Quran Apps in many lanuages:

Surah Hud Ayahs #16 Translated in Burmese

فَلَعَلَّكَ تَارِكٌ بَعْضَ مَا يُوحَىٰ إِلَيْكَ وَضَائِقٌ بِهِ صَدْرُكَ أَنْ يَقُولُوا لَوْلَا أُنْزِلَ عَلَيْهِ كَنْزٌ أَوْ جَاءَ مَعَهُ مَلَكٌ ۚ إِنَّمَا أَنْتَ نَذِيرٌ ۚ وَاللَّهُ عَلَىٰ كُلِّ شَيْءٍ وَكِيلٌ
သို့ဖြစ်ပေရာ အသင်သည် မိမိထံတော်သို့ပို့တော်မူခြင်းခံရသော အမိန့်တော်များအနက် အချို့ အမိန့်တော်များကို စွန့်လွှတ်ခြင်းမဖြစ်တန်ရာ၊ ၎င်းပြင် ထိုသူများက ယင်း(တမန်တော်)၏ အပေါ်၌ ရွှေငွေဘဏ္ဍာသည် အဘယ်ကြောင့်ချပေးခြင်းမခံရလေသနည်း။ သို့တည်းမဟုတ် ယင်း(တမန်တော်)နှင့်အတူ ကောင်းကင်တမန်တစ်ပါးသည် အဘယ်ကြောင့်မလာသနည်း၊ ဟုပြောဆိုကြ သောကြောင့် အသင်၏စိတ်သည် ကျဉ်းကြပ်လျက်ရှိနေပါသလော။ အသင်ကား သတိပေးသူမျှသာဖြစ်ချေသည်။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သာလျှင် အရာခပ်သိမ်းတို့နှင့်စပ်လျဉ်း၍ တာဝန်ယူ ထိန်းသိမ်းတော်မူသောအရှင် ဖြစ်တော်မူပေသည်။
أَمْ يَقُولُونَ افْتَرَاهُ ۖ قُلْ فَأْتُوا بِعَشْرِ سُوَرٍ مِثْلِهِ مُفْتَرَيَاتٍ وَادْعُوا مَنِ اسْتَطَعْتُمْ مِنْ دُونِ اللَّهِ إِنْ كُنْتُمْ صَادِقِينَ
၎င်းတို့က ယင်း(နဗီတမန်တော်)သည် ထို (ကုရ်အာန်)ကို လီဆယ်ဖန်တီးခဲ့သည်ဟု ပြောဆိုကြ လေသလော။(အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အား) သို့ဖြစ်လျှင်အသင်တို့သည် ထိုကုရ်အာန်ကျမ်းလာ စူရဟ်ကဏ္ဍကဲ့သို့ လီဆယ်ဖန်တီးထားသော စူရဟ်ကဏ္ဍဆယ်ခုကိုပင် ယူဆောင်ခဲ့ကြလေကုန်။ ၎င်းပြင် အကယ်၍ အသင်တို့သည် သစ္စာဝါဒီမှန်ကန်စွာပြောဆိုသူများ ဖြစ်ကြပါလျှင် အလ္လာဟ် အရှင်မြတ်မှတစ်ပါး မိမိတို့တတ်စွမ်းနိုင်သောသူများ ကိုလည်း အသင်တို့ခေါ်ခဲ့ကြလေကုန်ဟု ပြောကြားပါလေ။
فَإِلَّمْ يَسْتَجِيبُوا لَكُمْ فَاعْلَمُوا أَنَّمَا أُنْزِلَ بِعِلْمِ اللَّهِ وَأَنْ لَا إِلَٰهَ إِلَّا هُوَ ۖ فَهَلْ أَنْتُمْ مُسْلِمُونَ
တဖန် အကယ်၍ ၎င်းတို့သည် အသင်တို့ (ပြောဆိုကြသည်)ကို ဖြေဆိုခြင်း မပြုခဲ့ကြပါလျှင် (ဤကုရ်အာန်ကျမ်းတော်မြတ်သည်) အလ္လာဟ်အရှင်မြတ်၏အသိပညာဖြင့် ချပေးသနားတော်မူခြင်းခံခဲ့ရသည်သာလျှင် ဖြစ်ကြောင်းကိုလည်းကောင်း၊ ထိုအရှင်မြတ်မှတစ်ပါး ခဝပ်ကိုးကွယ်ရာအရှင်ဟူ၍အလျှင်း မရှိကြောင်းကိုလည်းကောင်း၊ အသင်တို့ ကောင်းစွာယုံကြည်ကြလေကုန်။ သို့ဖြစ်ပေရာ ယခုအသင်တို့သည် မုစ်လင်မ် အမိန့်တော်ကို လိုက်နာသောသူများ ဖြစ်ကြပြီလော။
مَنْ كَانَ يُرِيدُ الْحَيَاةَ الدُّنْيَا وَزِينَتَهَا نُوَفِّ إِلَيْهِمْ أَعْمَالَهُمْ فِيهَا وَهُمْ فِيهَا لَا يُبْخَسُونَ
မည်သူမဆိုလောကီဘဝကိုလည်းကောင်း၊ယင်းလောကီဘဝ၏ (ပကာသနဖြစ်သော) လှပ တင့်တယ်မှုကိုလည်းကောင်း၊ ရည်စူးပါလျှငငါ အရှင်မြတ်သည် ထိုကဲ့သို့သောသူတို့အား ၎င်းတို့၏ ကျင့်မူဆောင်ရွက်ချက်များ၏(အကျိုး)ကိုဤလောကီ ဘဝ၌ပင် အပြည့်ပေးတော်မူလေသည်။ ထို့ပြင်၎င်း တို့သည် ဤလောကီဘဝတွင် (အနည်းငယ်မျှပင်) ယုတ်လျော့စေခြင်းကို ခံကြရသည်မရှိချေ။
أُولَٰئِكَ الَّذِينَ لَيْسَ لَهُمْ فِي الْآخِرَةِ إِلَّا النَّارُ ۖ وَحَبِطَ مَا صَنَعُوا فِيهَا وَبَاطِلٌ مَا كَانُوا يَعْمَلُونَ
ဤသူများသည် အကြင်သူများပင်တည်း။ ထိုသူတို့အဖို့ နောင်တမလွန်ဘဝတွင် ငရဲမီးမှအပ အခြားတစ်စုံတစ်ရာမျှပင် (အကျိုးခံစားခွင့်) ရှိလိမ့် မည်မဟုတ်ပေ။ ထို့ပြင်၎င်းတို့ပြုလုပ်သမျှတို့သည် အချည်းနှီးပင်ဖြစ်သည့်ပြင် ၎င်းတို့ကျင့်မူဆောင်ရွက် ခဲ့သမျှတို့သည်လည်း နောင်တမလွန်ဘဝတွင် အကျိုးမဲ့ ဖြစ်လိမ့်မည်သာတည်း။

Choose other languages: