Quran Apps in many lanuages:

Surah Sad Ayahs #43 Translated in Burmese

هَٰذَا عَطَاؤُنَا فَامْنُنْ أَوْ أَمْسِكْ بِغَيْرِ حِسَابٍ
(၎င်းပြင် ငါအရှင်မြတ်သည် "စုလိုင်မာန်"အားမိန့်ကြားတော်မူခဲ့၏။) ဤသည် ငါအရှင်မြတ်၏ဆု၊ ကျေးဇူးတော်ပင်ဖြစ်၏။ သို့ရာတွင် အသင်သည် (တစ်ဦးတစ်ယောက်အား) ပေးကမ်းသည်ဖြစ်စေ၊ မပေးဘဲနေသည်ဖြစ်စေ မည်သို့မျှ စာရင်းရှင်းရန် မလိုပေ။
وَإِنَّ لَهُ عِنْدَنَا لَزُلْفَىٰ وَحُسْنَ مَآبٍ
စင်စစ်သော်ကား ထို"စုလိုင်မာန်"၌ ငါအရှင်မြတ်အထံတော်တွင်၊ (အထူး)အဆင့်အတန်းနှင့် ကောင်းမြတ်သော နောက်ဆုံးအကျိုးဆက်သည် အမှန်ပင် ရှိပေသတည်း။
وَاذْكُرْ عَبْدَنَا أَيُّوبَ إِذْ نَادَىٰ رَبَّهُ أَنِّي مَسَّنِيَ الشَّيْطَانُ بِنُصْبٍ وَعَذَابٍ
၎င်းပြင် "(အို-နဗီတမန်တော်) အသင်သည် ငါအရှင်မြတ်၏ကျွန်(နဗီတမန်တော်)"အိုက်ယူဗ်" (၏အကြောင်း အတ္ထုပ္ပတ္တိ)ကို ပြန်လည်စဉ်းစား သတိရပါလေ။ တစ်ရံရောအခါဝယ် ထို"အိုက်ယူဗ်"သည် မိမိအရှင်မြတ်အား "စင်စစ်ဧကန် ရှိုင်တွာန်မိစ္ဆာကောင်သည် ကျွန်တော်မျိုး၌ ရောဂါဝေဒနာကိုလည်းကောင်း၊ ဘေးဒုက္ခကိုလည်းကောင်း၊ သက်ရောက်စေခဲ့ပါသည်"ဟုဟစ်အော်(လျှောက်ထား)ခဲ့လေ၏။
ارْكُضْ بِرِجْلِكَ ۖ هَٰذَا مُغْتَسَلٌ بَارِدٌ وَشَرَابٌ
(ထိုရောအခါဝယ် ငါအရှင်မြတ်သည် မိန့်ကြားတော်မူခဲ့၏။ အို-အိုက်ယူဗ်) အသင်သည် မိမိ ခြေထောက်ဖြင့်(မြေကြီးကို)ဆောင့်ပါလေ၊ ဤသည် (အသင့်အဖို့) အေးမြသောချိုးရေသည်လည်းကောင်း၊ သောက်ရေသည်လည်းကောင်း၊ ဖြစ်ပါ၏။
وَوَهَبْنَا لَهُ أَهْلَهُ وَمِثْلَهُمْ مَعَهُمْ رَحْمَةً مِنَّا وَذِكْرَىٰ لِأُولِي الْأَلْبَابِ
ထို့ပြင် ငါအရှင်မြတ်သည် မိမိအထံတော်မှ ကရုဏာတော်ဖြင့်လည်းကောင်း၊ အသိဉာဏ်ရှိသူတို့ သတိရစေခြင်းငှာလည်းကောင်း၊ ထို "အိုက်ယူဗ်" အား ၎င်း၏ အိမ်သူအိမ်သားတို့ကို ချီးမြှင့်တော်မူသည့်အပြင် ထိုအိမ်သူအိမ်သားတို့နှင့် အညီအမျှ(ဖြစ်သောဦးရေ)ကိုလည်း ၎င်းတို့နှင့်အတူ (ထပ်လောင်း၍) ချီးမြှင့်ပေးသနားတော်မူခဲ့၏။

Choose other languages: