Quran Apps in many lanuages:

Surah Sad Ayahs #39 Translated in Burmese

قَالَ رَبِّ اغْفِرْ لِي وَهَبْ لِي مُلْكًا لَا يَنْبَغِي لِأَحَدٍ مِنْ بَعْدِي ۖ إِنَّكَ أَنْتَ الْوَهَّابُ
ထို"စုလိုင်မာန်"သည် လျှောက်ထားပန်ကြားခဲ့လေ၏။ အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ အရှင်မြတ်သည် ကျွန်တော်မျိုးအား ခွင့်လွှတ်ချမ်းသာပေးတော်မူပါ။ ၎င်းအပြင် အရှင်မြတ်သည် ကျွန်တော်မျိုးမှတစ်ပါး မည်သူတစ်စုံတစ်ယောက်မျှပင် မရထိုက်သော စိုးမိုးအုပ်ချုပ်မှုမျိုးကို ကျွန်တော်မျိုးအား ချီးမြှင့်တော်မူပါ၊ ဧကန်စင်စစ် အရှင်မြတ်သည် လွန်စွာ ရက်ရောစွာပေးကမ်းတော်မူသော အရှင်ပင် ဖြစ်တော်မူပါသည်။
فَسَخَّرْنَا لَهُ الرِّيحَ تَجْرِي بِأَمْرِهِ رُخَاءً حَيْثُ أَصَابَ
သို့ဖြစ်၍ ငါအရှင်မြတ်သည် ထို"စုလိုင်မာန်"၏အဖို့ လေကို ၎င်း၏လက်အောက်ခံအဖြစ် ဆောင်ရွက်စေတော်မူခဲ့ရာ ထိုလေသည် ထို"စုလိုင်မာန်" အလိုရှိရာအရပ်သို့ ၎င်း၏အမိန့်နှင့် ညင်သာစွာတိုက်ခတ် သွားလာနေခဲ့သည်။
وَالشَّيَاطِينَ كُلَّ بَنَّاءٍ وَغَوَّاصٍ
ထိုနည်းတူစွာ(ငါအရှင်မြတ်သည်)ဆိုးသွမ်းသော ဂျင်န်(န်)များ (ဝါ)အဆောက်အအုံ ဆောက်သူတိုင်းကိုလည်းကောင်း၊ ရေငုပ်သူတိုင်းကိုလည်းကောင်း။
وَآخَرِينَ مُقَرَّنِينَ فِي الْأَصْفَادِ
သံကြိုးများဖြင့် ပူးတွဲတုပ်နှောင်ထားခြင်းခံကြရသော အခြားဂျင်န်(န်)တို့ကိုလည်းကောင်း၊ (ထို "စုလိုင်မာန်"၏လက်အောက်ခံများအဖြစ် ဆောင်ရွက်စေတော်မူခဲ့၏)။
هَٰذَا عَطَاؤُنَا فَامْنُنْ أَوْ أَمْسِكْ بِغَيْرِ حِسَابٍ
(၎င်းပြင် ငါအရှင်မြတ်သည် "စုလိုင်မာန်"အားမိန့်ကြားတော်မူခဲ့၏။) ဤသည် ငါအရှင်မြတ်၏ဆု၊ ကျေးဇူးတော်ပင်ဖြစ်၏။ သို့ရာတွင် အသင်သည် (တစ်ဦးတစ်ယောက်အား) ပေးကမ်းသည်ဖြစ်စေ၊ မပေးဘဲနေသည်ဖြစ်စေ မည်သို့မျှ စာရင်းရှင်းရန် မလိုပေ။

Choose other languages: