Quran Apps in many lanuages:

Surah Hud Ayahs #115 Translated in Burmese

وَإِنَّ كُلًّا لَمَّا لَيُوَفِّيَنَّهُمْ رَبُّكَ أَعْمَالَهُمْ ۚ إِنَّهُ بِمَا يَعْمَلُونَ خَبِيرٌ
၎င်းပြင် (ထိုသူတို့အနက်) အသီးသီးတို့သည်အကြင်သူများပင် အသင့်အား ဖန်ဆင်းမွေးမြူတော် မူသောအရှင်မြတ်သည် အချိန်ကျရောက်သောအခါ ထိုသူတို့၏ အပြုအမူများ(၏အစား)ကို အပြည့်ပေးတော်မူမည်။ ဧကန်အမှန်ထိုအရှင်မြတ်သည် ၎င်းတို့ ပြုမူကြသည်တို့ကို အကြွင်းမဲ့သိမြင်တော် မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
فَاسْتَقِمْ كَمَا أُمِرْتَ وَمَنْ تَابَ مَعَكَ وَلَا تَطْغَوْا ۚ إِنَّهُ بِمَا تَعْمَلُونَ بَصِيرٌ
သို့ဖြစ်ပေရာ အသင်သည်လည်းကောင်း၊ ဝန်ချတောင်းပန်ပြီး အသင်နှင့်အတူရှိနေသူများသည် လည်းကောင်း၊အသင့်အမိန့်တော် ကျရောက်သည့်အတိုင်း ဖြောင့်မတ်တည်ကြည်စွာရှိကြလေကုန်။ ထို့ပြင် အသင်တို့သည် ကျူးလွန်ခြင်းမပြုကြ ကုန်လင့်။ ဧကန်မလွဲ ထိုအရှင်မြတ်သည် အသင်တို့ပြုမူသမျှတို့ကို ကောင်းစွာ မြင်တော်မူသော အရှင်မြတ်ပင်ဖြစ်တော်မူပေသတည်း။
وَلَا تَرْكَنُوا إِلَى الَّذِينَ ظَلَمُوا فَتَمَسَّكُمُ النَّارُ وَمَا لَكُمْ مِنْ دُونِ اللَّهِ مِنْ أَوْلِيَاءَ ثُمَّ لَا تُنْصَرُونَ
ထိုမှတစ်ပါး အသင်တို့သည် (မိမိတို့ကိုယ်ကို မိမိတို့ပင်)ညှဉ်းပန်းနှိပ်စက်ကြကုန်သော သူတို့အပေါ် ဝယ် ယုံကြည်စိတ်ချအားထားခြင်း မပြုကြကုန်လင့်။ သို့(ယုံကြည်စိတ်ချအားထားကြ)ပါလျှင် အသင်တို့၌ ငရဲမီး(ဘေး)သည် ထိရောက်ပေမည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်မှတစ်ပါး အသင်တို့အဖို့ အဆွေခင်ပွန်း တစ်ဦးတစ်ယောက်မျှပင် ရှိလိမ့်မည်မဟုတ်ပေ။ ထို့နောက် အသင်တို့သည် ကူညီမှိုင်းမခြင်းကိုလည်း ခံကြရမည်မဟုတ်ပေတကား။
وَأَقِمِ الصَّلَاةَ طَرَفَيِ النَّهَارِ وَزُلَفًا مِنَ اللَّيْلِ ۚ إِنَّ الْحَسَنَاتِ يُذْهِبْنَ السَّيِّئَاتِ ۚ ذَٰلِكَ ذِكْرَىٰ لِلذَّاكِرِينَ
၎င်းပြင် အသင်သည် ဆွလာတ်ဝတ်ပြုမှုကိုနေ့၏နှစ်ဖက်အစွန်း၌လည်းကောင်း၊ ည၏အစိတ်အပိုင်းများ၌လည်းကောင်း၊ ဆောက်တည်ပါလေ။ (မလွဲဧကန် ကောင်းမှုသုစရိုက်များသည် မကောင်းမှုဒုစရိုက်များကို ပပျောက်စေကုန်၏။) ဤကား ဆုံးမဩဝါဒကို နာခံသူများအဖို့ ဆုံးမဩဝါဒပင် ဖြစ်ချေသတည်း။
وَاصْبِرْ فَإِنَّ اللَّهَ لَا يُضِيعُ أَجْرَ الْمُحْسِنِينَ
ထို့ပြင် အသင်သည် သည်းခံပါလေ။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ကောင်းမှုပြုကုန်သော သူတော်စင်တို့၏အကျိုးကို အချည်းနှီး ဆုံးရှုံး စေတော်မူသည်မဟုတ်ပေ။

Choose other languages: