Quran Apps in many lanuages:

Surah Muhammad Ayahs #34 Translated in Burmese

وَلَوْ نَشَاءُ لَأَرَيْنَاكَهُمْ فَلَعَرَفْتَهُمْ بِسِيمَاهُمْ ۚ وَلَتَعْرِفَنَّهُمْ فِي لَحْنِ الْقَوْلِ ۚ وَاللَّهُ يَعْلَمُ أَعْمَالَكُمْ
စင်စစ်သော်ကား အကယ်၍သာ ငါအရှင်မြတ်သည် အလိုရှိတော်မူပါလျှင် ငါအရှင်မြတ်သည် အသင့်အား ၎င်းတို့ကို (သိစေအံ့သောငှာ) အမှန်ပင် ပြသတော်မူပေမည်။ထိုအခါ အသင်သည် မုချဧကန် ၎င်းတို့အား ၎င်းတို့၏ ရုပ်ရည်လက္ခဏာအမူအရာဖြင့် မုချအတိအကျ သိရှိပေမည်။ ထိုမှတစ်ပါး အသင်သည် ၎င်းတို့အား (၎င်းတို့၏) စကားပြောဆိုပုံ စကားအသွားအလာဖြင့် (ယခုလည်း) အမှန်ပင် သိရှိပေမည်။အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အသင်တို့၏ ပြုမူဆောင်ရွက်ချက်တို့ကို ကောင်းစွာ သိရှိတော်မူ၏။
وَلَنَبْلُوَنَّكُمْ حَتَّىٰ نَعْلَمَ الْمُجَاهِدِينَ مِنْكُمْ وَالصَّابِرِينَ وَنَبْلُوَ أَخْبَارَكُمْ
၎င်းပြင် ဧကန်မလွဲ ငါအရှင်မြတ်သည် အသင်တို့အနက်မှ သက်စွန့်ကြိုးပမ်း ဆောင်ရွက်သူတို့ကို သိရှိတော်မူသည့် တိုင်အောင်လည်းကောင်း၊ အသင်တို့၏ အခြေအနေများကို စမ်းသပ် (ကြည့်ရှု)တော်မူသည့် တိုင်အောင်လည်းကောင်း၊အသင်တို့အား စမ်းသပ်တော်မူအံ့သတည်း။
إِنَّ الَّذِينَ كَفَرُوا وَصَدُّوا عَنْ سَبِيلِ اللَّهِ وَشَاقُّوا الرَّسُولَ مِنْ بَعْدِ مَا تَبَيَّنَ لَهُمُ الْهُدَىٰ لَنْ يَضُرُّوا اللَّهَ شَيْئًا وَسَيُحْبِطُ أَعْمَالَهُمْ
ဧကန်အမှန် အကြင်သူတို့သည် သွေဖည်ငြင်းပယ်ခဲ့ကြကုန်၏။ ထို့ပြင် ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်၏လမ်းမှ(လည်း) တားဆီးခဲ့ကြကုန်၏။ ထိုမှတစ်ပါး ၎င်းတို့သည် ရစူလ်တမန်တော်မြတ်အား ဆန့်ကျင်ဘက် ပြုလုပ်ခဲ့ကြကုန်၏။၎င်းတို့သည် အလ္လာဟ်အရှင်မြတ်အား အနည်းငယ်�ိုးစဉ်းမျှပင် အကျိုးယုတ်စေနိုင်ကြမည် မဟုတ်ပေ။ သို့ရာတွင် ထိုအရှင်မြတ်သည် အမှန်ပင် ၎င်းတို့၏ ပြုလုပ်ဆောင်ရွက်ချက်တို့ကို အချည်းနှီး ဖြစ်စေတော်မူပေမည်။
يَا أَيُّهَا الَّذِينَ آمَنُوا أَطِيعُوا اللَّهَ وَأَطِيعُوا الرَّسُولَ وَلَا تُبْطِلُوا أَعْمَالَكُمْ
‘အို-မုအ်မင်န်’ သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏အမိန့်တော်ကို လိုက်နာကြလေကုန်။ ထို့ပြင် အသင်တို့သည် ရစူလ်တမန်တော်မြတ်၏ အမိန့်တော်ကို(လည်း) လိုက်နာကြလေကုန်။ ထိုမှတစ်ပါး အသင်တို့သည် မိမိတို့၏ အပြုအမူ ဆောင်ရွက်ချက်များကို အချည်းနှီး မဖြစ်စေကြကုန်လင့်။
إِنَّ الَّذِينَ كَفَرُوا وَصَدُّوا عَنْ سَبِيلِ اللَّهِ ثُمَّ مَاتُوا وَهُمْ كُفَّارٌ فَلَنْ يَغْفِرَ اللَّهُ لَهُمْ
ဧကန်စင်စစ် အကြင်သူတို့သည် သွေဖည်ငြင်းပယ်ခဲ့ကြကုန်၏။ ထို့ပြင် ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်၏လမ်းမှ တားဆီး ပိတ်ပင်ခဲ့ကြကုန်၏။ ထို့နောက် ၎င်းတို့သည် ကာဖိရ်သွေဖည်ငြင်းပယ်သူတို့အဖြစ်နှင့်ပင် သေဆုံးသွားခဲ့ကြကုန်၏။ သို့ဖြစ်လျှင် အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား အလျှင်း ခွင့်လွှတ်ချမ်းသာပေးတော်မူမည် မဟုတ်ပေ။

Choose other languages: