Quran Apps in many lanuages:

Surah Sad Ayahs #51 Translated in Burmese

وَإِنَّهُمْ عِنْدَنَا لَمِنَ الْمُصْطَفَيْنَ الْأَخْيَارِ
ထိုမှတစ်ပါး မလွဲဧကန် ၎င်းတို့သည် ငါအရှင်မြတ်အထံတော်တွင် အကောင်းဆုံးသော ရွေးချယ်ခြင်း ခံခဲ့ကြရသောသူတို့အနက်မှပင် ဖြစ်ကြကုန်၏။
وَاذْكُرْ إِسْمَاعِيلَ وَالْيَسَعَ وَذَا الْكِفْلِ ۖ وَكُلٌّ مِنَ الْأَخْيَارِ
ထိုမှတစ်ပါး (အို-နဗီတမန်တော်) အသင်သည်(နဗီတမန်တော်)"အီစ်မာအီလ်"၊ (နဗီတမန်တော်) "အလ်ယစအ်"နှင့် (နဗီတမန်တော်)"ဇွလ်ကိဖ်လ်"တို့ (၏အကြောင်း အတ္ထုပ္ပတ္တိများ)ကိုလည်း စဉ်းစားသတိရပါလေ။ စင်စစ်သော်ကား (၎င်းတို့) အသီးသီးတို့မှာလည်း အကောင်းဆုံးသော သူတို့အနက်မှပင် ဖြစ်ခဲ့ကြကုန်သတည်း။
هَٰذَا ذِكْرٌ ۚ وَإِنَّ لِلْمُتَّقِينَ لَحُسْنَ مَآبٍ
ဤသည် ဆုံးမဩဝါဒတစ်မျိုးပင်၊ (ဤသည် အဆုံးအမ ဩဝါဒတစ်ပါးပင်)၊ ၎င်းပြင် ဧကန်မလွဲ သူတော်စင်တို့အဖို့ ကောင်းမြတ်သော နောက်ဆုံး အကျိုးဆက်သည် အမှန်ပင်ရှိ၏။
جَنَّاتِ عَدْنٍ مُفَتَّحَةً لَهُمُ الْأَبْوَابُ
ထာဝစဉ်နေထိုင်ရန် ဥယျာဉ်များသည် ရှိကြပေသည်။ (ယင်းဥယျာဉ်များ၏)တံခါးမှာ ၎င်းတို့အဖို့ (အသင့်)ဖွင့်လှစ်၍ထားပြီး ဖြစ်ပေသည်။
مُتَّكِئِينَ فِيهَا يَدْعُونَ فِيهَا بِفَاكِهَةٍ كَثِيرَةٍ وَشَرَابٍ
(၎င်းတို့သည်) ယင်းဥယျာဉ်များ၌ မှီအုံးများကိုမှီလျက် ရှိကြပေမည်။ များစွာသော သစ်သီးဝလံများကိုလည်းကောင်း၊ သောက်သုံးဖွယ်ရာများကို လည်းကောင်း၊ ယင်းဥယျာဉ်များတွင် မှာယူကြပေမည်။

Choose other languages: