Quran Apps in many lanuages:

Surah Ibrahim Ayahs #39 Translated in Burmese

وَإِذْ قَالَ إِبْرَاهِيمُ رَبِّ اجْعَلْ هَٰذَا الْبَلَدَ آمِنًا وَاجْنُبْنِي وَبَنِيَّ أَنْ نَعْبُدَ الْأَصْنَامَ
၎င်းပြင်(ပြန်လည်၍သတိရကြလေကုန်)။ တစ်ရံရောအခါဝယ်(နဗီတမန်တော်)အီဗ်ရာဟီမ်သည်(အလ္လာဟ်အရှင်မြတ်အထံတော်၌ ဤသို့)လျှောက်ထား ပန်ကြားခဲ့လေသည်။အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၊အရှင်မြတ်သည် ဤမြို့ကို ငြိမ်းချမ်းသာယာသော မြို့အဖြစ်ပြုလုပ်ပေးသနားတော်မူပါ။ ထို့ပြင် အရှင်မြတ်သည် ကျွန်တော်မျိုးအားလည်းကောင်း၊ ကျွန်တော်မျိုး၏ သားများကိုလည်းကောင်း၊ ကျွန်တော်မျိုးတို့သည် ရုပ်ပွားဆင်းတုများကို မကိုးကွယ် မိကြရန် ကင်းဝေးစွာထားရှိတော်မူပါ။
رَبِّ إِنَّهُنَّ أَضْلَلْنَ كَثِيرًا مِنَ النَّاسِ ۖ فَمَنْ تَبِعَنِي فَإِنَّهُ مِنِّي ۖ وَمَنْ عَصَانِي فَإِنَّكَ غَفُورٌ رَحِيمٌ
အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်။ ဧကန်မလွဲ ယင်းရုပ်ပွားဆင်းတုများသည်များစွာသောသူတို့အား လမ်းလွဲစေခဲ့ကြ ကုန်၏။ သို့ဖြစ်ပေရာမည်သူမဆို ကျွန်တော်မျိုး၏ စကားကိုနာခံခဲ့ပါလျှင် ဧကန်စင်စစ် ထိုသူသည် ကျွန်တော်မျိုး၏ အုပ်စုအနက်မှ ဖြစ်ပါသည်။သို့ရာတွင် မည်သူမဆို ကျွန်တော်မျိုး၏ အမိန့်ကိုဖီဆန်ခဲ့ပါမူ၊အမှန်စင်စစ် အရှင်မြတ်သည် အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့်ပေးသနားတော်မူသောအရှင်၊ အလွန်တရာသနားကြင်နာညှာတာတော်မူတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပါသတည်း။
رَبَّنَا إِنِّي أَسْكَنْتُ مِنْ ذُرِّيَّتِي بِوَادٍ غَيْرِ ذِي زَرْعٍ عِنْدَ بَيْتِكَ الْمُحَرَّمِ رَبَّنَا لِيُقِيمُوا الصَّلَاةَ فَاجْعَلْ أَفْئِدَةً مِنَ النَّاسِ تَهْوِي إِلَيْهِمْ وَارْزُقْهُمْ مِنَ الثَّمَرَاتِ لَعَلَّهُمْ يَشْكُرُونَ
အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ ဧကန်အမှန် ကျွန်တော်မျိုးသည် မိမိသားသမီးအချို့ကို အရှင်မြတ်၏မြင့်မြတ်လှစွာ သောအိမ်တော်ပါးတွင် လယ်ယာကိုင်းကျွန်းမရှိသော တောင်ကြားဒေသတစ်ခု၌နေရာချထားခဲ့ပါသည်။အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူ တော်မူသောအရှင်မြတ်၊ (ကျွန်တော်မျိုးတို့သည် ၎င်းတို့အား ယင်းကဲ့သို့ နေရာချ၍ထားခဲ့ခြင်းမှာ) ၎င်းတို့သည်ဆွလာတ်ဝတ်ပြုမှုကို ဆောက်တည်ကြအံ့သောငှာ နေရာချ၍ထားခဲ့ခြင်းပင်)ဖြစ်ပါသည်။ သို့ဖြစ်ပေရာ အရှင်မြတ်သည် လူများ၏စိတ်နှလုံးများကို ၎င်းတို့ဘက်သို့ ယိမ်းညွှတ်အောင် ပြုလုပ်၍ပေးသနားတော်မူပါ။ ထို့ပြင် ၎င်းတို့သည် ကျေးဇူးတော်ကိုသိကြအံ့သောငှာ အရှင်မြတ်သည် ၎င်းတို့အားသစ်သီးဝလံများကို စားနပ်ရိက္ခာအဖြစ်ချီးမြှင့်တော်မူပါ။
رَبَّنَا إِنَّكَ تَعْلَمُ مَا نُخْفِي وَمَا نُعْلِنُ ۗ وَمَا يَخْفَىٰ عَلَى اللَّهِ مِنْ شَيْءٍ فِي الْأَرْضِ وَلَا فِي السَّمَاءِ
အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ အရှင်မြတ်သည် ကျွန်တော်မျိုးတို့ လျှို့ဝှက်ကြသော အချက်တို့ကိုလည်းကောင်း၊ ကျွန်တော်မျိုးတို့ ထင်ရှားစေကြကုန်သောအချက်တို့ကို လည်းကောင်း၊ သိရှိတော်မူပါ၏။စင်စစ်သော်ကား ပထဝီမြေ၌လည်းကောင်း၊ မိုးကောင်းကင်၌လည်းကောင်း၊ မည်သည့်တစ်စုံတစ်ရာမျှပင် အလ္လာဟ် အရှင်မြတ်အပေါ်၌ ဖုံးအုပ်လျက်အလျင်းမရှိပေ။
الْحَمْدُ لِلَّهِ الَّذِي وَهَبَ لِي عَلَى الْكِبَرِ إِسْمَاعِيلَ وَإِسْحَاقَ ۚ إِنَّ رَبِّي لَسَمِيعُ الدُّعَاءِ
ချီးမွမ်းထောပနာအပေါင်းတို့သည် အကြင်အလ္လာဟ်အရှင်မြတ်နှင့်သာ သက်ဆိုင်၏။ ထိုအရှင်မြတ် သည်ကျွန်တော်မျိုးအား အသက်အရွယ် အိုမင်းကြီး ရင့်ပါလျက်နှင့်ပင်(သားတော်)အီစ်မာအီလ်ကိုလည်းကောင်း၊ (သားတော်)အစ္စဟာက်ကိုလည်းကောင်း ချီးမြှင့်ပေးသနားတော်မူခဲ့၏။ဧကန်စင်စစ် ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် အမှန်ပင် ဆုတောင်းပတ္ထနာပြုခြင်းကိုအလွန်ကြားတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပါသတည်း။

Choose other languages: