Quran Apps in many lanuages:

Surah Sad Ayahs #17 Translated in Burmese

وَثَمُودُ وَقَوْمُ لُوطٍ وَأَصْحَابُ الْأَيْكَةِ ۚ أُولَٰئِكَ الْأَحْزَابُ
ထိုနည်းတူစွာ "ဆမူဒ်" အမျိုးသားတို့သည်လည်းကောင်း၊ (နဗီတမန်တော် "လူတ်"၏အမျိုးသားတို့သည်လည်းကောင်း၊ "အိုက်ကဟ်" တောအုပ်၌ နေကြသောသူတို့သည်လည်းကောင်း (တမန်တော်များအား မုသာဝါဒီများဟူ၍ စွပ်စွဲငြင်းပယ်ခဲ့ကြကုန်၏)။ ထိုသူတို့ကား အုပ်စုကြီးများပင်။
إِنْ كُلٌّ إِلَّا كَذَّبَ الرُّسُلَ فَحَقَّ عِقَابِ
(ယင်းအုပ်စုကြီးများအနက်) အသီးသီးတို့သည် ရစူလ်တမန်တော်တို့အား မုသာဝါဒီများဟူ၍ စွပ်စွဲ ငြင်းပယ်ခဲ့ကြပေရာ ငါအရှင်မြတ်၏ပြစ်ဒဏ်သည် (၎င်းတို့အပေါ်၌)သက်ရောက်ခဲ့လေ၏။
وَمَا يَنْظُرُ هَٰؤُلَاءِ إِلَّا صَيْحَةً وَاحِدَةً مَا لَهَا مِنْ فَوَاقٍ
စင်စစ်သော်ကား ဤသူတို့သည် စက္ကန့်ပိုင်းမျှပင် ဆိုင်းငံ့ခြင်းမရှိ(ဘဲ အဆက်မပြတ် ပေါ်ထွက်လာမည်ဖြစ်)သော ပြင်းထန်လှသည့် ဟစ်အော်သံ တစ်ခုကိုသာလျှင် စောင့်စား၍ နေကြကုန်၏။
وَقَالُوا رَبَّنَا عَجِّلْ لَنَا قِطَّنَا قَبْلَ يَوْمِ الْحِسَابِ
ထိုမှတစ်ပါး ၎င်းတို့သည် (တမန်တော်မြတ်အား ပြက်ရယ် ပြောင်လှောင်သောအားဖြင့်) အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်း မွေးမြူတော်မူသောအရှင်၊ အရှင်မြတ်သည် စစ်ဆေးမေးမြန်းမည့်နေ့မတိုင်မီပင် ကျွန်တော်မျိုးတို့အား ကျွန်တော်မျိုးတို့၏ ဝေစုဝေပုံကို အလျင်အမြန် ပေးတော်မူပါဟု လျှောက်ထားခဲ့ကြကုန်သတည်း။
اصْبِرْ عَلَىٰ مَا يَقُولُونَ وَاذْكُرْ عَبْدَنَا دَاوُودَ ذَا الْأَيْدِ ۖ إِنَّهُ أَوَّابٌ
(အို-နဗီတမန်တော်)အသင်သည် ၎င်းတို့၏ပြောဆိုချက်များအပေါ်၌ သည်းခံပါလေ။ ၎င်းပြင် အသင်သည် ငါအရှင်မြတ်၏ကျွန် စွမ်းအားသတ္တိရှင်ဖြစ်သူ (နဗီတမန်တော်)"ဒါဝူဒ်"(၏အကြောင်းအတ္ထုပ္ပတ္တိ)ကို ပြန်လည်စဉ်းစား သတိရပါလေ။ ဧကန်မလွဲ ထို "ဒါဝူဒ်" သည် (ငါအရှင်မြတ်ဘက်သို့)လွန်စွာ ပြန်လှည့်သူဖြစ်ခဲ့၏။

Choose other languages: