Quran Apps in many lanuages:

Surah Sad Ayahs #49 Translated in Burmese

وَاذْكُرْ عِبَادَنَا إِبْرَاهِيمَ وَإِسْحَاقَ وَيَعْقُوبَ أُولِي الْأَيْدِي وَالْأَبْصَارِ
ထို့ပြင် (အို-နဗီတမန်တော်) အသင်သည် စွမ်းရည်သတ္တိရှိသူများ၊ ဉာဏ်အမြော်အမြင်ရှိသူများဖြစ်ကြသော၊(နဗီတမန်တော်)"အီဗ်ရာဟီမ်" (နဗီတမန်တော်) "အီစ်ဟာက်"နှင့်(နဗီတမန်တော်) "ယအ်ကူဗ်" တို့(၏အကြောင်း အတ္ထုပ္ပတ္တိများ)ကို ပြန်လည်စဉ်းစား သတိရပါလေ။
إِنَّا أَخْلَصْنَاهُمْ بِخَالِصَةٍ ذِكْرَى الدَّارِ
ဧကန်မလွဲ ငါအရှင်မြတ်သည် တမလွန်ဘဝကို သတိရခြင်းတည်းဟူသော ထူးခြားချက်တစ်ရပ်ဖြင့်၊ ၎င်းတို့အား ထူးခြားစေတော်မူခဲ့၏။
وَإِنَّهُمْ عِنْدَنَا لَمِنَ الْمُصْطَفَيْنَ الْأَخْيَارِ
ထိုမှတစ်ပါး မလွဲဧကန် ၎င်းတို့သည် ငါအရှင်မြတ်အထံတော်တွင် အကောင်းဆုံးသော ရွေးချယ်ခြင်း ခံခဲ့ကြရသောသူတို့အနက်မှပင် ဖြစ်ကြကုန်၏။
وَاذْكُرْ إِسْمَاعِيلَ وَالْيَسَعَ وَذَا الْكِفْلِ ۖ وَكُلٌّ مِنَ الْأَخْيَارِ
ထိုမှတစ်ပါး (အို-နဗီတမန်တော်) အသင်သည်(နဗီတမန်တော်)"အီစ်မာအီလ်"၊ (နဗီတမန်တော်) "အလ်ယစအ်"နှင့် (နဗီတမန်တော်)"ဇွလ်ကိဖ်လ်"တို့ (၏အကြောင်း အတ္ထုပ္ပတ္တိများ)ကိုလည်း စဉ်းစားသတိရပါလေ။ စင်စစ်သော်ကား (၎င်းတို့) အသီးသီးတို့မှာလည်း အကောင်းဆုံးသော သူတို့အနက်မှပင် ဖြစ်ခဲ့ကြကုန်သတည်း။
هَٰذَا ذِكْرٌ ۚ وَإِنَّ لِلْمُتَّقِينَ لَحُسْنَ مَآبٍ
ဤသည် ဆုံးမဩဝါဒတစ်မျိုးပင်၊ (ဤသည် အဆုံးအမ ဩဝါဒတစ်ပါးပင်)၊ ၎င်းပြင် ဧကန်မလွဲ သူတော်စင်တို့အဖို့ ကောင်းမြတ်သော နောက်ဆုံး အကျိုးဆက်သည် အမှန်ပင်ရှိ၏။

Choose other languages: