Quran Apps in many lanuages:

Surah Ibrahim Ayahs #36 Translated in Burmese

اللَّهُ الَّذِي خَلَقَ السَّمَاوَاتِ وَالْأَرْضَ وَأَنْزَلَ مِنَ السَّمَاءِ مَاءً فَأَخْرَجَ بِهِ مِنَ الثَّمَرَاتِ رِزْقًا لَكُمْ ۖ وَسَخَّرَ لَكُمُ الْفُلْكَ لِتَجْرِيَ فِي الْبَحْرِ بِأَمْرِهِ ۖ وَسَخَّرَ لَكُمُ الْأَنْهَارَ
အလ္လာဟ်အရှင်မြတ်သည် အကြင်အရှင်မြတ်ပင်၊ ထိုအရှင်မြတ်သည် မိုးကောင်းကင်များကို လည်းကောင်း၊ပထဝီမြေကိုလည်းကောင်း၊ ဖန်ဆင်းတော်မူခဲ့လေသည်။ ၎င်းပြင် ထိုအရှင်မြတ်သည် မိုးကောင်းကင်မှ ရေကိုချပေးတော်မူခဲ့လေသည်။ တစ်ဖန် ထိုအရှင်မြတ်သည် ထိုရေဖြင့် အသင်တို့အဖို့ သစ်သီးဝလံများကို ရိက္ခာအဖြစ်ထွက်စေတော် မူခဲ့လေသည်။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် ရွက်သင်္ဘောများကို၊ထိုရွက်သင်္ဘောများသည် ထိုအရှင်မြတ်၏ အမိန့်တော်နှင့်ပင်လယ်သမုဒ္ဒရာ၌သွားလာအံ့သောငှာ၊ အသင်တို့၏အမိန့်ကိုလိုက်နာစေတော်မူခဲ့လေသည်။ ထိုနည်းတူစွာ ထိုအရှင်မြတ်သည် အသင်တို့အကျိုးငှာ၊ မြစ်ချောင်းများကိုလည်း နိုင်နှင်းစေတော်မူခဲ့၏။
وَسَخَّرَ لَكُمُ الشَّمْسَ وَالْقَمَرَ دَائِبَيْنِ ۖ وَسَخَّرَ لَكُمُ اللَّيْلَ وَالنَّهَارَ
၎င်းပြင် ထိုအရှင်မြတ်သည် သူရိယ နေကိုလည်းကောင်း၊ လ စန္ဒာ ကိုလည်းကောင်း၊ အမြဲ မပြတ်သွားလာစေလျက် အသင်တို့အကျိုးငှာ လိုက်နာ စေတော်မူခဲ့လေသည်။ ထိုနည်းတူစွာ ထိုအရှင်မြတ်သည် ညဉ့်ကိုလည်းကောင်း၊နေ့ကိုလည်းကောင်း၊ အသင်တို့အကျိုးငှာ အမိန့်ကို လိုက်နာစေတော်မူခဲ့ပေသတည်း။
وَآتَاكُمْ مِنْ كُلِّ مَا سَأَلْتُمُوهُ ۚ وَإِنْ تَعُدُّوا نِعْمَتَ اللَّهِ لَا تُحْصُوهَا ۗ إِنَّ الْإِنْسَانَ لَظَلُومٌ كَفَّارٌ
ထိုမှတစ်ပါး ထိုအရှင်မြတ်သည် အသင်တို့အားထိုအရှင်မြတ်အထံတော်၌ အသင်တို့ အသနားခံခဲ့ကြသည့်အရာအလုံးစုံတို့အနက်မှလည်း ချီးမြှင့်ပေးသ နားတော်မူခဲ့ပေသည်။ စင်စစ်သော်ကား အကယ်၍ အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော် (များ)ကို ရေတွက်ကြသည်ရှိသော်အသင်တို့သည် ယင်းကျေးဇူးတော်(များ)ကို ရေတွက်နိုင်ကြမည် မဟုတ်ပေ။ မလွဲဧကန် မနုဿလူသား(တို့)သည် အမှန်ပင် အလွန်မတရားသောသူ(များ)အလွန်ကျေးဇူးကန်းသူ(များ)ပင် ဖြစ်(ကြ)ပေသတည်း။
وَإِذْ قَالَ إِبْرَاهِيمُ رَبِّ اجْعَلْ هَٰذَا الْبَلَدَ آمِنًا وَاجْنُبْنِي وَبَنِيَّ أَنْ نَعْبُدَ الْأَصْنَامَ
၎င်းပြင်(ပြန်လည်၍သတိရကြလေကုန်)။ တစ်ရံရောအခါဝယ်(နဗီတမန်တော်)အီဗ်ရာဟီမ်သည်(အလ္လာဟ်အရှင်မြတ်အထံတော်၌ ဤသို့)လျှောက်ထား ပန်ကြားခဲ့လေသည်။အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၊အရှင်မြတ်သည် ဤမြို့ကို ငြိမ်းချမ်းသာယာသော မြို့အဖြစ်ပြုလုပ်ပေးသနားတော်မူပါ။ ထို့ပြင် အရှင်မြတ်သည် ကျွန်တော်မျိုးအားလည်းကောင်း၊ ကျွန်တော်မျိုး၏ သားများကိုလည်းကောင်း၊ ကျွန်တော်မျိုးတို့သည် ရုပ်ပွားဆင်းတုများကို မကိုးကွယ် မိကြရန် ကင်းဝေးစွာထားရှိတော်မူပါ။
رَبِّ إِنَّهُنَّ أَضْلَلْنَ كَثِيرًا مِنَ النَّاسِ ۖ فَمَنْ تَبِعَنِي فَإِنَّهُ مِنِّي ۖ وَمَنْ عَصَانِي فَإِنَّكَ غَفُورٌ رَحِيمٌ
အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်။ ဧကန်မလွဲ ယင်းရုပ်ပွားဆင်းတုများသည်များစွာသောသူတို့အား လမ်းလွဲစေခဲ့ကြ ကုန်၏။ သို့ဖြစ်ပေရာမည်သူမဆို ကျွန်တော်မျိုး၏ စကားကိုနာခံခဲ့ပါလျှင် ဧကန်စင်စစ် ထိုသူသည် ကျွန်တော်မျိုး၏ အုပ်စုအနက်မှ ဖြစ်ပါသည်။သို့ရာတွင် မည်သူမဆို ကျွန်တော်မျိုး၏ အမိန့်ကိုဖီဆန်ခဲ့ပါမူ၊အမှန်စင်စစ် အရှင်မြတ်သည် အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့်ပေးသနားတော်မူသောအရှင်၊ အလွန်တရာသနားကြင်နာညှာတာတော်မူတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပါသတည်း။

Choose other languages: