Quran Apps in many lanuages:

Surah Saba Ayahs #43 Translated in Burmese

قُلْ إِنَّ رَبِّي يَبْسُطُ الرِّزْقَ لِمَنْ يَشَاءُ مِنْ عِبَادِهِ وَيَقْدِرُ لَهُ ۚ وَمَا أَنْفَقْتُمْ مِنْ شَيْءٍ فَهُوَ يُخْلِفُهُ ۖ وَهُوَ خَيْرُ الرَّازِقِينَ
(အို-နဗီတမန်တော်) အသင်သည် ပြောကြားပါဦးလေ။ (အချင်းတို့) ဧကန်မလွဲ ငါ့အားဖန်ဆင်း မွေးမြူတော်မူသောအရှင်မြတ်သည် မိမိကျွန်များအနက် မိမိအလိုရှိတော်မူသောသူအား စားနပ်ရိက္ခာကို ကျယ်ဝန်းပေါများစွာ ချီးမြှင့်ပေးသနားတော်မူ၍ (မိမိအလိုရှိတော်မူသော) သူအား (စားနပ်ရိက္ခာကို) ကျပ်တည်းစေတော်မူ၏။ ၎င်းပြင် အသင်တို့သည်မည်သည့် တစ်စုံတစ်ရာကိုမဆို (ထိုအရှင်မြတ် နှစ်လိုတော်မူရာ၌) သုံးစွဲ လှူဒါန်းခဲ့ကြလျှင် ထိုအရှင်မြတ်သည် ၎င်း၏အစားကိုပေးတော်မူပေမည်။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် စားနပ်ရိက္ခာချီးမြှင့်သူတို့အနက် အကောင်းဆုံးပင် ဖြစ်တော်မူပေသတည်း။
وَيَوْمَ يَحْشُرُهُمْ جَمِيعًا ثُمَّ يَقُولُ لِلْمَلَائِكَةِ أَهَٰؤُلَاءِ إِيَّاكُمْ كَانُوا يَعْبُدُونَ
၎င်းပြင် အကြင်နေ့တွင် ထိုအရှင်မြတ်သည်၎င်းတို့အားလုံးကို စုရုံးတော်မူပြီးနောက် မလာအိကဟ်ကောင်းကင်တမန်တို့အား ဤသူတို့သည် အသင်တို့အားဆည်းကပ်ကိုးကွယ်လျက် ရှိခဲ့ကြသည်လော ဟု မေးမြန်းတော်မူပေမည်။
قَالُوا سُبْحَانَكَ أَنْتَ وَلِيُّنَا مِنْ دُونِهِمْ ۖ بَلْ كَانُوا يَعْبُدُونَ الْجِنَّ ۖ أَكْثَرُهُمْ بِهِمْ مُؤْمِنُونَ
ထို မလာအိကဟ် ကောင်းကင်တမန်တို့က(ဤသို့)လျှောက်ထားခဲ့ကြပေမည်။ (အို-အရှင်မြတ်၊)အရှင်မြတ်သည် စင်ကြယ်သန့်ရှင်းတော်မူပါ၏။ ကျွန်တော်မျိုး တို့သည်အရှင်မြတ်နှင့်သာ ပတ်သက်ကြပါသည်။ ၎င်းတို့နှင့် မပတ်သက်ကြပါ။ စင်စစ်မှာကား ၎င်းတို့သည် ဂျင်န်သတ္တဝါများကိုသာ ဆည်းကပ်ကိုးကွယ်လျက် ရှိခဲ့ကြပါသည်။ ၎င်းတို့အနက်အများဆုံးသောသူတို့မှာ ဂျင်န်သတ္တဝါများကိုပင် ယုံကြည်သူများ ဖြစ်ခဲ့ကြပါသည်။
فَالْيَوْمَ لَا يَمْلِكُ بَعْضُكُمْ لِبَعْضٍ نَفْعًا وَلَا ضَرًّا وَنَقُولُ لِلَّذِينَ ظَلَمُوا ذُوقُوا عَذَابَ النَّارِ الَّتِي كُنْتُمْ بِهَا تُكَذِّبُونَ
သို့ဖြစ်ပေရာ ယနေ့သော်ကား အသင်တို့အနက်အချို့သည်အချို့ကို အကျိုးပြုရန်လည်း ပိုင်ဆိုင်ခွင့်မရှိပြီ။အကျိုးယုတ်စေရန်လည်း ပိုင်ဆိုင်ခွင့်မရှိတော့ပြီ။ ထိုမှတစ်ပါးငါအရှင်မြတ်သည် (မိမိကိုယ်မိမိ) နှိပ်စက် ညှဉ်းပမ်းခဲ့ကြသောသူတို့အား အသင်တို့သည် မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ခဲ့ကြသောငရဲမီး ၏ပြစ်ဒဏ်ကို မြည်းစမ်းကြလေကုန် ဟုမိန့်ကြား တော်မူအံ့သတည်း။
وَإِذَا تُتْلَىٰ عَلَيْهِمْ آيَاتُنَا بَيِّنَاتٍ قَالُوا مَا هَٰذَا إِلَّا رَجُلٌ يُرِيدُ أَنْ يَصُدَّكُمْ عَمَّا كَانَ يَعْبُدُ آبَاؤُكُمْ وَقَالُوا مَا هَٰذَا إِلَّا إِفْكٌ مُفْتَرًى ۚ وَقَالَ الَّذِينَ كَفَرُوا لِلْحَقِّ لَمَّا جَاءَهُمْ إِنْ هَٰذَا إِلَّا سِحْرٌ مُبِينٌ
စင်စစ်သော်ကား ငါအရှင်မြတ်၏ ထင်ရှားစွာသော အာယတ်တော်များသည် ၎င်းတို့၏ရှေ့မှောက်ဝယ် ဖတ်ကြားခြင်းခံခဲ့ကြရလေသောအခါ ၎င်းတို့က ဤသူသည်အသင်တို့အား အသင်တို့၏ အဖ ဘိုးဘေးတို့ ဆည်းကပ်ကိုးကွယ်လျက် ရှိခဲ့ကြသည်များကို (ဆည်းကပ်ကိုးကွယ်ခြင်း)မှပိတ်ပင်တားဆီးလိုသူတစ်ဦးသာလျှင်ဖြစ်သည် ဟု ပြောဆိုခဲ့ကြသည့်ပြင် ဤ(ကုရ်အာန်)သည် ကြံဖန်လီဆယ်ထားသောမုသားစကားတစ်ရပ်သာလျှင် ဖြစ်သည် ဟူ၍လည်း ပြောဆိုခဲ့ကြကုန်၏။ ထိုမှတပါး ကာဖိရ် သွေဖည် ငြင်းပယ်ခဲ့ကြသောသူတို့က မိမိတို့ထံ အမှန်တရား ရောက်ရှိ၍ လာသောအခါယင်းအမှန်တရားနှင့် စပ်လျဉ်း၍ ဤသည် ထင်ရှားစွာသောပဉ္စလက်အတတ် ပညာတရပ်သာလျှင်ဖြစ်သည် ဟု ဆိုကြကုန်၏။

Choose other languages: