Quran Apps in many lanuages:

Surah Saba Ayahs #28 Translated in Burmese

قُلْ مَنْ يَرْزُقُكُمْ مِنَ السَّمَاوَاتِ وَالْأَرْضِ ۖ قُلِ اللَّهُ ۖ وَإِنَّا أَوْ إِيَّاكُمْ لَعَلَىٰ هُدًى أَوْ فِي ضَلَالٍ مُبِينٍ
(အို-နဗီတမန်တော်)အသင်သည် မေးမြန်းပါလေ။ (အချင်းတို့၊) မိုးကောင်းကင်များမှလည်းကောင်း၊ ပထဝီမြေမှလည်းကောင်း၊ မည်သူသည် အသင်တို့အား စားနပ်ရိက္ခာချီးမြှင့်ပါသနည်း။ (ထို့နောက်)အသင်သည် အလ္လာဟ်အရှင်မြတ်ပင် ချီးမြှင့်ပေးသနားတော်မူ၏ဟု ဖြေကြားပါလေ။ ၎င်းပြင် ငါတို့သည် သို့မဟုတ် အသင်တို့သည်ပင် တရားလမ်းမှန်ပေါ်၌သော်လည်းကောင်း၊ ထင်ရှားစွာ သောလမ်းမှားမှု၌သော်လည်းကောင်း၊ ရှိကြပေသည်။
قُلْ لَا تُسْأَلُونَ عَمَّا أَجْرَمْنَا وَلَا نُسْأَلُ عَمَّا تَعْمَلُونَ
(အို-နဗီတမန်တော်) အသင်သည် ပြောကြားပါဦးလေ၊ (အချင်းတို့၊)အသင်တို့သည်လည်း ငါတို့ကျူးလွန်ခဲ့ကြသော ပြစ်မှုများနှင့်စပ်လျဉ်း၍ စစ်ဆေးမေးမြန်းခြင်းခံကြရမည် မဟုတ်ပေ၊ ငါတို့သည် အသင်တို့ ကျင့်မူကြသည်တို့နှင့်စပ်လျဉ်း၍ စစ်ဆေးမေးမြန်းခြင်း ခံကြရမည် မဟုတ်ပေ။
قُلْ يَجْمَعُ بَيْنَنَا رَبُّنَا ثُمَّ يَفْتَحُ بَيْنَنَا بِالْحَقِّ وَهُوَ الْفَتَّاحُ الْعَلِيمُ
(အို-နဗီတမန်တော်) အသင်သည် ပြောကြားပါဦးလေ။ (အချင်းတို့၊) ငါတို့အား ဖန်ဆင်းမွေးမြူတော် မူသောအရှင်မြတ်သည် ငါတို့အား (ကိယာမတ် ရှင်ပြန်ထမည့်နေ့တွင်) စုရုံးတော်မူပေမည်။ ထို့နောက် ထိုအရှင်မြတ်သည်ငါတို့၏အကြား၌ မှန်ကန်စွာစီရင် ဆုံးဖြတ်တော်မူပေမည်။စင်စစ် ထိုအရှင်မြတ်သည် လွန်စွာ စီရင်ဆုံးဖြတ်တော်မူသော၊လွန်စွာ သိတော် မူသောအရှင် ဖြစ်တော်မူ၏။
قُلْ أَرُونِيَ الَّذِينَ أَلْحَقْتُمْ بِهِ شُرَكَاءَ ۖ كَلَّا ۚ بَلْ هُوَ اللَّهُ الْعَزِيزُ الْحَكِيمُ
(အို-နဗီတမန်တော်) အသင်သည် ပြောကြားပါဦးလေ။ (အချင်းတို့၊) အသင်တို့သည် တွဲဖက်များအဖြစ် ထိုအရှင်မြတ်နှင့် ပေါင်းဖက်(ကိုးကွယ်)ခဲ့ကြသောသူတို့ကို ငါ့အားပြသကြလေကုန်၊ အလျှင်း မဟုတ်ပေ၊ စင်စစ်မှာ ထိုကိုးကွယ်ရာအစစ်ဖြစ်သည့် အရှင်မြတ်မှာကား အလွန်တရာ နိုင်နင်းလွှမ်းမိုးတော်မူသော၊ ဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသော၊အလ္လာဟ်အရှင်မြတ်ပင် ဖြစ်တော်မူပေသည်။
وَمَا أَرْسَلْنَاكَ إِلَّا كَافَّةً لِلنَّاسِ بَشِيرًا وَنَذِيرًا وَلَٰكِنَّ أَكْثَرَ النَّاسِ لَا يَعْلَمُونَ
(အို-နဗီတမန်တော်) အမှန်သော်ကား ငါအရှင်မြတ်သည် အသင့်အား ခပ်သိမ်းကုန်သောလူတို့အဖို့ ဝမ်းမြောက်ဖွယ်ရာသတင်း ပြောကြားသူအဖြစ် လည်းကောင်း၊သတိပေးနှိုးဆော်သူအဖြစ်လည်းကောင်း၊ စေလွှတ်တော်မူခဲ့၏။သို့ရာတွင် များစွာသောသူတို့မှာ မသိနားမလည်ကြပေ။

Choose other languages: