Quran Apps in many lanuages:

Surah Sad Ayahs #45 Translated in Burmese

وَاذْكُرْ عَبْدَنَا أَيُّوبَ إِذْ نَادَىٰ رَبَّهُ أَنِّي مَسَّنِيَ الشَّيْطَانُ بِنُصْبٍ وَعَذَابٍ
၎င်းပြင် "(အို-နဗီတမန်တော်) အသင်သည် ငါအရှင်မြတ်၏ကျွန်(နဗီတမန်တော်)"အိုက်ယူဗ်" (၏အကြောင်း အတ္ထုပ္ပတ္တိ)ကို ပြန်လည်စဉ်းစား သတိရပါလေ။ တစ်ရံရောအခါဝယ် ထို"အိုက်ယူဗ်"သည် မိမိအရှင်မြတ်အား "စင်စစ်ဧကန် ရှိုင်တွာန်မိစ္ဆာကောင်သည် ကျွန်တော်မျိုး၌ ရောဂါဝေဒနာကိုလည်းကောင်း၊ ဘေးဒုက္ခကိုလည်းကောင်း၊ သက်ရောက်စေခဲ့ပါသည်"ဟုဟစ်အော်(လျှောက်ထား)ခဲ့လေ၏။
ارْكُضْ بِرِجْلِكَ ۖ هَٰذَا مُغْتَسَلٌ بَارِدٌ وَشَرَابٌ
(ထိုရောအခါဝယ် ငါအရှင်မြတ်သည် မိန့်ကြားတော်မူခဲ့၏။ အို-အိုက်ယူဗ်) အသင်သည် မိမိ ခြေထောက်ဖြင့်(မြေကြီးကို)ဆောင့်ပါလေ၊ ဤသည် (အသင့်အဖို့) အေးမြသောချိုးရေသည်လည်းကောင်း၊ သောက်ရေသည်လည်းကောင်း၊ ဖြစ်ပါ၏။
وَوَهَبْنَا لَهُ أَهْلَهُ وَمِثْلَهُمْ مَعَهُمْ رَحْمَةً مِنَّا وَذِكْرَىٰ لِأُولِي الْأَلْبَابِ
ထို့ပြင် ငါအရှင်မြတ်သည် မိမိအထံတော်မှ ကရုဏာတော်ဖြင့်လည်းကောင်း၊ အသိဉာဏ်ရှိသူတို့ သတိရစေခြင်းငှာလည်းကောင်း၊ ထို "အိုက်ယူဗ်" အား ၎င်း၏ အိမ်သူအိမ်သားတို့ကို ချီးမြှင့်တော်မူသည့်အပြင် ထိုအိမ်သူအိမ်သားတို့နှင့် အညီအမျှ(ဖြစ်သောဦးရေ)ကိုလည်း ၎င်းတို့နှင့်အတူ (ထပ်လောင်း၍) ချီးမြှင့်ပေးသနားတော်မူခဲ့၏။
وَخُذْ بِيَدِكَ ضِغْثًا فَاضْرِبْ بِهِ وَلَا تَحْنَثْ ۗ إِنَّا وَجَدْنَاهُ صَابِرًا ۚ نِعْمَ الْعَبْدُ ۖ إِنَّهُ أَوَّابٌ
ထို့ပြင် (ငါအရှင်မြတ်သည် ဤသို့ မိန့်ကြားတော်မူခဲ့၏)။ အသင်သည် မိမိလက်တွင်းဝယ် အခက်အလက် လက်တစ်ဆုပ်ကိုယူပြီးလျှင် ၎င်းဖြင့် ရိုက်လော့။ ထို့ပြင် အသင်သည်(မိမိကျိန်ဆိုချက်ကို ချိုးဖျက်ခြင်းမပြုပါလေနှင့်၊ ဧကန်စင်စစ် ငါအရှင်မြတ် သည် ထို"အိုက်ယူဗ်"အား သည်းခံသူအဖြစ် တွေ့ရှိတော်မူခဲ့၏။ အထူးကောင်းမွန်သော ကျွန်တစ်ပါးဖြစ်ခဲ့၏။ဧကန်မလွဲ ထို"အိုက်ယူဗ်"သည် (ငါအရှင်မြတ် အထံတော်သို့)လွန်စွာပြန်လှည့်သူလည်း ဖြစ်ခဲ့ပေသတည်း။
وَاذْكُرْ عِبَادَنَا إِبْرَاهِيمَ وَإِسْحَاقَ وَيَعْقُوبَ أُولِي الْأَيْدِي وَالْأَبْصَارِ
ထို့ပြင် (အို-နဗီတမန်တော်) အသင်သည် စွမ်းရည်သတ္တိရှိသူများ၊ ဉာဏ်အမြော်အမြင်ရှိသူများဖြစ်ကြသော၊(နဗီတမန်တော်)"အီဗ်ရာဟီမ်" (နဗီတမန်တော်) "အီစ်ဟာက်"နှင့်(နဗီတမန်တော်) "ယအ်ကူဗ်" တို့(၏အကြောင်း အတ္ထုပ္ပတ္တိများ)ကို ပြန်လည်စဉ်းစား သတိရပါလေ။

Choose other languages: