Quran Apps in many lanuages:

Surah Maryam Ayahs #80 Translated in Burmese

وَيَزِيدُ اللَّهُ الَّذِينَ اهْتَدَوْا هُدًى ۗ وَالْبَاقِيَاتُ الصَّالِحَاتُ خَيْرٌ عِنْدَ رَبِّكَ ثَوَابًا وَخَيْرٌ مَرَدًّا
စင်စစ် အလ္လာဟ်အရှင်မြတ်သည် တရားလမ်းမှန်ကို လိုက်စားသူတို့အား တရားလမ်းမှန်၌ တိုး တက်စေတော်မူ၏။ အမှန်သော်ကား အမြဲတစေ တည်ရှိနေမည်ဖြစ်သောကောင်းမြတ်သော အကျင့်သီလများသည် အသင့်အားဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်အထံတော်တွင် ကုသိုလ်အကျိုးအားဖြင့်လည်း အကောင်းဆုံးပင်ဖြစ်ပေသည်။ နောက်ဆုံးအကျိုးဆက်အားဖြင့်လည်း အကောင်းဆုံးပင်ဖြစ်ချေသတည်း။
أَفَرَأَيْتَ الَّذِي كَفَرَ بِآيَاتِنَا وَقَالَ لَأُوتَيَنَّ مَالًا وَوَلَدًا
(အို-နဗီတမန်တော်)အသင်သည် အကြင်သူအားမြင်ခဲ့လေသလော။ ထိုသူသည် ငါအရှင်မြတ်၏ သက်သေလက္ခဏာတော်များကိုလည်း ငြင်းပယ်ခဲ့သေး၏။ ၎င်းပြင်အမှန်မုချ ကျွန်ုပ်သည် (နောင်တမလွန်ဘဝတွင်လည်း) ဥစ္စာပစ္စည်းကိုလည်းကောင်း၊ သားသမီးကိုလည်းကောင်း၊ ချီးမြှင့်ခြင်းကို ခံရဦးမည်ဟူ၍လည်း ပြောဆိုခဲ့ပေသည်။
أَطَّلَعَ الْغَيْبَ أَمِ اتَّخَذَ عِنْدَ الرَّحْمَٰنِ عَهْدًا
အသို့ပါနည်း ထိုသူတို့သည် အကွယ်၌ရှိသည်ကို သိရှိခဲ့လေသလော။ သို့တည်းမဟုတ် ထိုသူသည်ရဟ်မာန်အနန္တကရုဏာတော်ရှင်၏ အထံတော်၌ ပဋိညာဉ်တစ်ခုခုကိုဖွဲ့ခဲ့လေသလော။
كَلَّا ۚ سَنَكْتُبُ مَا يَقُولُ وَنَمُدُّ لَهُ مِنَ الْعَذَابِ مَدًّا
အလျှင်းမဟုတ်ပေ။ ယခုပင် ငါအရှင်မြတ်သည်ထိုသူပြောဆိုသော စကားကို ရေးသားတော်မူမည်။ ၎င်းပြင်ငါအရှင်မြတ်သည် ထိုသူ၌ ပြစ်ဒဏ်ကိုလည်း တိုးတက်ခံစားစေတော်မူမည်။
وَنَرِثُهُ مَا يَقُولُ وَيَأْتِينَا فَرْدًا
၎င်းပြင် ထိုသူပြောဆိုသည့်အရာများကို ငါအရှင်မြတ်သည်သာလျှင် ပိုင်ဆိုင်တော်မူပေမည်။ ထို့နောက်၎င်းသည် ငါအရှင်မြတ်အထံတော်သို့ တစ်ကိုယ်တည်းပင်ရောက်ရှိလာအံ့သတည်း။

Choose other languages: