Quran Apps in many lanuages:

Surah Luqman Ayahs #32 Translated in Burmese

مَا خَلْقُكُمْ وَلَا بَعْثُكُمْ إِلَّا كَنَفْسٍ وَاحِدَةٍ ۗ إِنَّ اللَّهَ سَمِيعٌ بَصِيرٌ
အသင်တို့အား ဖန်ဆင်းတော်မူခြင်းနှင့် အသင်တို့အား (သေပြီးနောက်တဖန်) ရှင်ပြန်ထစေတော်မူ ခြင်းသည်လူတစ်ယောက်(ကိုဖန်ဆင်းတော်မူခြင်း၊ သို့မဟုတ် လူတစ်ယောက်အား ရှင်ပြန်ထစေတော်မူခြင်း) ကဲ့သို့သာဖြစ်သည်။အကယ်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလွန်တရာကြားတော်မူသော၊ အလွန်တရာ မြင်တော်မူသောအရှင်မြတ်ပင်ဖြစ်တော်မူပေသတည်း။
أَلَمْ تَرَ أَنَّ اللَّهَ يُولِجُ اللَّيْلَ فِي النَّهَارِ وَيُولِجُ النَّهَارَ فِي اللَّيْلِ وَسَخَّرَ الشَّمْسَ وَالْقَمَرَ كُلٌّ يَجْرِي إِلَىٰ أَجَلٍ مُسَمًّى وَأَنَّ اللَّهَ بِمَا تَعْمَلُونَ خَبِيرٌ
အသင်သည် မသိမမြင်ခဲ့လေသလော၊ ဧကန်မုချ အလ္လာဟ်အရှင်မြတ်သည် ည(၏အစိတ်အပိုင်းများ)ကို နေ့တွင်လည်းကောင်း၊ နေ့(၏ အစိတ်အပိုင်းများ)ကို ညတွင်လည်းကောင်း ဝင်စေတော်မူ၏။ ထို့ပြင်၊ ထိုအရှင်မြတ်သည် ‘နေ’ကိုလည်းကောင်း၊ ‘လ’ ကို လည်းကောင်း နိုင်နင်းစေတော်မူ၏။ယင်း (‘နေ’နှင့်’လ’) အသီးသီးတို့သည် သတ်မှတ်ပြဌာန်းအပ်သော အချိန်ကာလတိုင်အောင် သွားလာလှုပ်ရှားလျက်ပင်ရှိပေမည်။ ထိုမှတစ်ပါး အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ပြုလုပ်ကြသည်တို့ကို အကြွင်းမဲ့ ကြားသိတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူ၏။
ذَٰلِكَ بِأَنَّ اللَّهَ هُوَ الْحَقُّ وَأَنَّ مَا يَدْعُونَ مِنْ دُونِهِ الْبَاطِلُ وَأَنَّ اللَّهَ هُوَ الْعَلِيُّ الْكَبِيرُ
ဤသည်ကား အလ္လာဟ်အရှင်မြတ်သည်သာလျှင် အမှန်အကန်(ထာဝရတည်ရှိနေတော်မူမည်) ဖြစ်သောကြောင့်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်မှတစ်ပါး၊ထိုသူတို့ဟစ်ခေါ်တမ်းတကြကုန်သော အရာများသည် အမှားပင်(ဖြစ်၍ပျက်စီးသွားကြမည်)သာ ဖြစ်သောကြောင့်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်သည်သာလျှင် လွန်စွာမြင့်မြတ်တော်မူသော၊ လွန်စွာ ကြီးကဲတော်မူသောအရှင် ဖြစ်တော်မူသောကြောင့်ပင် ဖြစ်ချေသတည်း။
أَلَمْ تَرَ أَنَّ الْفُلْكَ تَجْرِي فِي الْبَحْرِ بِنِعْمَتِ اللَّهِ لِيُرِيَكُمْ مِنْ آيَاتِهِ ۚ إِنَّ فِي ذَٰلِكَ لَآيَاتٍ لِكُلِّ صَبَّارٍ شَكُورٍ
ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်နှင့် သမုဒ္ဒရာပင်လယ်၌ ရွက်သင်္ဘောများ သွားလာလှုပ်ရှားလျက်ရှိကြခြင်းမှာ ထိုအရှင်မြတ်သည် အသင်တို့အား မိမိ၏အချို့သက်သေသာဓကများကို ပြသတော်မူရန်ဖြစ်ကြောင်းအသင်သည် မမြင်ခဲ့လေသလော။ ဧကန်မလွဲ ဤသည်တွင်ကျေးဇူးသိတတ်သော သည်းခံခြင်းတရား ထားရှိသူတိုင်း၏အဖို့အမှန်ပင် သက်သေသာဓကများ ရှိကြပေသည်။
وَإِذَا غَشِيَهُمْ مَوْجٌ كَالظُّلَلِ دَعَوُا اللَّهَ مُخْلِصِينَ لَهُ الدِّينَ فَلَمَّا نَجَّاهُمْ إِلَى الْبَرِّ فَمِنْهُمْ مُقْتَصِدٌ ۚ وَمَا يَجْحَدُ بِآيَاتِنَا إِلَّا كُلُّ خَتَّارٍ كَفُورٍ
စင်စစ် ၎င်းတို့အား လှိုင်းတံပိုးသည် အမိုးများပမာ ဖုံးလွှမ်းခဲ့သောအခါ၊ ၎င်းတို့သည် ကိုးကွယ်မှုကို အလ္လာဟ်အရှင်မြတ်အား ထိုအရှင်မြတ်အဖို့သာ စေတနာ သဒ္ဓါတရားဖြူစင်စွာထားကာ ဟစ်ခေါ်တသကြကုန်၏။ သို့ရာတွင်ထိုအရှင်မြတ်သည် ၎င်းတို့အားကယ်တင်၍ ကုန်းမြေသို့ ပို့ဆောင်တော်မူသောအခါ ၎င်းတို့အနက်အချို့သည် မဇိ္ဈမပဋိပဒါစနစ်ကိုလိုက်၏။ စင်စစ်သော်ကား ငါအရှင်မြတ်၏ သက်သေလက္ခဏာ များကိုကျေးဇူးကန်းသော ကတိသစ္စာ ဖောက်ဖျက်သူတိုင်းသာလျှင် ငြင်းပယ်လေ့ရှိကြပေသတည်း။

Choose other languages: