Quran Apps in many lanuages:

Surah Ibrahim Ayahs #28 Translated in Burmese

أَلَمْ تَرَ كَيْفَ ضَرَبَ اللَّهُ مَثَلًا كَلِمَةً طَيِّبَةً كَشَجَرَةٍ طَيِّبَةٍ أَصْلُهَا ثَابِتٌ وَفَرْعُهَا فِي السَّمَاءِ
(အို-နဗီတမန်တော်) အလ္လာဟ်အရှင်မြတ်သည်စင်ကြယ်သန့်ရှင်းသောစကားကို မည်သို့ဥပမာခိုင်းနှိုင်းတော်မူခဲ့သည်ကို အသင်သည် မသိမမြင်လေသလော။ အလ္လာဟ်အရှင်မြတ်သည် ယင်းစကားကို ဥပမာခိုင်းနှိုင်းတော်မူသည်မှာ စင်ကြယ်သန့်ရှင်းသောထိုစကားသည်) အကြင် သန့်စင်သောသစ်ပင်တစ်ပင်နှင့်တူပေသည်။ ယင်းသစ်ပင်၏ အမြစ်ကား မြဲမြံခိုင်ခံ့၍ ၎င်း၏အကိုင်းအလက်တို့မှာမူကား ကောင်းကင်၌ ရှိနေကုန်၏။
تُؤْتِي أُكُلَهَا كُلَّ حِينٍ بِإِذْنِ رَبِّهَا ۗ وَيَضْرِبُ اللَّهُ الْأَمْثَالَ لِلنَّاسِ لَعَلَّهُمْ يَتَذَكَّرُونَ
ထိုသစ်ပင်သည် မိမိအား ပြုစုပျိုးထောင်တော်မူသောအရှင်မြတ်၏ အမိန့်တော်နှင့် မိမိ၏အသီးများကို ဥတုရာသီမရွေး၊ အခါခပ်သိမ်း ပေးလျက်ရှိနေပေသည်။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် လူတို့အဖို့ ၎င်းတို့ ဆင်ခြင်သုံးသပ် သိမြင်နိုင်အံ့သောငှာ ဥပမာ ပုံဆောင်ချက်များကိုခိုင်းနှိုင်း တော်မူပေသတည်း။
وَمَثَلُ كَلِمَةٍ خَبِيثَةٍ كَشَجَرَةٍ خَبِيثَةٍ اجْتُثَّتْ مِنْ فَوْقِ الْأَرْضِ مَا لَهَا مِنْ قَرَارٍ
သို့ရာတွင် ညစ်ညမ်းသောစကား၏ ဥပမာပုံဆောင်ချက်ကား အကြင်ညစ်ညမ်းသော သစ်ပင်တစ်ပင်ကဲ့သို့ပင်။ ထိုသစ်ပင်သည် မြေ၏အပေါ်ယံမှ နှုတ်ပစ်ခြင်းကို ခံခဲ့ရလေရာ၊ ၎င်း၌ မြဲမြံခိုင်ခံ့မှု အလျင်းမရှိချေ။
يُثَبِّتُ اللَّهُ الَّذِينَ آمَنُوا بِالْقَوْلِ الثَّابِتِ فِي الْحَيَاةِ الدُّنْيَا وَفِي الْآخِرَةِ ۖ وَيُضِلُّ اللَّهُ الظَّالِمِينَ ۚ وَيَفْعَلُ اللَّهُ مَا يَشَاءُ
အလ္လာဟ်အရှင်မြတ်သည် မုအ်မင်န်သက်ဝင်ယုံကြည်သူတို့အား ယင်းတည်တံ့ခိုင်မြဲသောစကားဖြင့် ပစ္စက္ခမျက်မှောက်လောကီဘဝ၌လည်းကောင်း၊ အာခိရတ် တမလွန်ဘဝ၌လည်းကောင်း တည်တံ့မြဲမြံစေတော်မူ၏။ သို့ရာတွင်မတရားသော(ကာဖိရ်) သူတို့ကိုမူကား အလ္လာဟ်အရှင်မြတ်ချွတ်ချော်တိမ်းပါးစေတော်မူ၏။ စင်စစ်မှာကား ထိုအရှင်မြတ်သည် မိမိ အလိုရှိတော်မူသောကိစ္စကို ပြုလုပ်ဆောင်ရွက်တော်မူချေသတည်း။
أَلَمْ تَرَ إِلَى الَّذِينَ بَدَّلُوا نِعْمَتَ اللَّهِ كُفْرًا وَأَحَلُّوا قَوْمَهُمْ دَارَ الْبَوَارِ
(အို-နဗီတမန်တော်၊) အသင်သည် အကြင်သူတို့အား မမြင်ခဲ့လေသလော။ ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်များကို သွေဖည်ငြင်းပယ်မှုနှင့် လဲလှယ်ခဲ့ကြကုန်သည်။ ၎င်းပြင် ထိုသူတို့သည် မိမိတု့ိ၏ အမျိုးသားတို့ကိုပျက်စီးရာဌာနသို့ဆွဲချ သက်ဆင်းစေခဲ့ကြကုန်သတည်း။

Choose other languages: