Quran Apps in many lanuages:

Surah Sad Ayahs #20 Translated in Burmese

وَقَالُوا رَبَّنَا عَجِّلْ لَنَا قِطَّنَا قَبْلَ يَوْمِ الْحِسَابِ
ထိုမှတစ်ပါး ၎င်းတို့သည် (တမန်တော်မြတ်အား ပြက်ရယ် ပြောင်လှောင်သောအားဖြင့်) အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်း မွေးမြူတော်မူသောအရှင်၊ အရှင်မြတ်သည် စစ်ဆေးမေးမြန်းမည့်နေ့မတိုင်မီပင် ကျွန်တော်မျိုးတို့အား ကျွန်တော်မျိုးတို့၏ ဝေစုဝေပုံကို အလျင်အမြန် ပေးတော်မူပါဟု လျှောက်ထားခဲ့ကြကုန်သတည်း။
اصْبِرْ عَلَىٰ مَا يَقُولُونَ وَاذْكُرْ عَبْدَنَا دَاوُودَ ذَا الْأَيْدِ ۖ إِنَّهُ أَوَّابٌ
(အို-နဗီတမန်တော်)အသင်သည် ၎င်းတို့၏ပြောဆိုချက်များအပေါ်၌ သည်းခံပါလေ။ ၎င်းပြင် အသင်သည် ငါအရှင်မြတ်၏ကျွန် စွမ်းအားသတ္တိရှင်ဖြစ်သူ (နဗီတမန်တော်)"ဒါဝူဒ်"(၏အကြောင်းအတ္ထုပ္ပတ္တိ)ကို ပြန်လည်စဉ်းစား သတိရပါလေ။ ဧကန်မလွဲ ထို "ဒါဝူဒ်" သည် (ငါအရှင်မြတ်ဘက်သို့)လွန်စွာ ပြန်လှည့်သူဖြစ်ခဲ့၏။
إِنَّا سَخَّرْنَا الْجِبَالَ مَعَهُ يُسَبِّحْنَ بِالْعَشِيِّ وَالْإِشْرَاقِ
ဧကန်အမှန် ငါအရှင်မြတ်သည် တောင်များအား ထို"ဒါဝူဒ်"နှင့်အတူ လိုက်နာစေတော်မူခဲ့ရာ ယင်းတောင်များမှာ(ထိုဒါဝူဒ်နှင့်အတူ)ညနေချမ်း၌ လည်းကောင်း၊ နံနက်ယံ၌လည်းကောင်း၊ (ငါအရှင်မြတ်)စင်ကြယ် သန့်ရှင်းတော်မူ�ြောင်း ဘာဝနာစီးဖြန်း မြွက်ဆိုလျက် ရှိခဲ့ကြကုန်၏။
وَالطَّيْرَ مَحْشُورَةً ۖ كُلٌّ لَهُ أَوَّابٌ
ထိုနည်းတူစွာ(ငါအရှင်မြတ်သည်)ငှက် တိရစ္ဆာန်များကိုလည်း စုရုံးစေလျက်(လိုက်နာစေတော်မူခဲ့ရာ ယင်းငှက်တိရစ္ဆာန်များမှာ) ထို"ဒါဝူဒ်" နှင့်အတူ (အလ္လာဟ်ဘက်တော်သို့)လွန်စွာ ပြန်လှည့်သူများ(ဘာဝနာစီးဖြန်းသူများ)ပင် ဖြစ်ခဲ့ကြကုန်၏။
وَشَدَدْنَا مُلْكَهُ وَآتَيْنَاهُ الْحِكْمَةَ وَفَصْلَ الْخِطَابِ
ထိုမှတစ်ပါး ငါအရှင်မြတ်သည် ထို(နဗီတမန်တော်)"ဒါဝူဒ်"၏ နိုင်ငံကို ခိုင်ခံ့စေတော်မူခဲ့သည့်ပြင် ထိုဒါဝူဒ်အား ဆင်ခြင်တုံတရားကိုလည်းကောင်း၊ စကားအဆုံးအဖြတ်ပေးနိုင်သော ဉာဏ်စွမ်းကိုလည်းကောင်း၊ ချီးမြှင့် ပေးသနားတော်မူခဲ့ပေသတည်း။

Choose other languages: