Quran Apps in many lanuages:

Surah Saba Ayahs #41 Translated in Burmese

وَمَا أَمْوَالُكُمْ وَلَا أَوْلَادُكُمْ بِالَّتِي تُقَرِّبُكُمْ عِنْدَنَا زُلْفَىٰ إِلَّا مَنْ آمَنَ وَعَمِلَ صَالِحًا فَأُولَٰئِكَ لَهُمْ جَزَاءُ الضِّعْفِ بِمَا عَمِلُوا وَهُمْ فِي الْغُرُفَاتِ آمِنُونَ
စင်စစ်သော်ကား အသင်တို့၏ ပစ္စည်းဥစ္စာများသည်လည်းကောင်း၊ အသင်တို့၏သားသမီးများ သည်လည်းကောင်း၊ အသင်တို့အား မည်သည့်အဆင့်အတန်း၌မျှ ငါအရှင်မြတ်၏အထံတော်သို့ နီးကပ်စေအံ့သောအရာများ မဟုတ်ပေ။သို့ရာတွင် မည်သူမဆို အီမာန် သက်ဝင်ယုံကြည်၍ ကောင်းမြတ်သောအကျင့်သီလကို ကျင့်မူဆောက်တည်ခဲ့မူ ၎င်းတို့အဖို့၎င်းတို့ ကျင့်မူဆောက်တည်ခဲ့ကြကုန်သော အကျင့်သီလများ၏တိုးသောအကျိုးရှိသည့်အပြင် ၎င်းတို့သည် မြင့်စွင့်သောအဆောင်များ၌ ဘေးရန်ခပ်သိမ်း ကင်းငြိမ်းစွာ ရှိကြပေမည်။
وَالَّذِينَ يَسْعَوْنَ فِي آيَاتِنَا مُعَاجِزِينَ أُولَٰئِكَ فِي الْعَذَابِ مُحْضَرُونَ
သို့ရာတွင် ငါအရှင်မြတ်၏ အာယတ်တော်များကို ပျက်ပြားအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြသော သူတို့မှာမူကား ပြစ်ဒဏ်၌ အဆင်သင့် ရောက်ရှိစေခြင်းခံကြရမည့်သူများပင် ဖြစ်ကြကုန်၏။
قُلْ إِنَّ رَبِّي يَبْسُطُ الرِّزْقَ لِمَنْ يَشَاءُ مِنْ عِبَادِهِ وَيَقْدِرُ لَهُ ۚ وَمَا أَنْفَقْتُمْ مِنْ شَيْءٍ فَهُوَ يُخْلِفُهُ ۖ وَهُوَ خَيْرُ الرَّازِقِينَ
(အို-နဗီတမန်တော်) အသင်သည် ပြောကြားပါဦးလေ။ (အချင်းတို့) ဧကန်မလွဲ ငါ့အားဖန်ဆင်း မွေးမြူတော်မူသောအရှင်မြတ်သည် မိမိကျွန်များအနက် မိမိအလိုရှိတော်မူသောသူအား စားနပ်ရိက္ခာကို ကျယ်ဝန်းပေါများစွာ ချီးမြှင့်ပေးသနားတော်မူ၍ (မိမိအလိုရှိတော်မူသော) သူအား (စားနပ်ရိက္ခာကို) ကျပ်တည်းစေတော်မူ၏။ ၎င်းပြင် အသင်တို့သည်မည်သည့် တစ်စုံတစ်ရာကိုမဆို (ထိုအရှင်မြတ် နှစ်လိုတော်မူရာ၌) သုံးစွဲ လှူဒါန်းခဲ့ကြလျှင် ထိုအရှင်မြတ်သည် ၎င်း၏အစားကိုပေးတော်မူပေမည်။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် စားနပ်ရိက္ခာချီးမြှင့်သူတို့အနက် အကောင်းဆုံးပင် ဖြစ်တော်မူပေသတည်း။
وَيَوْمَ يَحْشُرُهُمْ جَمِيعًا ثُمَّ يَقُولُ لِلْمَلَائِكَةِ أَهَٰؤُلَاءِ إِيَّاكُمْ كَانُوا يَعْبُدُونَ
၎င်းပြင် အကြင်နေ့တွင် ထိုအရှင်မြတ်သည်၎င်းတို့အားလုံးကို စုရုံးတော်မူပြီးနောက် မလာအိကဟ်ကောင်းကင်တမန်တို့အား ဤသူတို့သည် အသင်တို့အားဆည်းကပ်ကိုးကွယ်လျက် ရှိခဲ့ကြသည်လော ဟု မေးမြန်းတော်မူပေမည်။
قَالُوا سُبْحَانَكَ أَنْتَ وَلِيُّنَا مِنْ دُونِهِمْ ۖ بَلْ كَانُوا يَعْبُدُونَ الْجِنَّ ۖ أَكْثَرُهُمْ بِهِمْ مُؤْمِنُونَ
ထို မလာအိကဟ် ကောင်းကင်တမန်တို့က(ဤသို့)လျှောက်ထားခဲ့ကြပေမည်။ (အို-အရှင်မြတ်၊)အရှင်မြတ်သည် စင်ကြယ်သန့်ရှင်းတော်မူပါ၏။ ကျွန်တော်မျိုး တို့သည်အရှင်မြတ်နှင့်သာ ပတ်သက်ကြပါသည်။ ၎င်းတို့နှင့် မပတ်သက်ကြပါ။ စင်စစ်မှာကား ၎င်းတို့သည် ဂျင်န်သတ္တဝါများကိုသာ ဆည်းကပ်ကိုးကွယ်လျက် ရှိခဲ့ကြပါသည်။ ၎င်းတို့အနက်အများဆုံးသောသူတို့မှာ ဂျင်န်သတ္တဝါများကိုပင် ယုံကြည်သူများ ဖြစ်ခဲ့ကြပါသည်။

Choose other languages: