Quran Apps in many lanuages:

Surah Ibrahim Ayahs #45 Translated in Burmese

رَبَّنَا اغْفِرْ لِي وَلِوَالِدَيَّ وَلِلْمُؤْمِنِينَ يَوْمَ يَقُومُ الْحِسَابُ
အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ အရှင်မြတ်သည် စစ်ဆေးမှုဖြစ်ပေါ်လာမည့်နေ့တွင် ကျွန်တော်မျိုးအားလည်းကောင်း၊ ကျွန်တော်မျိုး၏မိဘနှစ်ပါးအားလည်းကောင်း၊မုအ်မင်န်သက်ဝင်ယုံကြည်သူတို့အားလည်းကောင်း၊ (အပြစ်မှ)လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူပါ။
وَلَا تَحْسَبَنَّ اللَّهَ غَافِلًا عَمَّا يَعْمَلُ الظَّالِمُونَ ۚ إِنَّمَا يُؤَخِّرُهُمْ لِيَوْمٍ تَشْخَصُ فِيهِ الْأَبْصَارُ
ထိုမှတစ်ပါး အသင်သည် အလ္လာဟ်အရှင်မြတ်အား မတရားသောသူများ ကျင့်မူကြကုန်သော အမှုကိစ္စတို့မှအမှုမဲ့အမှတ်မဲ့ နေတော်မူသောအရှင်မြတ်ဟူ၍ အလျင်းမထင်မှတ်လေနှင့်၊ ထိုအရှင်မြတ်သည် ၎င်းတို့အား အကြင်နေ့တိုင်အောင် ရွှေ့ဆိုင်းခွင့်ပေးထားတော်မူခြင်းသာလျှင် ဖြစ်ပေသည်။ ထိုနေ့တွင်(ကာဖိရ်သွေဖည် ငြင်းပယ်ကြကုန်သောသူတို့၏)မျက်စိမျက်ဆံများသည်(မျက်တောင်မခတ်)စူးစိုက်လျက်ပင်ရှိကုန်အံ့သတည်း။
مُهْطِعِينَ مُقْنِعِي رُءُوسِهِمْ لَا يَرْتَدُّ إِلَيْهِمْ طَرْفُهُمْ ۖ وَأَفْئِدَتُهُمْ هَوَاءٌ
(ထိုနေ့တွင် ၎င်းတို့သည်) မိမိတို့၏ဦးခေါင်းများကိုမော့၍ ပြေးလွှားလျက်ပင်ရှိကြပေမည်။ ထိုနေ့တွင်)၎င်းတို့၏မျက်စိများသည် ၎င်းတို့ဘက်သို့ ပြန်လှည့်မည်မဟုတ်ပေ။(ဝါ) ၎င်းတို့သည် မျက်တောင်မခတ်ဘဲရှိကြမည်။ ထိုမှတစ်ပါး၎င်းတို့ ၏စိတ်နှလုံးများသည်လည်း လွင့်ပျံလျက်ပင် ရှိနေကြပေမည်၊ (ဝါ) သတိရှိကြမည် မဟုတ်ပေ။
وَأَنْذِرِ النَّاسَ يَوْمَ يَأْتِيهِمُ الْعَذَابُ فَيَقُولُ الَّذِينَ ظَلَمُوا رَبَّنَا أَخِّرْنَا إِلَىٰ أَجَلٍ قَرِيبٍ نُجِبْ دَعْوَتَكَ وَنَتَّبِعِ الرُّسُلَ ۗ أَوَلَمْ تَكُونُوا أَقْسَمْتُمْ مِنْ قَبْلُ مَا لَكُمْ مِنْ زَوَالٍ
၎င်းပြင် (အို-နဗီတမန်တော်)အသင်သည် လူတို့အား ၎င်းတို့ထံ ပြစ်ဒဏ်ရောက်ရှိလာမည့်နေ့နှင့်စပ်လျဉ်း၍သတိပေး နှိုးဆော်ပါလေ။ ထိုအခါ မကောင်းမှုကို ကျူးလွန်ခဲ့ကြသောသူတို့က အို-ကျွန်တော်မျိုးတို့၏ အရှင်မြတ်၊ အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား အနည်းငယ်မျှသော အချိန်ကာလ တိုင်အောင် ရွှေ့ဆိုင်းခွင့် ပေးသနားတော်မူပါ။ ကျွန်တော်မျိုးတို့သည် အရှင်မြတ်၏ဖိတ်ခေါ်ချက်ကို သဘောတူလက်ခံကြပါမည်။ ထိုမှတစ်ပါး ကျွန်တော်မျိုးတို့သည် ရစူလ်တမန်တော်များ၏အမိန့်ကိုလည်းလိုက်နာကြပါမည် ဟုပြောဆိုလျှောက်ထားကြလတ္တံ့။ (ထိုရောအခါဝယ် အလ္လာဟ်အရှင်မြတ်သည် ဤသို့ပြန်ကြားတော်မူအံ့)။ အသို့ပါနည်း။အသင်တို့သည် ယခင်မူလက မိမိတို့၌ မည်သို့မျှ လွဲဖယ်တိမ်းယိမ်း ပျက်စီးယိုယွင်းမှုသည် အလျင်းရှိလိမ့်မည်မဟုတ်ဟူ၍ကျိန်ဆို(ပြောဆို)ခဲ့ကြသည် မဟုတ်တုံလော။
وَسَكَنْتُمْ فِي مَسَاكِنِ الَّذِينَ ظَلَمُوا أَنْفُسَهُمْ وَتَبَيَّنَ لَكُمْ كَيْفَ فَعَلْنَا بِهِمْ وَضَرَبْنَا لَكُمُ الْأَمْثَالَ
အမှန်စင်စစ်သော်ကား၊ သင်တို့သည် မိမိတို့ကိုယ်ကို မိမိတို့ နှိပ်စက်ကလူ ပြုမူခဲ့ကြကုန်သောသူတို့ နေထိုင်ရာအရပ်များ၌ပင် နေထိုင်ခဲ့ကြကုန်၏။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် ၎င်းတို့အား မည်သို့ ပြုလုပ်တော်မူခဲ့သည်မှာလည်းအသင်တို့ရှေ့၌ ထင်ရှားခဲ့လေပြီ။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် အသင်တို့ အကျိုးငှာ ဥပမာ ပုံဆောင်ချက်များကိုလည်းခိုင်းနှိုင်းပြတော်မူခဲ့လေသတည်း။

Choose other languages: