Quran Apps in many lanuages:

Surah Hud Ayahs #64 Translated in Burmese

وَأُتْبِعُوا فِي هَٰذِهِ الدُّنْيَا لَعْنَةً وَيَوْمَ الْقِيَامَةِ ۗ أَلَا إِنَّ عَادًا كَفَرُوا رَبَّهُمْ ۗ أَلَا بُعْدًا لِعَادٍ قَوْمِ هُودٍ
ထို့ပြင် ၎င်းတို့သည် ဤပစ္စုပ္ပန်မျက်မှောက်လောကီဘဝ၌လည်းကောင်း၊ ကိယာမတ်ရှင်ပြန်ထရမည့် နေ့တွင်လည်း ကောင်း၊ ကရုဏာတော်မှ ကင်းဝေးစေခြင်းကို(မိမိတို့)နောက်မှ ထက်ကြပ်မကွာလိုက်စေခြင်းကို ခံခဲ့ကြရလေသည်။သတိပြုကြလေကုန်။ ဧကန်မလွဲ အာဒ် အမျိုးသားတို့သည်မိမိတို့အရှင်မြတ်အား ငြင်းပယ်ခဲ့ကြလေသည်။ သတိပြုကြလေကုန်။ (နဗီတမန်တော်)ဟူဒ်၏အမျိုးသားများဖြစ်ကုန်သောအာဒ်အမျိုးသားတို့၌ (ကရုဏာတော်မှ)ကင်းဝေးခြင်းသည်ရှိစေသတည်း။
وَإِلَىٰ ثَمُودَ أَخَاهُمْ صَالِحًا ۚ قَالَ يَا قَوْمِ اعْبُدُوا اللَّهَ مَا لَكُمْ مِنْ إِلَٰهٍ غَيْرُهُ ۖ هُوَ أَنْشَأَكُمْ مِنَ الْأَرْضِ وَاسْتَعْمَرَكُمْ فِيهَا فَاسْتَغْفِرُوهُ ثُمَّ تُوبُوا إِلَيْهِ ۚ إِنَّ رَبِّي قَرِيبٌ مُجِيبٌ
ထိုနည်းတူစွာ (ငါအရှင်မြတ်သည်) ဆမူဒ်အမျိုးသားတို့ထံ ၎င်းတို့၏အစ်ကို (နဗီတမန်တော်)ဆွာလိဟ်အား(စေလွှတ်တော်မူလေသည်။) ထို(နဗီတမန်တော်) ဆွာလိဟ်သည်(မိမိအမျိုးသားတို့အား ဤသို့)ပြောဆိုဟောကြားခဲ့လေသည်။အို-ငါ၏အမျိုးသားတို့ အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကိုသာလျှင် ခဝပ်ကိုးကွယ် ဆည်းကပ်ကြလေကုန်။ ထိုအရှင်မြတ်မှတစ်ပါး အသင်တို့အဖို့ ကိုးကွယ်ဆည်းကပ်ရာအရှင်ဟူ၍အလျဉ်းမရှိချေ။ ထိုအရှင်မြတ်သည်ပင် အသင်တို့အား မြေမှဖြစ်ထွန်းစေတော်မူခဲ့လေသည်။ (စတင်ဖန်ဆင်း တော်မူခဲ့လေသည်)။ ၎င်းပြင် ထိုအရှင်မြတ်သည်ပင် အသင်တို့အားထိုမြေဝယ် နေထိုင်စေတော်မူခဲ့လေသည်။ သို့ဖြစ်ပေရာအသင်တို့သည် ထိုအရှင်မြတ်အထံတော်၌ ချမ်းသာခွင့်ကို ပန်ကြားကြလေကုန်။ ထို့နောက် အသင်တို့သည် ထိုအရှင်မြတ်ဘက်သို့သာ လှည့်ကြလေကုန်။ စင်စစ် ငါ၏အရှင်မြတ်သည်နီးကပ်တော်မူသောအရှင်၊ အကျိုး ပြန်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူချေသည်။
قَالُوا يَا صَالِحُ قَدْ كُنْتَ فِينَا مَرْجُوًّا قَبْلَ هَٰذَا ۖ أَتَنْهَانَا أَنْ نَعْبُدَ مَا يَعْبُدُ آبَاؤُنَا وَإِنَّنَا لَفِي شَكٍّ مِمَّا تَدْعُونَا إِلَيْهِ مُرِيبٍ
၎င်း(ဆမူဒ်အမျိုးသား)တို့က(ဤသို့) ပြောဆိုခဲ့ကြလေသည်။ အို- ဆွာလိဟ် ယခင်ကမူ ဧကန်အမှန် အသင်သည် ကျွန်ုပ်တို့တွင် မျှော်လင့်ချက် ထားရှိခြင်းခံရသူ(တစ်ဦး)ဖြစ်ခဲ့လေသည်။ (ယခုသော်ကား) အသင်သည် ကျွန်ုပ်တို့၏အဖ၊ ဘိုး၊ ဘေးများ၊ ကိုးကွယ်ဆည်းကပ်ကြကုန်သောဘုရားများကို ဆည်းကပ်ကိုးကွယ် ခဝပ်ခြင်းမပြုကြရန် ကျွန်ုပ်တို့အားတားမြစ်လေသလော။ စင်စစ်သော်ကား ဧကန်မလွဲ ကျွန်ုပ်တို့သည်အသင် ကျွန်ုပ်တို့အား(ယုံကြည်လိုက်နာရန် ဖိတ်ခေါ်လျက်ရှိသော တရားဓမ္မနှင့်စပ်လျဉ်း၍ ယုံမှားသံသယ ဖြစ်စေသောဒွိဟသံသယ၌ ရှိနေကြပေသတည်း။)
قَالَ يَا قَوْمِ أَرَأَيْتُمْ إِنْ كُنْتُ عَلَىٰ بَيِّنَةٍ مِنْ رَبِّي وَآتَانِي مِنْهُ رَحْمَةً فَمَنْ يَنْصُرُنِي مِنَ اللَّهِ إِنْ عَصَيْتُهُ ۖ فَمَا تَزِيدُونَنِي غَيْرَ تَخْسِيرٍ
ထို(နဗီတမန်တော် ဆွာလိဟ်)သည် (၎င်းတို့အားဤသို့) ပြန်ကြားခဲ့လေသည်။ အို-ငါ၏ အမျိုးသားတို့၊အကယ်၍ ငါသည် မိမိအရှင်မြတ် အထံတော်မှ ထင်ရှားစွာသော သက်သေခံအပေါ်၌ တည်ရှိနေသည့်ပြင် ထိုအရှင်မြတ်သည် ငါ့အား မိမိအထံတော်မှ တမန်တော်၏အဖြစ်ကို ချီးမြှင့်ပေးသနားတော်မူခဲ့ပါလျှင် အသင်တို့သည် မည်သို့ ယူဆကြမည်ကို ငါ့အား ပြောပြကြလေကုန်။ တစ်ဖန် အကယ်၍ ငါသည် အလ္လာဟ်အရှင်မြတ်၏(အမိန့်တော်)ကို ဖီဆန်ခဲ့ပါမူမည်သူသည် ငါ့အားထိုအရှင် မြတ်၏ပြစ်ဒဏ်မှ ကာကွယ်နိုင်မည်နည်း။ ထိုသို့ ဖြစ်ခဲ့လျှင် အသင်တို့သည် ငါ့အား ကျိုးယုတ်နစ်နာဆုံးရှုံးစေခြင်းမှတစ်ပါး အခြားတစ်စုံတစ်ရာကိုမျှ တိုးပွားစေနိုင်ကြမည် မဟုတ်ပေတကား။
وَيَا قَوْمِ هَٰذِهِ نَاقَةُ اللَّهِ لَكُمْ آيَةً فَذَرُوهَا تَأْكُلْ فِي أَرْضِ اللَّهِ وَلَا تَمَسُّوهَا بِسُوءٍ فَيَأْخُذَكُمْ عَذَابٌ قَرِيبٌ
၎င်းပြင် အို-ငါ၏အမျိုးသားတို့၊ အလ္လာဟ်အရှင်မြတ်၏ကုလားအုတ်မသည် အသင်တို့အဖို့ သက်သေလက္ခဏာတရပ်ပင်။ သို့ဖြစ်ပေရာ အသင် တို့သည် ထိုကုလားအုတ်မကိုအလ္လာဟ်အရှင်မြတ်၏ ပထဝီမြေ၌ စားသောက်နေထိုင်ရန်လွှတ်ထားကြလေကုန်။ ၎င်းပြင် အသင်တို့သည် ယင်းကုလားအုတ်မအား အကျိုးယုတ်စေသော ရည်ရွယ်ချက်ဖြင့် မထိကြကုန်လင့်။ ထိုသို့ပြုခဲ့ကြလျှင် ချက်ချင်း ဆိုက်ရောက်လာမည်ဖြစ်သောပြစ်ဒဏ်သည် အသင်တို့အား ဖမ်းဆီး (ကွပ်မျက်) အံ့သတည်း။

Choose other languages: