Quran Apps in many lanuages:

Surah Sad Ayahs #83 Translated in Burmese

قَالَ رَبِّ فَأَنْظِرْنِي إِلَىٰ يَوْمِ يُبْعَثُونَ
ထို "ဗ်လီစ်" က အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ သို့ဖြစ်ပါလျှင် အရှင်မြတ်သည် ကျွန်တော်မျိုးအား (လူသတ္တဝါအပေါင်း) ရှင်ပြန်ထစေခြင်းခံကြရမည့်နေ့တိုင်အောင်(သေခြင်းမှ- ပြစ်ဒဏ်စီရင်တော်မူခြင်းမှ) ရွှေ့ဆိုင်း၍ ထားတော်မူပါ"ဟု လျှောက်ထားခဲ့လေ၏။
قَالَ فَإِنَّكَ مِنَ الْمُنْظَرِينَ
ထိုအရှင်မြတ်သည် မိန့်ကြားတော်မူခဲ့၏။ သို့ဆိုလျှင် ဧကန်မလွဲ အသင်သည် ရွှေ့ဆိုင်းထားခြင်းခံရသူ တစ်ဦးပင်ဖြစ်၏။
إِلَىٰ يَوْمِ الْوَقْتِ الْمَعْلُومِ
သတ်မှတ်ပြဋ္ဌာန်းပြီးဖြစ်သော အချိန်ကာလ(ဆိုက်ရောက်အံ့သော) နေ့တိုင်အောင်။
قَالَ فَبِعِزَّتِكَ لَأُغْوِيَنَّهُمْ أَجْمَعِينَ
(ထိုအခါ)ထို"ဗ်လီစ်"က လျှောက်ထားခဲ့လေ၏။ သို့ဖြစ်ပါလျှင် (ကျွန်တော်မျိုးသည်) အရှင်မြတ်၏ တန်ခိုးအာနုဘော်ကို တိုင်တည်(၍လျှောက်ထား)အပ်ပါသည်။ မုချမလွဲ ကျွန်တော်မျိုးသည် ထိုလူသားအားလုံးကိုပင် လွဲချော် မှောက်မှားအောင် ပြုလုပ်မည်ဖြစ်ပါသည်။
إِلَّا عِبَادَكَ مِنْهُمُ الْمُخْلَصِينَ
သို့ရာတွင် ၎င်းတို့အနက် ရွေးချယ်ပြီးဖြစ်သော အရှင်မြတ်၏ ကျွန်များကိုမူကား (ကျွန်တော်မျိုးသည် လွဲချော် မှောက်မှားစေနိုင်မည်မဟုတ်ပါ)။

Choose other languages: