Quran Apps in many lanuages:

Surah Maryam Ayahs #82 Translated in Burmese

أَطَّلَعَ الْغَيْبَ أَمِ اتَّخَذَ عِنْدَ الرَّحْمَٰنِ عَهْدًا
အသို့ပါနည်း ထိုသူတို့သည် အကွယ်၌ရှိသည်ကို သိရှိခဲ့လေသလော။ သို့တည်းမဟုတ် ထိုသူသည်ရဟ်မာန်အနန္တကရုဏာတော်ရှင်၏ အထံတော်၌ ပဋိညာဉ်တစ်ခုခုကိုဖွဲ့ခဲ့လေသလော။
كَلَّا ۚ سَنَكْتُبُ مَا يَقُولُ وَنَمُدُّ لَهُ مِنَ الْعَذَابِ مَدًّا
အလျှင်းမဟုတ်ပေ။ ယခုပင် ငါအရှင်မြတ်သည်ထိုသူပြောဆိုသော စကားကို ရေးသားတော်မူမည်။ ၎င်းပြင်ငါအရှင်မြတ်သည် ထိုသူ၌ ပြစ်ဒဏ်ကိုလည်း တိုးတက်ခံစားစေတော်မူမည်။
وَنَرِثُهُ مَا يَقُولُ وَيَأْتِينَا فَرْدًا
၎င်းပြင် ထိုသူပြောဆိုသည့်အရာများကို ငါအရှင်မြတ်သည်သာလျှင် ပိုင်ဆိုင်တော်မူပေမည်။ ထို့နောက်၎င်းသည် ငါအရှင်မြတ်အထံတော်သို့ တစ်ကိုယ်တည်းပင်ရောက်ရှိလာအံ့သတည်း။
وَاتَّخَذُوا مِنْ دُونِ اللَّهِ آلِهَةً لِيَكُونُوا لَهُمْ عِزًّا
ထို့ပြင် ၎င်းတို့သည် မိမိတို့အဖို့ အကူအညီပေးသူများဖြစ်ကြအံ့သောငှာ အလ္လာဟ်အရှင်မြတ်အပြင်အခြားကိုးကွယ်ရာများလည်း ပြုလုပ်ထားခဲ့ကြကုန်၏။
كَلَّا ۚ سَيَكْفُرُونَ بِعِبَادَتِهِمْ وَيَكُونُونَ عَلَيْهِمْ ضِدًّا
(ယင်းကိုးကွယ်ရာများသည် ၎င်းတို့အား အကူအညီပေးသူများ) အလျှင်း (ဖြစ်ကြမည်)မဟုတ်ပေ။ (စင်စစ်)မကြာမီပင် (ယင်းကိုးကွယ်ရာများသည်) ၎င်းတို့အား ကိုးကွယ်မှုကိုငြင်းပယ်၍ ၎င်းတို့၏ ရန်သူရန်ဘက်များပင် ဖြစ်သွားကြပေမည်။

Choose other languages: