Quran Apps in many lanuages:

Surah Sad Ayahs #38 Translated in Burmese

وَلَقَدْ فَتَنَّا سُلَيْمَانَ وَأَلْقَيْنَا عَلَىٰ كُرْسِيِّهِ جَسَدًا ثُمَّ أَنَابَ
ထိုမှတစ်ပါး ဧကန်မလွဲ ငါအရှင်မြတ်သည်(နဗီတမန်တော်) "စုလိုင်မာန်"အား စမ်းသပ်တော်မူခဲ့၏။ စင်စစ် ငါအရှင်မြတ်သည် ၎င်း၏ပလ္လင်ပေါ်ဝယ် ခန္ဓာကိုယ်တစ်ခုကို ချပေးတော်မူခဲ့၏။ သို့ရှိရာ ထို"စုလိုင်မာန်"သည် ပြန်လှည့်ခဲ့လေ၏။
قَالَ رَبِّ اغْفِرْ لِي وَهَبْ لِي مُلْكًا لَا يَنْبَغِي لِأَحَدٍ مِنْ بَعْدِي ۖ إِنَّكَ أَنْتَ الْوَهَّابُ
ထို"စုလိုင်မာန်"သည် လျှောက်ထားပန်ကြားခဲ့လေ၏။ အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ အရှင်မြတ်သည် ကျွန်တော်မျိုးအား ခွင့်လွှတ်ချမ်းသာပေးတော်မူပါ။ ၎င်းအပြင် အရှင်မြတ်သည် ကျွန်တော်မျိုးမှတစ်ပါး မည်သူတစ်စုံတစ်ယောက်မျှပင် မရထိုက်သော စိုးမိုးအုပ်ချုပ်မှုမျိုးကို ကျွန်တော်မျိုးအား ချီးမြှင့်တော်မူပါ၊ ဧကန်စင်စစ် အရှင်မြတ်သည် လွန်စွာ ရက်ရောစွာပေးကမ်းတော်မူသော အရှင်ပင် ဖြစ်တော်မူပါသည်။
فَسَخَّرْنَا لَهُ الرِّيحَ تَجْرِي بِأَمْرِهِ رُخَاءً حَيْثُ أَصَابَ
သို့ဖြစ်၍ ငါအရှင်မြတ်သည် ထို"စုလိုင်မာန်"၏အဖို့ လေကို ၎င်း၏လက်အောက်ခံအဖြစ် ဆောင်ရွက်စေတော်မူခဲ့ရာ ထိုလေသည် ထို"စုလိုင်မာန်" အလိုရှိရာအရပ်သို့ ၎င်း၏အမိန့်နှင့် ညင်သာစွာတိုက်ခတ် သွားလာနေခဲ့သည်။
وَالشَّيَاطِينَ كُلَّ بَنَّاءٍ وَغَوَّاصٍ
ထိုနည်းတူစွာ(ငါအရှင်မြတ်သည်)ဆိုးသွမ်းသော ဂျင်န်(န်)များ (ဝါ)အဆောက်အအုံ ဆောက်သူတိုင်းကိုလည်းကောင်း၊ ရေငုပ်သူတိုင်းကိုလည်းကောင်း။
وَآخَرِينَ مُقَرَّنِينَ فِي الْأَصْفَادِ
သံကြိုးများဖြင့် ပူးတွဲတုပ်နှောင်ထားခြင်းခံကြရသော အခြားဂျင်န်(န်)တို့ကိုလည်းကောင်း၊ (ထို "စုလိုင်မာန်"၏လက်အောက်ခံများအဖြစ် ဆောင်ရွက်စေတော်မူခဲ့၏)။

Choose other languages: