Quran Apps in many lanuages:

Surah Hud Ayahs #40 Translated in Burmese

وَأُوحِيَ إِلَىٰ نُوحٍ أَنَّهُ لَنْ يُؤْمِنَ مِنْ قَوْمِكَ إِلَّا مَنْ قَدْ آمَنَ فَلَا تَبْتَئِسْ بِمَا كَانُوا يَفْعَلُونَ
ထို့ပြင်(နဗီတမန်တော်) နူဟ်ထံ (ဤသို့)အမိန့်တော် ထုတ်ပြန်ခြင်းခံခဲ့ရလေသည်။ (အို-နူဟ်)ဧကန်စင်စစ်အသင်၏အမျိုးသားတို့သည် (၎င်းတို့အနက်) အီမာန်သက်ဝင်ယုံကြည်ပြီးဖြစ်သောသူတို့မှတစ်ပါး အီမာန်သက်ဝင်ယုံကြည်ကြတော့မည် မဟုတ်ပေ။ သို့ဖြစ်ပေရာ အသင်သည် ၎င်းတို့ပြုလုပ်လျက် ရှိကုန်သော ပြစ်မှုများနှင့်စပ်လျဉ်း၍ ပူပင်သောကမဖြစ်ပါလေနှင့်။
وَاصْنَعِ الْفُلْكَ بِأَعْيُنِنَا وَوَحْيِنَا وَلَا تُخَاطِبْنِي فِي الَّذِينَ ظَلَمُوا ۚ إِنَّهُمْ مُغْرَقُونَ
၎င်းပြင် အသင်သည် ငါအရှင်မြတ်၏ မျက်စိအောက်တွင် ငါအရှင်မြတ်၏အမိန့်တော်အရ သင်္ဘောကိုပြုလုပ်တည်ဆောက်ပါလေ။ ၎င်းပြင် အသင်သည်(မိမိတို့ကိုယ်ကိုမိမိတို့ပင်) နှိပ်စက်ကလူ ပြုကုန်သော သူတို့နှင့်ပတ်သက်၍ငါအရှင်မြတ်အထံတော်တွင် လျှောက်ထားပန်ကြားခြင်း မပြုပါလေနှင့်။ ဧကန်အမှန် ၎င်းတို့သည် နစ်မြုပ်ကြရမည့်သူများပင် ဖြစ်ကြကုန်သတည်း။
وَيَصْنَعُ الْفُلْكَ وَكُلَّمَا مَرَّ عَلَيْهِ مَلَأٌ مِنْ قَوْمِهِ سَخِرُوا مِنْهُ ۚ قَالَ إِنْ تَسْخَرُوا مِنَّا فَإِنَّا نَسْخَرُ مِنْكُمْ كَمَا تَسْخَرُونَ
ထို့နောက် ထို(နဗီတမန်တော်နူဟ်)သည်သင်္ဘောကို ပြုလုပ်တည်ဆောက်လေ၏။ ၎င်းပြင်၊ ထို(နဗီတမန်တော်နူဟ်)၏ အမျိုးသားတို့အနက်မှ လူတစ်စုသည် ထို(နဗီတမန်တော်နူဟ်)ထံ ဖြတ်သန်းသွားလာကြတိုင်း ထို(နဗီတမန်တော်နူဟ်)အား ပြက်ရယ်ပြုလေ့ရှိကြကုန်၏။ ထိုအခါ(နဗီတမန်တော် နူဟ်)ကအကယ်၍ သင်တို့သည် ငါတို့အားပြက်ရယ် ပြုကြပါလျှင် ကျွန်ုပ်တို့သည်လည်း အသင်တို့အားအသင်တို့ ပြက်ရယ်ပြုကြသကဲ့သို့ပင် ပြက်ရယ်ပြု ကြပေမည်ဖြစ်သတည်း။
فَسَوْفَ تَعْلَمُونَ مَنْ يَأْتِيهِ عَذَابٌ يُخْزِيهِ وَيَحِلُّ عَلَيْهِ عَذَابٌ مُقِيمٌ
သို့ဖြစ်ပေရာ မည်သူ့ထံ ထိုသူအား (ဤပစ္စက္ခဘဝ၌) အရှက်တကွဲ အကျိုးနည်းဖြစ်စေသောပြစ်ဒဏ်သည်ရောက်လာမည်ကိုလည်းကောင်း၊ ထိုသူအပေါ်(နောင်တမလွန်ဘဝ၌ ထာဝစဉ်တည်မြဲသော ပြစ်ဒဏ်သက်ရောက်မည်ကိုလည်းကောင်း၊ အသင်တို့သည် မကြာမြင့်မီပင် သိရှိကြပေမည်။)
حَتَّىٰ إِذَا جَاءَ أَمْرُنَا وَفَارَ التَّنُّورُ قُلْنَا احْمِلْ فِيهَا مِنْ كُلٍّ زَوْجَيْنِ اثْنَيْنِ وَأَهْلَكَ إِلَّا مَنْ سَبَقَ عَلَيْهِ الْقَوْلُ وَمَنْ آمَنَ ۚ وَمَا آمَنَ مَعَهُ إِلَّا قَلِيلٌ
အဆုံးတွင် ငါအရှင်မြတ်၏ အမိန့်တော်သည်ရောက်ရှိလာခဲ့ရာ မုန့်ဖိုသည် ဆူပွက်လာသည်။ (ထိုအခါ)ငါအရှင်မြတ်သည် (နဗီတမန်တော်နူဟ်အား ဤသို့)မိန့်ကြားတော်မူခဲ့လေသည်။ (အို-နဗီတမန်တော်နူဟ်) အသင်သည် အမျိုးအစားအသီးသီးတို့မှ တစ်စုံစီကိုလည်းကောင်း၊ မိမိအိမ်သူအိမ်သားတို့အနက် အကြင်သူမှတစ်ပါး ထိုသူနှင့်ပတ်သက်၍ အမိန့်တော်ထုတ်ပြန်ခဲ့ပြီးဖြစ်၏။ ကျန်အိမ်သူအိမ် သားတို့ကိုလည်းကောင်း၊ အီမာန် သက်ဝင်ယုံကြည်ခဲ့သောသူတို့အားလည်းကောင်း၊ ထိုသင်္ဘောပေါ်သို့ တင်ဆောင်ပါလေ။ စင်စစ်သော်ကား ထို(နဗီတမန် တော်နူဟ်)နှင့်အတူ အနည်းငယ်မျှသောသူတို့သာလျှင် သက်ဝင်ယုံကြည်ခဲ့ကြကုန်သတည်း။

Choose other languages: