Quran Apps in many lanuages:

Surah Maryam Ayahs #58 Translated in Burmese

وَاذْكُرْ فِي الْكِتَابِ إِسْمَاعِيلَ ۚ إِنَّهُ كَانَ صَادِقَ الْوَعْدِ وَكَانَ رَسُولًا نَبِيًّا
ထိုမှတစ်ပါး (အို-နဗီတမန်တော်) အသင်သည်(ဤ)ကျမ်းဂန်မှ (နဗီတမန်တော်)အစ္စမာအီလ်၏အကြောင်းအတ္ထုပ္ပတ္တိကို (၎င်းတို့ရှေ့ဝယ်)ဖတ်ကြားပါလေ။ ဧကန်စင်စစ်ယင်းအစ္စမာအီလ်သည် ကတိတည်ကြည်သူဖြစ်ခဲ့သည့်ပြင်ရစူလ်တမန်တော်လည်းဖြစ်ခဲ့၏။ နဗီတမန်တော်လည်း ဖြစ်ခဲ့၏။
وَكَانَ يَأْمُرُ أَهْلَهُ بِالصَّلَاةِ وَالزَّكَاةِ وَكَانَ عِنْدَ رَبِّهِ مَرْضِيًّا
၎င်းပြင် ယင်းအစ္စမာအီလ်သည် မိမိအိမ်သူအိမ်သားတို့အား ဆွလာတ်ဝတ်ပြုရန်လည်းကောင်း၊ ဇကာတ်ပေးဆောင်ရန်လည်းကောင်း၊ အမိန့်ပေးညွှန် ကြားလေ့ရှိခဲ့ပေသည်။ထိုမှတစ်ပါး ယင်းအစ္စမာအီလ်သည် မိမိအားဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ် အထံတော်တွင် နှစ်မြို့ဖွယ်လည်း ဖြစ်ခဲ့ပေသတည်း။
وَاذْكُرْ فِي الْكِتَابِ إِدْرِيسَ ۚ إِنَّهُ كَانَ صِدِّيقًا نَبِيًّا
၎င်းပြင် (အို-နဗီတမန်တော်)အသင်သည် (၎င်းတို့ရှေ့ဝယ်ဤ)ကျမ်းဂန်မှ (နဗီတမန်တော်) အိဒ်ရီစ်၏အကြောင်းအတ္ထုပ္ပတ္တိကို ဖတ်ကြားပါလေ။ ဧကန်အမှန်ပင်ယင်းအိဒ်ရီစ်သည် သစ္စာဝါဒီဖြစ်ခဲ့၏။ နဗီတမန်တော်ဖြစ်ခဲ့၏။
وَرَفَعْنَاهُ مَكَانًا عَلِيًّا
ထို့ပြင် ငါအရှင်မြတ်သည် ယင်းအိဒ်ရီစ်အားမြင့်မြတ်သော နေရာဌာနသို့ ချီးမြှင့်မြှောက်စားတော် မူခဲ့ပေသတည်း။
أُولَٰئِكَ الَّذِينَ أَنْعَمَ اللَّهُ عَلَيْهِمْ مِنَ النَّبِيِّينَ مِنْ ذُرِّيَّةِ آدَمَ وَمِمَّنْ حَمَلْنَا مَعَ نُوحٍ وَمِنْ ذُرِّيَّةِ إِبْرَاهِيمَ وَإِسْرَائِيلَ وَمِمَّنْ هَدَيْنَا وَاجْتَبَيْنَا ۚ إِذَا تُتْلَىٰ عَلَيْهِمْ آيَاتُ الرَّحْمَٰنِ خَرُّوا سُجَّدًا وَبُكِيًّا ۩
အလ္လာဟ်အရှင်မြတ် ကျေးဇူးပြုတော်မူခဲ့သောသူတို့ကား ဤနဗီတမန်တော်များပင်တည်း။ အချို့မှာ အာဒမ်၏သားသမီးများ၊ အချို့မှာ ငါအရှင်မြတ်သည်(နဗီတမန်တော်)နူဟ်နှင့်အတူ(သင်္ဘောပေါ်တွင်)တင်ဆောင်တော်မူခဲ့သော သူတို့၏သားသမီးများ၊ အချို့မှာ အစ်ဗ်ရာဟီမ်၏သားသမီးများ၊အချို့မှာ အစ္စရာအီလ်၏သားသမီးများ ဖြစ်ကြပေသည်။ ထို့ပြင် ၎င်းတို့အားလုံးမှာ ငါအရှင်မြတ် တရားလမ်းမှန် ညွှန်ပြတော်မူခဲ့သော၊ (ငါအရှင်မြတ်) ရွေးချယ်တော် မူခဲ့သောသူတို့အနက်မှလည်း ဖြစ်ခဲ့ကြကုန်သည်။ မည်သည့်အခါမျိုးမဆို ထိုသူတို့ရှေ့ဝယ် ရဟ်မာန်အနန္တကရုဏာတော်ရှင်၏ မုက္ခပါဌ်တော်များကို ဖတ်ကြားခဲ့ပါလျှင်၊ ထိုသူတို့သည် ငိုကြွေးလျက်ပျပ်ဝတ်ဦးချကြကုန်၏။

Choose other languages: