Quran Apps in many lanuages:

Surah Maryam Ayahs #83 Translated in Burmese

كَلَّا ۚ سَنَكْتُبُ مَا يَقُولُ وَنَمُدُّ لَهُ مِنَ الْعَذَابِ مَدًّا
အလျှင်းမဟုတ်ပေ။ ယခုပင် ငါအရှင်မြတ်သည်ထိုသူပြောဆိုသော စကားကို ရေးသားတော်မူမည်။ ၎င်းပြင်ငါအရှင်မြတ်သည် ထိုသူ၌ ပြစ်ဒဏ်ကိုလည်း တိုးတက်ခံစားစေတော်မူမည်။
وَنَرِثُهُ مَا يَقُولُ وَيَأْتِينَا فَرْدًا
၎င်းပြင် ထိုသူပြောဆိုသည့်အရာများကို ငါအရှင်မြတ်သည်သာလျှင် ပိုင်ဆိုင်တော်မူပေမည်။ ထို့နောက်၎င်းသည် ငါအရှင်မြတ်အထံတော်သို့ တစ်ကိုယ်တည်းပင်ရောက်ရှိလာအံ့သတည်း။
وَاتَّخَذُوا مِنْ دُونِ اللَّهِ آلِهَةً لِيَكُونُوا لَهُمْ عِزًّا
ထို့ပြင် ၎င်းတို့သည် မိမိတို့အဖို့ အကူအညီပေးသူများဖြစ်ကြအံ့သောငှာ အလ္လာဟ်အရှင်မြတ်အပြင်အခြားကိုးကွယ်ရာများလည်း ပြုလုပ်ထားခဲ့ကြကုန်၏။
كَلَّا ۚ سَيَكْفُرُونَ بِعِبَادَتِهِمْ وَيَكُونُونَ عَلَيْهِمْ ضِدًّا
(ယင်းကိုးကွယ်ရာများသည် ၎င်းတို့အား အကူအညီပေးသူများ) အလျှင်း (ဖြစ်ကြမည်)မဟုတ်ပေ။ (စင်စစ်)မကြာမီပင် (ယင်းကိုးကွယ်ရာများသည်) ၎င်းတို့အား ကိုးကွယ်မှုကိုငြင်းပယ်၍ ၎င်းတို့၏ ရန်သူရန်ဘက်များပင် ဖြစ်သွားကြပေမည်။
أَلَمْ تَرَ أَنَّا أَرْسَلْنَا الشَّيَاطِينَ عَلَى الْكَافِرِينَ تَؤُزُّهُمْ أَزًّا
(အို-နဗီတမန်တော်)အသင်သည် မသိမမြင်ခဲ့ပါသလော။ ဧကန်မလွဲ ငါအရှင်မြတ်သည် ကာဖိရ် သွေဖည်ငြင်းပယ်သောသူတို့အပေါ်၌ ရှိုင်တွာန်မိစ္ဆာကောင်များကို စေလွှတ်ထားတော်မူခဲ့လေသည်။ ထိုရှိုင်တွာန်မိစ္ဆာကောင်များသည် ယင်းသွေဖည်ငြင်းပယ်သောသူတို့အား လွန်စွာလှုံ့ဆော်လျက်ရှိကြကုန်၏။

Choose other languages: