Quran Apps in many lanuages:

Surah Sad Ayahs #86 Translated in Burmese

قَالَ فَبِعِزَّتِكَ لَأُغْوِيَنَّهُمْ أَجْمَعِينَ
(ထိုအခါ)ထို"ဗ်လီစ်"က လျှောက်ထားခဲ့လေ၏။ သို့ဖြစ်ပါလျှင် (ကျွန်တော်မျိုးသည်) အရှင်မြတ်၏ တန်ခိုးအာနုဘော်ကို တိုင်တည်(၍လျှောက်ထား)အပ်ပါသည်။ မုချမလွဲ ကျွန်တော်မျိုးသည် ထိုလူသားအားလုံးကိုပင် လွဲချော် မှောက်မှားအောင် ပြုလုပ်မည်ဖြစ်ပါသည်။
إِلَّا عِبَادَكَ مِنْهُمُ الْمُخْلَصِينَ
သို့ရာတွင် ၎င်းတို့အနက် ရွေးချယ်ပြီးဖြစ်သော အရှင်မြတ်၏ ကျွန်များကိုမူကား (ကျွန်တော်မျိုးသည် လွဲချော် မှောက်မှားစေနိုင်မည်မဟုတ်ပါ)။
قَالَ فَالْحَقُّ وَالْحَقَّ أَقُولُ
ထိုအရှင်မြတ်သည် မိန့်ကြားတော်မူခဲ့၏။ ငါအရှင်မြတ် အမှန်ကို မိန့်ကြားတော်မူမည်။ စင်စစ် ငါအရှင်သည် အမှန်ကိုသာ ပြောကြားတော်မူလေ့ရှိသည်။
لَأَمْلَأَنَّ جَهَنَّمَ مِنْكَ وَمِمَّنْ تَبِعَكَ مِنْهُمْ أَجْمَعِينَ
ဧကန်မလွဲ ငါအရှင်မြတ်သည် အသင်အားဖြင့်လည်းကောင်း၊ ထိုလူသားတို့အနက် အသင်၏နောက်လိုက်ကြသော သူတို့အားဖြင့်လည်းကောင်း၊ "ဂျဟန္နမ်" ငရဲဘုံကို ဖြည့်တော်မူအံ့သတည်း။
قُلْ مَا أَسْأَلُكُمْ عَلَيْهِ مِنْ أَجْرٍ وَمَا أَنَا مِنَ الْمُتَكَلِّفِينَ
(အို-နဗီတမန်တော်)၊ အသင်သည် ပြောကြားပါလေ။ (အချင်းတို့) ငါသည် အသင်တို့ထံ ဤ (ကုရ်အာန်ကျမ်းတော်မြတ်)နှင့်စပ်လျဉ်း၍ မည်သည့်အကျိုးကိုမျှ တောင်းဆိုသည်မဟုတ်ပေ။ ထိုမှတစ်ပါး ငါသည် ဟန်ဆောင်ပြောဆိုသူ(ဤကုရ်အာန်ကျမ်းတော်မြတ်ကို) ကြံဖန် စီကုံးသူတစ်ဦးလည်း မဟုတ်ပေ။

Choose other languages: