစ်ရ်အောင်န်"သည်လည်းကောင်း၊ (နဗီတမန်တော်များအား) မုသာဝါဒီများဟူ၍ စွပ်စွဲငြင်းပယ်ခဲ့ကြကုန်၏။

Choose other languages: