Quran Apps in many lanuages:

Surah Hud Ayahs #38 Translated in Burmese

وَلَا يَنْفَعُكُمْ نُصْحِي إِنْ أَرَدْتُ أَنْ أَنْصَحَ لَكُمْ إِنْ كَانَ اللَّهُ يُرِيدُ أَنْ يُغْوِيَكُمْ ۚ هُوَ رَبُّكُمْ وَإِلَيْهِ تُرْجَعُونَ
စင်စစ်မှာမူကား အကယ်၍ အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား လမ်းမှားစေတော်မူရန် ရည်စူးတော်မူခဲ့ပါလျှင် ငါသည် အသင်တို့အဖို့(မည်မျှပင်) ကောင်းကျိုးဆောင်ရန် ရည်စူးသော်ငြားလည်း ငါ၏ ကောင်းကျိုးဆောင်မှုသည် အသင်တို့အား အကျိုးဖြစ်စေနိုင်လိမ့်မည်မဟုတ်ပေ။ထိုအရှင်မြတ်သည်ပင် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်ဖြစ်တော်မူ၏။ တစ်ဖန် အသင်တို့သည် ထိုအရှင်မြတ်အထံတော်သို့ပင် ပြန်ကြရကုန်အံ့။
أَمْ يَقُولُونَ افْتَرَاهُ ۖ قُلْ إِنِ افْتَرَيْتُهُ فَعَلَيَّ إِجْرَامِي وَأَنَا بَرِيءٌ مِمَّا تُجْرِمُونَ
၎င်းတို့က ထို(နဗီတမန်တော် မုဟမ္မဒ်)သည်ယင်း(ကုရ်အာန်)ကို လီဆယ်ဖန်တီးခဲ့သည်ဟု ပြောဆိုကြလေသလော။ (အို-နဗီတမန်တော်) အသင်သည်(၎င်းတို့အား ဤသို့) ပြောဆိုဖြေကြားပါလေ။ (ဟယ်-အချင်းတို့) ထိုသို့ဖြစ်ခဲ့ပါမူငါ၏အပြစ်သည် ငါ၏ အပေါ်၌သာလျှင် ရှိပေမည်။ သို့ရာတွင် ငါသည် အသင်တို့ ကျူးလွန်လျက်ရှိကုန်သော ပြစ်မှုများမှလွတ်ကင်းသူဖြစ်သည်။
وَأُوحِيَ إِلَىٰ نُوحٍ أَنَّهُ لَنْ يُؤْمِنَ مِنْ قَوْمِكَ إِلَّا مَنْ قَدْ آمَنَ فَلَا تَبْتَئِسْ بِمَا كَانُوا يَفْعَلُونَ
ထို့ပြင်(နဗီတမန်တော်) နူဟ်ထံ (ဤသို့)အမိန့်တော် ထုတ်ပြန်ခြင်းခံခဲ့ရလေသည်။ (အို-နူဟ်)ဧကန်စင်စစ်အသင်၏အမျိုးသားတို့သည် (၎င်းတို့အနက်) အီမာန်သက်ဝင်ယုံကြည်ပြီးဖြစ်သောသူတို့မှတစ်ပါး အီမာန်သက်ဝင်ယုံကြည်ကြတော့မည် မဟုတ်ပေ။ သို့ဖြစ်ပေရာ အသင်သည် ၎င်းတို့ပြုလုပ်လျက် ရှိကုန်သော ပြစ်မှုများနှင့်စပ်လျဉ်း၍ ပူပင်သောကမဖြစ်ပါလေနှင့်။
وَاصْنَعِ الْفُلْكَ بِأَعْيُنِنَا وَوَحْيِنَا وَلَا تُخَاطِبْنِي فِي الَّذِينَ ظَلَمُوا ۚ إِنَّهُمْ مُغْرَقُونَ
၎င်းပြင် အသင်သည် ငါအရှင်မြတ်၏ မျက်စိအောက်တွင် ငါအရှင်မြတ်၏အမိန့်တော်အရ သင်္ဘောကိုပြုလုပ်တည်ဆောက်ပါလေ။ ၎င်းပြင် အသင်သည်(မိမိတို့ကိုယ်ကိုမိမိတို့ပင်) နှိပ်စက်ကလူ ပြုကုန်သော သူတို့နှင့်ပတ်သက်၍ငါအရှင်မြတ်အထံတော်တွင် လျှောက်ထားပန်ကြားခြင်း မပြုပါလေနှင့်။ ဧကန်အမှန် ၎င်းတို့သည် နစ်မြုပ်ကြရမည့်သူများပင် ဖြစ်ကြကုန်သတည်း။
وَيَصْنَعُ الْفُلْكَ وَكُلَّمَا مَرَّ عَلَيْهِ مَلَأٌ مِنْ قَوْمِهِ سَخِرُوا مِنْهُ ۚ قَالَ إِنْ تَسْخَرُوا مِنَّا فَإِنَّا نَسْخَرُ مِنْكُمْ كَمَا تَسْخَرُونَ
ထို့နောက် ထို(နဗီတမန်တော်နူဟ်)သည်သင်္ဘောကို ပြုလုပ်တည်ဆောက်လေ၏။ ၎င်းပြင်၊ ထို(နဗီတမန်တော်နူဟ်)၏ အမျိုးသားတို့အနက်မှ လူတစ်စုသည် ထို(နဗီတမန်တော်နူဟ်)ထံ ဖြတ်သန်းသွားလာကြတိုင်း ထို(နဗီတမန်တော်နူဟ်)အား ပြက်ရယ်ပြုလေ့ရှိကြကုန်၏။ ထိုအခါ(နဗီတမန်တော် နူဟ်)ကအကယ်၍ သင်တို့သည် ငါတို့အားပြက်ရယ် ပြုကြပါလျှင် ကျွန်ုပ်တို့သည်လည်း အသင်တို့အားအသင်တို့ ပြက်ရယ်ပြုကြသကဲ့သို့ပင် ပြက်ရယ်ပြု ကြပေမည်ဖြစ်သတည်း။

Choose other languages: