Quran Apps in many lanuages:

Surah Sad Ayahs #15 Translated in Burmese

جُنْدٌ مَا هُنَالِكَ مَهْزُومٌ مِنَ الْأَحْزَابِ
(၎င်းတို့သည်)ထိုနေရာတွင်(မက္ကာမြို့တော်တွင်)အုပ်စုများအနက်မှ အုပ်စုကလေးတစ်ခုပင် ဖြစ်သည်။ မကြာမီ ရှုံးနိမ့်ရတော့မည်။
كَذَّبَتْ قَبْلَهُمْ قَوْمُ نُوحٍ وَعَادٌ وَفِرْعَوْنُ ذُو الْأَوْتَادِ
၎င်းတို့အလျင်လည်း (နဗီတမန်တော်) "နူးဟ်"၏အမျိုးသားတို့သည်လည်းကောင်း၊ "အာဒ်"အမျိုးသားတို့သည်လည်းကောင်း၊ သံငုတ်များရှင်ဖြစ်သော "ဖစ်ရ်အောင်န်"သည်လည်းကောင်း၊ (နဗီတမန်တော်များအား) မုသာဝါဒီများဟူ၍ စွပ်စွဲငြင်းပယ်ခဲ့ကြကုန်၏။
وَثَمُودُ وَقَوْمُ لُوطٍ وَأَصْحَابُ الْأَيْكَةِ ۚ أُولَٰئِكَ الْأَحْزَابُ
ထိုနည်းတူစွာ "ဆမူဒ်" အမျိုးသားတို့သည်လည်းကောင်း၊ (နဗီတမန်တော် "လူတ်"၏အမျိုးသားတို့သည်လည်းကောင်း၊ "အိုက်ကဟ်" တောအုပ်၌ နေကြသောသူတို့သည်လည်းကောင်း (တမန်တော်များအား မုသာဝါဒီများဟူ၍ စွပ်စွဲငြင်းပယ်ခဲ့ကြကုန်၏)။ ထိုသူတို့ကား အုပ်စုကြီးများပင်။
إِنْ كُلٌّ إِلَّا كَذَّبَ الرُّسُلَ فَحَقَّ عِقَابِ
(ယင်းအုပ်စုကြီးများအနက်) အသီးသီးတို့သည် ရစူလ်တမန်တော်တို့အား မုသာဝါဒီများဟူ၍ စွပ်စွဲ ငြင်းပယ်ခဲ့ကြပေရာ ငါအရှင်မြတ်၏ပြစ်ဒဏ်သည် (၎င်းတို့အပေါ်၌)သက်ရောက်ခဲ့လေ၏။
وَمَا يَنْظُرُ هَٰؤُلَاءِ إِلَّا صَيْحَةً وَاحِدَةً مَا لَهَا مِنْ فَوَاقٍ
စင်စစ်သော်ကား ဤသူတို့သည် စက္ကန့်ပိုင်းမျှပင် ဆိုင်းငံ့ခြင်းမရှိ(ဘဲ အဆက်မပြတ် ပေါ်ထွက်လာမည်ဖြစ်)သော ပြင်းထန်လှသည့် ဟစ်အော်သံ တစ်ခုကိုသာလျှင် စောင့်စား၍ နေကြကုန်၏။

Choose other languages: