Quran Apps in many lanuages:

Surah Sad Ayahs #22 Translated in Burmese

إِنَّا سَخَّرْنَا الْجِبَالَ مَعَهُ يُسَبِّحْنَ بِالْعَشِيِّ وَالْإِشْرَاقِ
ဧကန်အမှန် ငါအရှင်မြတ်သည် တောင်များအား ထို"ဒါဝူဒ်"နှင့်အတူ လိုက်နာစေတော်မူခဲ့ရာ ယင်းတောင်များမှာ(ထိုဒါဝူဒ်နှင့်အတူ)ညနေချမ်း၌ လည်းကောင်း၊ နံနက်ယံ၌လည်းကောင်း၊ (ငါအရှင်မြတ်)စင်ကြယ် သန့်ရှင်းတော်မူ�ြောင်း ဘာဝနာစီးဖြန်း မြွက်ဆိုလျက် ရှိခဲ့ကြကုန်၏။
وَالطَّيْرَ مَحْشُورَةً ۖ كُلٌّ لَهُ أَوَّابٌ
ထိုနည်းတူစွာ(ငါအရှင်မြတ်သည်)ငှက် တိရစ္ဆာန်များကိုလည်း စုရုံးစေလျက်(လိုက်နာစေတော်မူခဲ့ရာ ယင်းငှက်တိရစ္ဆာန်များမှာ) ထို"ဒါဝူဒ်" နှင့်အတူ (အလ္လာဟ်ဘက်တော်သို့)လွန်စွာ ပြန်လှည့်သူများ(ဘာဝနာစီးဖြန်းသူများ)ပင် ဖြစ်ခဲ့ကြကုန်၏။
وَشَدَدْنَا مُلْكَهُ وَآتَيْنَاهُ الْحِكْمَةَ وَفَصْلَ الْخِطَابِ
ထိုမှတစ်ပါး ငါအရှင်မြတ်သည် ထို(နဗီတမန်တော်)"ဒါဝူဒ်"၏ နိုင်ငံကို ခိုင်ခံ့စေတော်မူခဲ့သည့်ပြင် ထိုဒါဝူဒ်အား ဆင်ခြင်တုံတရားကိုလည်းကောင်း၊ စကားအဆုံးအဖြတ်ပေးနိုင်သော ဉာဏ်စွမ်းကိုလည်းကောင်း၊ ချီးမြှင့် ပေးသနားတော်မူခဲ့ပေသတည်း။
وَهَلْ أَتَاكَ نَبَأُ الْخَصْمِ إِذْ تَسَوَّرُوا الْمِحْرَابَ
၎င်းပြင် (အို-နဗီတမန်တော်)အသင့်ထံ ပဋိပက္ခဖြစ်သူများ၏ အကြောင်းသတင်းသည် ရောက်လာလေသလော။ တစ်ရံရောအခါဝယ် ထိုပဋိပက္ခဖြစ်သူတို့သည် နံရံကိုကျော်တက်၍ ဝတ်ပြုဆောင်ထဲသို့ ခုန်ချခဲ့ကြလေ၏။
إِذْ دَخَلُوا عَلَىٰ دَاوُودَ فَفَزِعَ مِنْهُمْ ۖ قَالُوا لَا تَخَفْ ۖ خَصْمَانِ بَغَىٰ بَعْضُنَا عَلَىٰ بَعْضٍ فَاحْكُمْ بَيْنَنَا بِالْحَقِّ وَلَا تُشْطِطْ وَاهْدِنَا إِلَىٰ سَوَاءِ الصِّرَاطِ
၎င်းတို့သည် (နဗီတမန်တော်) "ဒါဝူဒ်"၏ ထံသို့ဝင်ရောက်ခဲ့ကြသောအခါ ထို"ဒါဝူဒ်"သည် ၎င်းတို့အား ကြောက်ရွံ့စိုးရိမ်ခဲ့လေ၏။ (ထိုအခါ)၎င်းတို့က ပြောဆိုခဲ့ကြသည်မှာ အသင် မစိုးရိမ်မကြောက်ရွံ့ပါလေနှင့်။ (ကျွန်ုပ်တို့သည်) နှစ်ဖက်သောအမှုသည်များ ဖြစ်ကြပါသည်။ ကျွန်ုပ်တို့အနက် တစ်ဦးသည်တစ်ဦး၏အပေါ်၌ မတရားကျူးလွန်ခဲ့ပါသည်။ သို့ဖြစ်ပေရာ အသင်သည် ကျွန်ုပ်တို့၏အကြား၌ မတရားပြုလုပ်ခြင်းမရှိဘဲ မှန်ကန်စွာစီရင်ဆုံးဖြတ်၍ ပေးပါလေ။ ထိုမှတစ်ပါး အသင်သည် ကျွန်ုပ်တို့အား ဖြောင့်မတ်သောလမ်းကို ညွှန်ပြပါလေ။

Choose other languages: