Quran Apps in many lanuages:

Surah Saba Ayahs #26 Translated in Burmese

قُلِ ادْعُوا الَّذِينَ زَعَمْتُمْ مِنْ دُونِ اللَّهِ ۖ لَا يَمْلِكُونَ مِثْقَالَ ذَرَّةٍ فِي السَّمَاوَاتِ وَلَا فِي الْأَرْضِ وَمَا لَهُمْ فِيهِمَا مِنْ شِرْكٍ وَمَا لَهُ مِنْهُمْ مِنْ ظَهِيرٍ
(အို-နဗီတမန်တော်)အသင်သည် ပြောကြား ပါလေ။ (အချင်းတို့) အသင်တို့သည် အလ္လာဟ်အရှင်မြတ်အပြင်(ကိုးကွယ်ရာဘုရားများဖြစ်ကြသည်ဟု) မိမိတို့ထင်မှတ် ကိုးကွယ်ခဲ့ကြသောသူတို့အားဟစ်ခေါ်ကြလေကုန်။ ထိုသူတို့သည်မိုးကောင်းကင်များ၌လည်းကောင်း၊ ပထဝီမြေ၌ လည်းကောင်း၊နှမ်းစေ့ခန့်မျှပင် ပိုင်ဆိုင်ကြသည် မဟုတ်ပေ။ ထိုမှတစ်ပါးယင်းမိုးကောင်းကင်များနှင့် ပထဝီမြေနှစ်ခု၌ ၎င်းတို့၏ ဖက်စပ်မှုဟူ၍လည်း လုံးဝမရှိပေ။ ထိုနည်းတူစွာ ၎င်းတို့အနက်ထိုအရှင်မြတ်အား ယိုင်းပင်းကူညီသူဟူ၍လည်း တစ်ဦးတစ်ယောက်မျှပင်မရှိချေ။
وَلَا تَنْفَعُ الشَّفَاعَةُ عِنْدَهُ إِلَّا لِمَنْ أَذِنَ لَهُ ۚ حَتَّىٰ إِذَا فُزِّعَ عَنْ قُلُوبِهِمْ قَالُوا مَاذَا قَالَ رَبُّكُمْ ۖ قَالُوا الْحَقَّ ۖ وَهُوَ الْعَلِيُّ الْكَبِيرُ
၎င်းပြင် ထိုအရှင်တော်မြတ် အထံတော်တွင်ထိုအရှင်မြတ် ခွင့်ပြုတော်မူသောသူ၏အဖို့မှတစ်ပါး အခြားမည်သူတစ်ဦးတစ်ယောက်အဖို့မျှပင် ကြားဝင်အသနားခံပေးမှုသည် အကျိုးရှိစေမည်မဟုတ်ပေ။ နောက်ဆုံးတွင် ကြောက်ရွံ့ထိတ်လန့်မှုသည် ၎င်းတို့၏စိတ်နှလုံးများမှ ပပျောက်သွား လေသောအခါ အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် မည်သည်ကို မိန့်ကြားတော်မူပါသနည်း ဟု ၎င်းတို့သည် (အချင်းချင်း) မေးမြန်းကြပေမည်။ (ထိုအခါ) ၎င်းတို့ကအမှန်ကို (မိန့်ကြားတော်မူခဲ့သည်)ဟု ပြန်ကြားကြပေမည်။စင်စစ်သော်ကား ထိုအရှင်မြတ်သည် လွန်စွာ မြင့်မြတ်ကြီးကဲတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
قُلْ مَنْ يَرْزُقُكُمْ مِنَ السَّمَاوَاتِ وَالْأَرْضِ ۖ قُلِ اللَّهُ ۖ وَإِنَّا أَوْ إِيَّاكُمْ لَعَلَىٰ هُدًى أَوْ فِي ضَلَالٍ مُبِينٍ
(အို-နဗီတမန်တော်)အသင်သည် မေးမြန်းပါလေ။ (အချင်းတို့၊) မိုးကောင်းကင်များမှလည်းကောင်း၊ ပထဝီမြေမှလည်းကောင်း၊ မည်သူသည် အသင်တို့အား စားနပ်ရိက္ခာချီးမြှင့်ပါသနည်း။ (ထို့နောက်)အသင်သည် အလ္လာဟ်အရှင်မြတ်ပင် ချီးမြှင့်ပေးသနားတော်မူ၏ဟု ဖြေကြားပါလေ။ ၎င်းပြင် ငါတို့သည် သို့မဟုတ် အသင်တို့သည်ပင် တရားလမ်းမှန်ပေါ်၌သော်လည်းကောင်း၊ ထင်ရှားစွာ သောလမ်းမှားမှု၌သော်လည်းကောင်း၊ ရှိကြပေသည်။
قُلْ لَا تُسْأَلُونَ عَمَّا أَجْرَمْنَا وَلَا نُسْأَلُ عَمَّا تَعْمَلُونَ
(အို-နဗီတမန်တော်) အသင်သည် ပြောကြားပါဦးလေ၊ (အချင်းတို့၊)အသင်တို့သည်လည်း ငါတို့ကျူးလွန်ခဲ့ကြသော ပြစ်မှုများနှင့်စပ်လျဉ်း၍ စစ်ဆေးမေးမြန်းခြင်းခံကြရမည် မဟုတ်ပေ၊ ငါတို့သည် အသင်တို့ ကျင့်မူကြသည်တို့နှင့်စပ်လျဉ်း၍ စစ်ဆေးမေးမြန်းခြင်း ခံကြရမည် မဟုတ်ပေ။
قُلْ يَجْمَعُ بَيْنَنَا رَبُّنَا ثُمَّ يَفْتَحُ بَيْنَنَا بِالْحَقِّ وَهُوَ الْفَتَّاحُ الْعَلِيمُ
(အို-နဗီတမန်တော်) အသင်သည် ပြောကြားပါဦးလေ။ (အချင်းတို့၊) ငါတို့အား ဖန်ဆင်းမွေးမြူတော် မူသောအရှင်မြတ်သည် ငါတို့အား (ကိယာမတ် ရှင်ပြန်ထမည့်နေ့တွင်) စုရုံးတော်မူပေမည်။ ထို့နောက် ထိုအရှင်မြတ်သည်ငါတို့၏အကြား၌ မှန်ကန်စွာစီရင် ဆုံးဖြတ်တော်မူပေမည်။စင်စစ် ထိုအရှင်မြတ်သည် လွန်စွာ စီရင်ဆုံးဖြတ်တော်မူသော၊လွန်စွာ သိတော် မူသောအရှင် ဖြစ်တော်မူ၏။

Choose other languages: